ဘရိုက်တန်နဲ့ ချဲလ်ဆီးအသင်းရဲ့ ရာသီအစပွဲကို ဇီယက် နဲ့ ဘင်ချီဝဲလ်တို့ လွဲချော်ပေမယ့် ကိုင်ဟာဗက်ဇ် နဲ့ ပူလီဆစ်တို့ ပါဝင်မယ်

ချဲလ်ဆီးကစားသမားအသစ်တွေဖြစ်တဲ့ ဇီယက် နဲ့ ဘင်ချီဝဲလ်တို့ဟာ ရာသီအစပွဲကို လွဲချော်မယ်လို့ သတင်းများအရ သိရပါတယ်။ ချဲလ်ဆီးအသင်းဟာ အပြောင်းအရွှေ့ရာသီမှာ ဇီယက်ကို ပေါင် (၃၇) သန်း၊ ဘင်ချီဝဲလ်ကို ပေါင်သန်း ၅၀ ၊ တီမိုဝါနာ ကို ပေါင် ၅၃ သန်း၊ ကိုင်ဟာဗက်ဇ် ကို ပေါင် ၈၉ သန်းတို့ နဲ့ ခေါ်ယူထားပြီး သီယာဂိုဆေးလ်ဗား နဲ့ မာလန်းဆားကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားတာဖြစ်ပါတယ်။

သို့သော်လည်း The Athletic က အဆိုအရ ချဲလ်ဆီးပရိသတ်တွေဟာ ပရီးမီးယားလိဂ် ရာသီအစဘရိုက်တန်နဲ့ တနလာၤနေ့ပွဲမှာ ဇီယက် နဲ့ ဘင်ချီဝဲလ် တို့နှစ်ယောက် ကစားရတာကို မြင်ခွင့်မရသေးဘူးလို့ သိရပါတယ်။ ဇီယက်ဟာ လွန်ခဲ့တဲ့ (၁၁) ရက်နေ့က ချဲလ်ဆီးနဲ့ ဘရိုက်တန် ခြေစမ်းပွဲမှာ ဒူးဒဏ်ရာ ရခဲ့တာဖြစ်ပါတယ်။ လက်စတာကနေ ရောက်လာခဲ့တဲ့ ဘင်ချီဝဲလ်ကတော့ ဖနောင့်ဒဏ်ရာမပျောက်ကင်းသေးဘူးလို့ သိရပါတယ်။

သို့သော်လည်း ကိုင်ဟာဗက်ဇ်ကတော့ ချဲလ်ဆီးအသင်းရဲ့ ပရီးမီးယားလိဂ် ပွဲဦးထွက်မှာ ပါဝင်ကစားမယ်လို့ သိရပါတယ်။ ဒါ့အပြင် အက်ဖ်အေဖလားဗိုလ်လုပွဲ အာဆင်နယ်ကို ရှုံးခဲ့တဲ့ပွဲမှာ တံကောက်ကြော ဒဏ်ရာ ရခဲ့တဲ့ ပူလီဆစ်ဟာ ဒဏ်ရာကနေ သက်သာပျောက်ကင်းလာလို့ ပါဝင်ကစားသွားမယ်လို့ သိရပါတယ်။ နွေရာသီအပြောင်းအရွှေ့မှာ ပေါင်သန်း ၂၃၀ အသုံးပြုခဲ့တဲ့ ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်ဖလားကို ပစ်မှတ်ထားနေတာဖြစ်ပါတယ်။

ဘရိုက္တန္နဲ႔ ခ်ဲလ္ဆီးအသင္းရဲ႕ ရာသီအစပြဲကို ဇီယက္ နဲ႔ ဘင္ခ်ီ၀ဲလ္တို႔ လြဲေခ်ာ္ေပမယ့္ ကိုင္ဟာဗက္ဇ္ နဲ႔ ပူလီဆစ္တို႔ ပါ၀င္မယ္

ခ်ဲလ္ဆီးကစားသမားအသစ္ေတြျဖစ္တဲ့ ဇီယက္ နဲ႔ ဘင္ခ်ီ၀ဲလ္တို႔ဟာ ရာသီအစပြဲကို လြဲေခ်ာ္မယ္လို႔ သတင္းမ်ားအရ သိရပါတယ္။ ခ်ဲလ္ဆီးအသင္းဟာ အေျပာင္းအေရႊ႕ရာသီမွာ ဇီယက္ကို ေပါင္ (၃၇) သန္း၊ ဘင္ခ်ီ၀ဲလ္ကို ေပါင္သန္း ၅၀ ၊ တီမို၀ါနာ ကို ေပါင္ ၅၃ သန္း၊ ကိုင္ဟာဗက္ဇ္ ကို ေပါင္ ၈၉ သန္းတို႔ နဲ႔ ေခၚယူထားျပီး သီယာဂိုေဆးလ္ဗား နဲ႔ မာလန္းဆားကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူထားတာျဖစ္ပါတယ္။

သို႔ေသာ္လည္း The Athletic က အဆိုအရ ခ်ဲလ္ဆီးပရိသတ္ေတြဟာ ပရီးမီးယားလိဂ္ ရာသီအစဘရိုက္တန္နဲ႔ တနလာၤေန႔ပြဲမွာ ဇီယက္ နဲ႔ ဘင္ခ်ီ၀ဲလ္ တို႔ႏွစ္ေယာက္ ကစားရတာကို ျမင္ခြင့္မရေသးဘူးလို႔ သိရပါတယ္။ ဇီယက္ဟာ လြန္ခဲ့တဲ့ (၁၁) ရက္ေန႔က ခ်ဲလ္ဆီးနဲ႔ ဘရိုက္တန္ ေျခစမ္းပြဲမွာ ဒူးဒဏ္ရာ ရခဲ့တာျဖစ္ပါတယ္။ လက္စတာကေန ေရာက္လာခဲ့တဲ့ ဘင္ခ်ီ၀ဲလ္ကေတာ့ ဖေနာင့္ဒဏ္ရာမေပ်ာက္ကင္းေသးဘူးလို႔ သိရပါတယ္။

သို႔ေသာ္လည္း ကိုင္ဟာဗက္ဇ္ကေတာ့ ခ်ဲလ္ဆီးအသင္းရဲ႕ ပရီးမီးယားလိဂ္ ပြဲဦးထြက္မွာ ပါ၀င္ကစားမယ္လို႔ သိရပါတယ္။ ဒါ့အျပင္ အက္ဖ္ေအဖလားဗိုလ္လုပြဲ အာဆင္နယ္ကို ရႈံးခဲ့တဲ့ပြဲမွာ တံေကာက္ေၾကာ ဒဏ္ရာ ရခဲ့တဲ့ ပူလီဆစ္ဟာ ဒဏ္ရာကေန သက္သာေပ်ာက္ကင္းလာလို႔ ပါ၀င္ကစားသြားမယ္လို႔ သိရပါတယ္။ ေႏြရာသီအေျပာင္းအေရႊ႕မွာ ေပါင္သန္း ၂၃၀ အသံုးျပဳခဲ့တဲ့ ခ်ဲလ္ဆီးအသင္းဟာ ပရီးမီးယားလိဂ္ဖလားကို ပစ္မွတ္ထားေနတာျဖစ္ပါတယ္။