ပူလီဆစ်ကို ကျောနံပါတ် (၁၀) ပေးအပ်လိုက်တဲ့ ချဲလ်ဆီးအသင်း

ချဲလ်ဆီးအသင်းရဲ့ ကျောနံပါတ် (၁၀) ကို ဝတ်ဆင်ခဲ့တဲ့ ဝီလီယံဟာ အာဆင်နယ်အသင်းကို ပြောင်းရွှေ့သွားလို့ ပူလီဆစ်ကို ရာသီအသစ်မှာ ကျောနံပါတ် (၁၀)ကို ဝတ်ဆင်ကစားစေမှာ ဖြစ်ပါတယ်။ ဒေါ့မွန်အသင်းကနေ ပြောင်းရွှေ့လာတဲ့ ပူလီဆစ်ဟာ စတန်းဖိုဒ့်ဘရစ်ချ်ပွဲဦးထွက်ရာသီမှာ ခြေစွမ်းပြခဲ့ပြီး မနှစ်က ပြိုင်ပွဲစုံ (၃၄) ပွဲကစားခဲ့ကာ (၁၁) ဂိုးသွင်း (၁၀) ဂိုးဖန်တီးပေးခဲ့ပါတယ်။

The Athletic က ဖော်ပြချက်အရ အမေရိက လက်ရွေးစင်ကစားသမားဟာ ချဲလ်ဆီးအသင်း မှာ နာမည်ကျော် နံပါတ် (၁) ဖြစ်တဲ့ ကျောနံပါတ် (၁၀) ကို ဝတ်ဆင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ချဲလ်ဆီးအသင်းမှာ (၇) နှစ်ကစားခဲ့တဲ့ ဝီလီယံဟာ အာဆင်နယ်အသင်းကို နွေရာသီအပြောင်းအရွှေ့ အစောပိုင်းတုန်းက အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းသွားတာ ဖြစ်ပါတယ်။

ကျောနံပါတ် (၁၀)ကို အရင်တုန်းက ဟာဇက် ဝတ်ဆင်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီမစတင်ခင်က ရီးရဲလ်မက်ဒရစ်ကို ပြောင်းသွားခဲ့လို့ ဝီလီယံက မနှစ်က ဝတ်ဆင်ခဲ့တာပါ။ ချဲလ်ဆီးအသင်းရဲ့ ကျောနံပါတ် (၁၀) ကို အရင်တုန်းက ဂျိုကိုးလ်၊ မာတာ နဲ့ မက်ဟုချ်တို့လို ကစားသမားတွေက ဝတ်ဆင်သွားခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းနဲ့ ကစားခဲ့တဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ တံကောက်ကြော ဒဏ်ရာ ရခဲ့တဲ့ ပူလီဆစ်ဟာ ယခုအခါ ပြန်လည်သက်သာလာပြီး ချဲလ်ဆီးအသင်းရဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲကို ပါဝင်ကစားမယ်လို့လည်း သိရပါတယ်။

ပူလီဆစ္ကို ေက်ာနံပါတ္ (၁၀) ေပးအပ္လိုက္တဲ့ ခ်ဲလ္ဆီးအသင္း

ခ်ဲလ္ဆီးအသင္းရဲ႕ ေက်ာနံပါတ္ (၁၀) ကို ၀တ္ဆင္ခဲ့တဲ့ ၀ီလီယံဟာ အာဆင္နယ္အသင္းကို ေျပာင္းေရႊ႕သြားလို႔ ပူလီဆစ္ကို ရာသီအသစ္မွာ ေက်ာနံပါတ္ (၁၀)ကို ၀တ္ဆင္ကစားေစမွာ ျဖစ္ပါတယ္။ ေဒါ့မြန္အသင္းကေန ေျပာင္းေရႊ႕လာတဲ့ ပူလီဆစ္ဟာ စတန္းဖိုဒ့္ဘရစ္ခ်္ပြဲဦးထြက္ရာသီမွာ ေျခစြမ္းျပခဲ့ျပီး မႏွစ္က ျပိဳင္ပြဲစံု (၃၄) ပြဲကစားခဲ့ကာ (၁၁) ဂိုးသြင္း (၁၀) ဂိုးဖန္တီးေပးခဲ့ပါတယ္။

The Athletic က ေဖာ္ျပခ်က္အရ အေမရိက လက္ေရြးစင္ကစားသမားဟာ ခ်ဲလ္ဆီးအသင္း မွာ နာမည္ေက်ာ္ နံပါတ္ (၁) ျဖစ္တဲ့ ေက်ာနံပါတ္ (၁၀) ကို ၀တ္ဆင္မွာ ျဖစ္တယ္လို႔ သိရပါတယ္။ ခ်ဲလ္ဆီးအသင္းမွာ (၇) ႏွစ္ကစားခဲ့တဲ့ ၀ီလီယံဟာ အာဆင္နယ္အသင္းကို ေႏြရာသီအေျပာင္းအေရႊ႕ အေစာပိုင္းတုန္းက အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေျပာင္းသြားတာ ျဖစ္ပါတယ္။

ေက်ာနံပါတ္ (၁၀)ကို အရင္တုန္းက ဟာဇက္ ၀တ္ဆင္ခဲ့တာျဖစ္ျပီး ျပီးခဲ့တဲ့ရာသီမစတင္ခင္က ရီးရဲလ္မက္ဒရစ္ကို ေျပာင္းသြားခဲ့လို႔ ၀ီလီယံက မႏွစ္က ၀တ္ဆင္ခဲ့တာပါ။ ခ်ဲလ္ဆီးအသင္းရဲ႕ ေက်ာနံပါတ္ (၁၀) ကို အရင္တုန္းက ဂ်ိဳကိုးလ္၊ မာတာ နဲ႔ မက္ဟုခ်္တို႔လို ကစားသမားေတြက ၀တ္ဆင္သြားခဲ့တာျဖစ္ပါတယ္။ အာဆင္နယ္အသင္းနဲ႔ ကစားခဲ့တဲ့ အက္ဖ္ေအဖလား ဗုိလ္လုပြဲမွာ တံေကာက္ေၾကာ ဒဏ္ရာ ရခဲ့တဲ့ ပူလီဆစ္ဟာ ယခုအခါ ျပန္လည္သက္သာလာျပီး ခ်ဲလ္ဆီးအသင္းရဲ႕ ပရီးမီးယားလိဂ္ အဖြင့္ပြဲကို ပါ၀င္ကစားမယ္လို႔လည္း သိရပါတယ္။