အာဆင်နယ်အသင်းရဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲကို ဒေးဗစ်လုဇ်ဒဏ်ရာကြောင့် လွဲချော်မှာ ဖြစ်လို့ ဆာလီဘာ ပထမဆုံးပါဝင်ကစားမယ့်

အာဆင်နယ်နောက်ခံလူ ဒေးဗစ်လုဇ်ဒဏ်ရာကြောင့် ပရီးမီးယားလိဂ်အဖွင့်ပွဲကို လွဲချော်မှာဖြစ်လို့ ဆာလီဘာ ပါဝင်ကစားဖွယ်ရှိနေတယ်လို့ သိရပါတယ်။ အာတီတာရဲ့ အတွေ့အကြုံရင့် ဝါရင့်နောက်ခံလူ ဒေးဗစ်လုဇ်ဟာ စနေနေ့ ဖူဟမ်အသင်းနဲ့ ပွဲမှာ လည်ပင်းဒဏ်ရာကြောင့် လွဲချော်ဖွယ်ရှိနေတာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းရဲ့ ဆေးအဖွဲ့က ဗုဒ္ဓဟူးနေ့ပြောကြားချက်အရ အသက် ၃၃ နှစ်အရွယ် ဒေးဗစ်လုဇ်ဟာ အနည်းဆုံး (၄) ပတ်လောက် လွဲချော်ရဖွယ်ရှိတယ်လို့ သိရပါတယ်။

ဒေးဗစ်လုဇ်ဟာ လီဗာပူးလ်အသင်းကို အနိုင်ရခဲ့တဲ့ ကွန်မြူနတီဒိုင်းပြိုင်ပွဲမှာ အာဆင်နယ်အသင်းရဲ့ နောက်တန်း (၃) ယောက်အတွဲမှာ ဟိုလ်းဒင်း ၊ တီယာနေးတို့ နဲ့ တွဲဖက်ကစားခဲ့သူဖြစ်ပါတယ်။ ဒေးဗစ်လုဇ်မပါဝင်နိုင်လို့ ပြီးခဲ့တဲ့ရာသီက စိန့်အက်တီယန်အသင်းကနေ ပေါင် ၂၇ သန်းနဲ့ ခေါ်ယူပြီး ပြန်လည် အငှားချထားလိုက်တဲ့ ဆာလီဘာအတွက် ကစားခွင့်ရဖွယ်ရှိနေပါတယ်။

ဆာလီဘာဟာ ပြီးခဲ့တဲ့ ရာသီကုန်ကတည်းက အာဆင်နယ်အသင်းမှာ လာရောက် လေ့ကျင့်ခန်းဆင်းနေသူဖြစ်ပြီး ရာသီကြို ခြေစမ်းပွဲတွေမှာ ကစားခဲ့သူလည်း ဖြစ်ပါတယ်။ ဟိုးလ်ဒင်းကလည်း အာတီတာရဲ့ သဘောကျမှုကို ခံရထားလို့ ပါဝင်လာဖွယ်ရှိပြီး အစောပိုင်းတုန်းက အသက် ၂၄ နှစ်အရွယ်ကစားသမားကို နယူးကာဆယ်အသင်းထံ အငှားချရန် စီစဉ်ခဲ့ပါသေးတယ်။

အာဆင်နယ်အသင်းဟာ နွေအပြောင်းအရွှေ့ရာသီမှာ ခေါ်ယူထားတဲ့ ဂါဘရီရယ်လ်လည်း ပါဝင်လာဖွယ်ရှိနေတာဖြစ်ပါတယ်။ အာတီတာရဲ့ နောက်ထပ် ဗဟိုနောက်ခံလူ ရွေးချယ်စရာတွေကတော့ မူစတာဖီ၊ ပါဘလိုမာရီ တို့က ဒဏ်ရာကြောင့် မပါနိုင်လို့ ချမ်ဘာစ် တစ်ယောက်ပဲ ရှိနေပါတယ်။ နာပိုလီအသင်းက အလိုရှိနေတဲ့ ဆိုခရာ့တစ်ကတော့ ကစားခွင့်ရမှာ မဟုတ်ဘူးဖြစ်ပါတယ်။

အာဆင္နယ္အသင္းရဲ႕ ပရီးမီးယားလိဂ္အဖြင့္ပြဲကို ေဒးဗစ္လုဇ္ဒဏ္ရာေၾကာင့္ လြဲေခ်ာ္မွာ ျဖစ္လို႔ ဆာလီဘာ ပထမဆံုးပါ၀င္ကစားမယ့္

အာဆင္နယ္ေနာက္ခံလူ ေဒးဗစ္လုဇ္ဒဏ္ရာေၾကာင့္ ပရီးမီးယားလိဂ္အဖြင့္ပြဲကို လြဲေခ်ာ္မွာျဖစ္လို႔ ဆာလီဘာ ပါ၀င္ကစားဖြယ္ရွိေနတယ္လို႔ သိရပါတယ္။ အာတီတာရဲ႕ အေတြ႕အၾကံဳရင့္ ၀ါရင့္ေနာက္ခံလူ ေဒးဗစ္လုဇ္ဟာ စေနေန႔ ဖူဟမ္အသင္းနဲ႔ ပြဲမွာ လည္ပင္းဒဏ္ရာေၾကာင့္ လြဲေခ်ာ္ဖြယ္ရွိေနတာ ျဖစ္ပါတယ္။ အာဆင္နယ္အသင္းရဲ႕ ေဆးအဖြဲ႕က ဗုဒၶဟူးေန႔ေျပာၾကားခ်က္အရ အသက္ ၃၃ ႏွစ္အရြယ္ ေဒးဗစ္လုဇ္ဟာ အနည္းဆံုး (၄) ပတ္ေလာက္ လြဲေခ်ာ္ရဖြယ္ရွိတယ္လို႔ သိရပါတယ္။

ေဒးဗစ္လုဇ္ဟာ လီဗာပူးလ္အသင္းကို အႏိုင္ရခဲ့တဲ့ ကြန္ျမဴနတီဒိုင္းျပိဳင္ပြဲမွာ အာဆင္နယ္အသင္းရဲ႕ ေနာက္တန္း (၃) ေယာက္အတြဲမွာ ဟိုလ္းဒင္း ၊ တီယာေနးတို႔ နဲ႔ တြဲဖက္ကစားခဲ့သူျဖစ္ပါတယ္။ ေဒးဗစ္လုဇ္မပါ၀င္ႏိုင္လို႔ ျပီးခဲ့တဲ့ရာသီက စိန္႔အက္တီယန္အသင္းကေန ေပါင္ ၂၇ သန္းနဲ႔ ေခၚယူျပီး ျပန္လည္ အငွားခ်ထားလိုက္တဲ့ ဆာလီဘာအတြက္ ကစားခြင့္ရဖြယ္ရွိေနပါတယ္။

ဆာလီဘာဟာ ျပီးခဲ့တဲ့ ရာသီကုန္ကတည္းက အာဆင္နယ္အသင္းမွာ လာေရာက္ ေလ့က်င့္ခန္းဆင္းေနသူျဖစ္ျပီး ရာသီၾကိဳ ေျခစမ္းပြဲေတြမွာ ကစားခဲ့သူလည္း ျဖစ္ပါတယ္။ ဟိုးလ္ဒင္းကလည္း အာတီတာရဲ႕ သေဘာက်မႈကို ခံရထားလို႔ ပါ၀င္လာဖြယ္ရွိျပီး အေစာပိုင္းတုနး္က အသက္ ၂၄ ႏွစ္အရြယ္ကစားသမားကို နယူးကာဆယ္အသင္းထံ အငွားခ်ရန္ စီစဥ္ခဲ့ပါေသးတယ္။

အာဆင္နယ္အသင္းဟာ ေႏြအေျပာင္းအေရႊ႕ရာသီမွာ ေခၚယူထားတဲ့ ဂါဘရီရယ္လ္လည္း ပါ၀င္လာဖြယ္ရွိေနတာျဖစ္ပါတယ္။ အာတီတာရဲ႕ ေနာက္ထပ္ ဗဟိုေနာက္ခံလူ ေရြးခ်ယ္စရာေတြကေတာ့ မူစတာဖီ၊ ပါဘလိုမာရီ တုိ႔က ဒဏ္ရာေၾကာင့္ မပါႏိုင္လို႔ ခ်မ္ဘာစ္ တစ္ေယာက္ပဲ ရွိေနပါတယ္။ နာပိုလီအသင္းက အလိုရွိေနတဲ့ ဆိုခရာ႔တစ္ကေတာ့ ကစားခြင့္ရမွာ မဟုတ္ဘူးျဖစ္ပါတယ္။