ဝုလ်ဗ်အသင်းက သတ်မှတ်လိုက်တဲ့ ပြောင်းရွှေ့ကြေးကြောင့် အဒမ်မာ ထရာအိုရေးကို ခေါ်ယူရန် လက်လျော့လိုက်တဲ့ လီဗာပူးလ်အသင်း

လီဗာပူးလ်အသင်းဟာ အဒမ်မာထရာအိုရေးအတွက် ဝုလ်ဗ်အသင်းက တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးကြောင့် ဒီနွေရာသီမှာ ခေါ်ယူဖွယ်မရှိဘူးလို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ဘာစီလိုနာ လူငယ်ကစားသမားဟောင်းဟာ ၂၀၁၉-၂၀ ဘောလုံးရာသီမှာ ဝုလ်ဗ်အသင်းအတွက် ခြေစွမ်းပြကစားပေးကာ ပြိုင်ပွဲစုံ (၅၄) ပွဲမှာ (၆) ဂိုးသွင်း (၁၂) ဂိုးဖန်တီးပေးထားသူလည်း ဖြစ်ပါတယ်။ အသင်းရဲ့ တိုက်စစ်အင်အားကို ဖြည့်တင်းချင်နေတဲ့ လီဗာပူးလ် နဲ့ မန်စီးတီးတို့ (၂) သင်းစလုံးဟာ ဒီနွေရာသီအပြောင်းအရွှေ့မှာ အသက် ၂၄ နှစ်အရွယ်ကစားသမားကို ခေါ်ယူရန် စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

သို့သော်လည်း သတင်းများအရ ပရီးမီးယားလိဂ် ချန်ပီယံအသင်းဟာ ဝုလ်ဗ်အသင်းက သတ်မှတ်လိုက်တဲ့ တန်ကြေး ယူရိုသန်း ၇၀ ကြောင့် လက်လျော့လိုက်ပြီ ဖြစ်ပါတယ်။ဂျူဗင်တပ်စ်အသင်းကိုလည်း စပိန်ကစားသမားကို ခေါ်ယူရန် အခွင့်အရေးပေးခဲ့ပေမယ့် အီတလီစီးရီးအေ ချန်ပီယံအသင်းဟာ အင်္ဂလိပ် ကလပ်အသင်းက သတ်မှတ်ထားတဲ့ တန်ကြေးကို မပေးချင်ဘူးလို့ သိရပါတယ်။ အဒမ်မာထရာအိုရေးရဲ့ ဝုလ်ဗ်အသင်းနဲ့ စာချုပ်သက်တမ်းဟာ ၂၀၂၃ ခုနှစ်အထိ ကျန်ရှိသေးတာ ဖြစ်ပါတယ်။

ဝုဗ်အသင်းရဲ့နည်းပြဖြစ်သူ နူနိုအက်စ်ပီရီတို က လာမယ့် အပြောင်းအရွှေ့ရာသီမှာ အသင်းရဲ့ဝါရင့်တိုက်စစ်မှူး ထရာအိုရေး ဟာ အသင်းမှာ ဆက်ရှိနေမလား ထွက်ခွာသွားနိုင်မလားဆိုတဲ့အပေါ်မှာ သူလည်းမပြောနိုင်သေးဘူးလို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

နည်းပြ နူနို က ထရာအိုရေး ရဲ့အပြောင်းအရွှေ့ကိစ္စနဲ့ပတ်သက်ပြီး ‘ ကျွန်တော် မသိပါဘူး။ သူဟာ ဒီမှာ လေ့ကျင့်ခန်းတွေကောင်းမွန်စွာပြုလုပ်နေဆဲဖြစ်သလို မနက်ဖြန်မှာအသင်းပြောင်းရွှေ့သွားဖို့လည်း အဆင်သင့်ဖြစ်နေပါတယ်။ တစ်ရက်ပြီးတစ်ရက် သူ့ရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ကျွန်တော် ထင်မြင်ချက်မပေးတက်ပါဘူး။ ထရာအိုရေး ဟာ ထူးခြားတဲ့ကစားသမားဖြစ်ပြီးတော့ သူဟာ အလုပ်အရမ်းကြိုးစားပါတယ်။ သူဟာ ကွင်းထဲမှာရှိနေရင် ပွဲအပေါ်မှာ သက်ရောက်မှုရှိတယ်ဆိုတာတော့ သေချာပါတယ်။ ’ လို့ ပြောပြသွားခဲ့ပါတယ်။

ဝုလ္ဗ္အသင္းက သတ္မွတ္လိုက္တဲ့ ေျပာင္းေ႐ႊ႕ေၾကးေၾကာင့္ အဒမ္မာ ထရာအိုေရးကို ေခၚယူရန္ လက္ေလ်ာ့လိုက္တဲ့ လီဗာပူးလ္အသင္း

လီဗာပူးလ္အသင္းဟာ အဒမ္မာထရာအိုေရးအတြက္ ဝုလ္ဗ္အသင္းက ေတာင္းဆိုတဲ့ ေျပာင္းေ႐ႊ႕ေၾကးေၾကာင့္ ဒီေႏြရာသီမွာ ေခၚယူဖြယ္မရွိဘူးလို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။ ဘာစီလိုနာ လူငယ္ကစားသမားေဟာင္းဟာ ၂၀၁၉-၂၀ ေဘာလုံးရာသီမွာ ဝုလ္ဗ္အသင္းအတြက္ ေျခစြမ္းျပကစားေပးကာ ၿပိဳင္ပြဲစုံ (၅၄) ပြဲမွာ (၆) ဂိုးသြင္း (၁၂) ဂိုးဖန္တီးေပးထားသူလည္း ျဖစ္ပါတယ္။ အသင္းရဲ႕ တိုက္စစ္အင္အားကို ျဖည့္တင္းခ်င္ေနတဲ့ လီဗာပူးလ္ နဲ႔ မန္စီးတီးတို႔ (၂) သင္းစလုံးဟာ ဒီေႏြရာသီအေျပာင္းအေ႐ႊ႕မွာ အသက္ ၂၄ ႏွစ္အ႐ြယ္ကစားသမားကို ေခၚယူရန္ စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။

သို႔ေသာ္လည္း သတင္းမ်ားအရ ပရီးမီးယားလိဂ္ ခ်န္ပီယံအသင္းဟာ ဝုလ္ဗ္အသင္းက သတ္မွတ္လိုက္တဲ့ တန္ေၾကး ယူ႐ိုသန္း ၇၀ ေၾကာင့္ လက္ေလ်ာ့လိုက္ၿပီ ျဖစ္ပါတယ္။ဂ်ဴဗင္တပ္စ္အသင္းကိုလည္း စပိန္ကစားသမားကို ေခၚယူရန္ အခြင့္အေရးေပးခဲ့ေပမယ့္ အီတလီစီးရီးေအ ခ်န္ပီယံအသင္းဟာ အဂၤလိပ္ ကလပ္အသင္းက သတ္မွတ္ထားတဲ့ တန္ေၾကးကို မေပးခ်င္ဘူးလို႔ သိရပါတယ္။ အဒမ္မာထရာအိုေရးရဲ႕ ဝုလ္ဗ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္းဟာ ၂၀၂၃ ခုႏွစ္အထိ က်န္ရွိေသးတာ ျဖစ္ပါတယ္။

ဝုဗ္အသင္းရဲ႕နည္းျပျဖစ္သူ ႏူႏိုအက္စ္ပီရီတို က လာမယ့္ အေျပာင္းအေ႐ႊ႕ရာသီမွာ အသင္းရဲ႕ဝါရင့္တိုက္စစ္မႉး ထရာအိုေရး ဟာ အသင္းမွာ ဆက္ရွိေနမလား ထြက္ခြာသြားႏိုင္မလားဆိုတဲ့အေပၚမွာ သူလည္းမေျပာႏိုင္ေသးဘူးလို႔ ထုတ္ေဖာ္ေျပာဆိုသြားခဲ့ပါတယ္။

နည္းျပ ႏူႏို က ထရာအိုေရး ရဲ႕အေျပာင္းအေ႐ႊ႕ကိစၥနဲ႔ပတ္သက္ၿပီး ‘ ကြၽန္ေတာ္ မသိပါဘူး။ သူဟာ ဒီမွာ ေလ့က်င့္ခန္းေတြေကာင္းမြန္စြာျပဳလုပ္ေနဆဲျဖစ္သလို မနက္ျဖန္မွာအသင္းေျပာင္းေ႐ႊ႕သြားဖို႔လည္း အဆင္သင့္ျဖစ္ေနပါတယ္။ တစ္ရက္ၿပီးတစ္ရက္ သူ႔ရဲ႕အေျပာင္းအေ႐ႊ႕နဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္ ထင္ျမင္ခ်က္မေပးတက္ပါဘူး။ ထရာအိုေရး ဟာ ထူးျခားတဲ့ကစားသမားျဖစ္ၿပီးေတာ့ သူဟာ အလုပ္အရမ္းႀကိဳးစားပါတယ္။ သူဟာ ကြင္းထဲမွာရွိေနရင္ ပြဲအေပၚမွာ သက္ေရာက္မႈရွိတယ္ဆိုတာေတာ့ ေသခ်ာပါတယ္။ ’ လို႔ ေျပာျပသြားခဲ့ပါတယ္။