ရန်းနက်စ်ဂိုးသမား မန်ဒီကို (၅) နှစ်စာချုပ် နဲ့ ခေါ်ယူရန် သဘောတူညီမှု ရရှိသွားပြီဖြစ်တဲ့ ချဲလ်ဆီးအသင်း

ရန်းနက်စ် အသင်းဥက္ကဌ နီကိုလပ်စ်က ဂိုးသမား မန်ဒီဟာ အသင်းက ထွက်ခွာချင်နေပြီး ဒီနွေရာသီမှာ ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့မှာဖြစ်ပြီး ပရီးမီးယားလိဂ် ကလပ်အသင်းနဲ့ သဘောတူညီမှု ရခဲ့တယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ ချဲလ်ဆီးအသင်းဟာ အသင်းက ဂိုးသမား ကီပါရဲ့ ဆိုးရွားတဲ့ စွမ်းဆောင်ရည်တွေကြောင့် နောက်ထပ်ဂိုးသမား တစ်ယောက်ခေါ်ယူလိုနေတာ ဖြစ်ပါတယ်။

RMC Sport သတင်းဌာနက အဆိုအရ အသက် ၂၈ နှစ်အရွယ်ဂိုးသမား ဟာ ချဲလ်ဆီးအသင်းနဲ့ (၅) နှစ်စာချုပ်ချုပ်ရန် သဘောတူညီမှု ရရှိခဲ့ပေမယ့် တန်ကြေးအတွက် ညှိနှိုင်းရန် ကျန်ရှိသေးတယ်လို့ သိရပါတယ်။ ချဲလ်ဆီးအသင်းဟာ လီဂူး ၁ အသင်းထံ ပေါင် ၁၄ သန်းနဲ့ အစောပိုင်းက ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခြင်းခံလိုက်ရပြီး ရန်းနက်စ်အသင်းက ပေါင် ၂၃ သန်းလိုချင်နေတာ ဖြစ်ပါတယ်။

ရန်းနက်စ်အသင်း ဥက္ကဌကို မန်ဒီ အသင်းက ထွက်ခွာမယ့်အခြေအနေအကြောင်း မေးမြန်းရာ “ကျွန်တော်တို့ မန်ဒီအတွက် ချဲလ်ဆီးနဲ့ တရားဝင် ညှိနှိုင်းနေပါတယ်။ ကစားသမားကလည်း ချဲလ်ဆီးကို သွားချင်နေတာ ကျွန်တော်တို့ သိပါတယ်။ ဒါပေမယ့် ညှိနှိုင်းမှုက ၁၀၀ ရာနှုန်းပြည့် မရသေးပါဘူး”လို့ ပြောသွားခဲ့ပါတယ်။

မန်ဒီ ရောက်ရှိလာပါက ကီပါရဲ့ အနာဂတ်ဟာ မေးခွန်းထုတ်စရာ ဖြစ်လာမှာပါ။ စပိန်ဂိုးသမားဟာ ပြီးခဲ့တဲ့ရာသိက နောက်ဆုံး (၃) ပွဲစလုံး ချန်လှပ်ထားခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ အရန်ဂိုးသမား ကာဘယ်လာရို ကိုပဲ ဝုလ်ဗ်နဲ့ ပရီးမီးယားလိဂ် နောက်ဆုံးပွဲ၊ အာဆင်နယ်ကို ရှုံးခဲ့တဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲနဲ့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ဒုတိယအကျော့ပွဲများကို ကစားစေခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်က ဘီလ်ဘာအိုအသင်းကနေ ပေါင် ၇၁ သန်းနဲ့ ရောက်လာခဲ့တဲ့ ကီပါဟာ အင်္ဂလိပ်ဘောလုံး (၂) ရာသီမှာ ရုန်းကန်နေရသူဖြစ်ပါတယ်။

ရန္းနက္စ္ဂိုးသမား မန္ဒီကို (၅) ႏွစ္စာခ်ဳပ္ နဲ႔ ေခၚယူရန္ သေဘာတူညီမႈ ရရွိသြားျပီျဖစ္တဲ့ ခ်ဲလ္ဆီးအသင္း

ရန္းနက္စ္ အသင္းဥကၠဌ နီကိုလပ္စ္က ဂိုးသမား မန္ဒီဟာ အသင္းက ထြက္ခြာခ်င္ေနျပီး ဒီေႏြရာသီမွာ ခ်ဲလ္ဆီးအသင္းကို ေျပာင္းေရႊ႕မွာျဖစ္ျပီး ပရီးမီးယားလိဂ္ ကလပ္အသင္းနဲ႔ သေဘာတူညီမႈ ရခဲ့တယ္လို႔ သတင္းထြက္ေပၚလာပါတယ္။ ခ်ဲလ္ဆီးအသင္းဟာ အသင္းက ဂိုးသမား ကီပါရဲ႕ ဆိုးရြားတဲ့ စြမ္းေဆာင္ရည္ေတြေၾကာင့္ ေနာက္ထပ္ဂိုးသမား တစ္ေယာက္ေခၚယူလိုေနတာ ျဖစ္ပါတယ္။

RMC Sport သတင္းဌာနက အဆိုအရ အသက္ ၂၈ ႏွစ္အရြယ္ဂိုးသမား ဟာ ခ်ဲလ္ဆီးအသင္းနဲ႔ (၅) ႏွစ္စာခ်ဳပ္ခ်ဳပ္ရန္ သေဘာတူညီမႈ ရရွိခဲ့ေပမယ့္ တန္ေၾကးအတြက္ ညိွႏိႈင္းရန္ က်န္ရွိေသးတယ္လို႔ သိရပါတယ္။ ခ်ဲလ္ဆီးအသင္းဟာ လီဂူး ၁ အသင္းထံ ေပါင္ ၁၄ သန္းနဲ႔ အေစာပိုင္းက ကမ္းလွမ္းခဲ့ေပမယ့္ ပယ္ခ်ျခင္းခံလိုက္ရျပီး ရန္းနက္စ္အသင္းက ေပါင္ ၂၃ သန္းလုိခ်င္ေနတာ ျဖစ္ပါတယ္။

ရန္းနက္စ္အသင္း ဥကၠဌကို မန္ဒီ အသင္းက ထြက္ခြာမယ့္အေျခအေနအေၾကာင္း ေမးျမန္းရာ “ကၽြန္ေတာ္တို႔ မန္ဒီအတြက္ ခ်ဲလ္ဆီးနဲ႔ တရား၀င္ ညွိႏိႈင္းေနပါတယ္။ ကစားသမားကလည္း ခ်ဲလ္ဆီးကို သြားခ်င္ေနတာ ကၽြန္ေတာ္တို႔ သိပါတယ္။ ဒါေပမယ့္ ညိွႏိႈင္းမႈက ၁၀၀ ရာႏႈန္းျပည့္ မရေသးပါဘူး”လို႔ ေျပာသြားခဲ့ပါတယ္။

မန္ဒီ ေရာက္ရွိလာပါက ကီပါရဲ႕ အနာဂတ္ဟာ ေမးခြန္းထုတ္စရာ ျဖစ္လာမွာပါ။ စပိန္ဂိုးသမားဟာ ျပီးခဲ့တဲ့ရာသိက ေနာက္ဆံုး (၃) ပြဲစလံုး ခ်န္လွပ္ထားျခင္းခံခဲ့ရတာ ျဖစ္ပါတယ္။ ခ်ဲလ္ဆီးအသင္းဟာ အရန္ဂိုးသမား ကာဘယ္လာရို ကိုပဲ ၀ုလ္ဗ္နဲ႔ ပရီးမီးယားလိဂ္ ေနာက္ဆံုးပြဲ၊ အာဆင္နယ္ကို ရႈံးခဲ့တဲ့ အက္ဖ္ေအဖလား ဗိုလ္လုပြဲနဲ႔ ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔ ခ်န္ပီယံလိဂ္ (၁၆) သင္းအဆင့္ ဒုတိယအေက်ာ့ပြဲမ်ားကို ကစားေစခဲ့ပါတယ္။ ၂၀၁၈ ခုႏွစ္က ဘီလ္ဘာအိုအသင္းကေန ေပါင္ ၇၁ သန္းနဲ႔ ေရာက္လာခဲ့တဲ့ ကီပါဟာ အဂၤလိပ္ေဘာလံုး (၂) ရာသီမွာ ရုန္းကန္ေနရသူျဖစ္ပါတယ္။