ယူနိုက်တက်အသင်းရဲ့ လေ့ကျင့်ရေးကွင်းကို ရောက်လာပြီဖြစ်တဲ့ ဗန်ဒီဘိခ်

အေဂျက်အသင်းကနေ ယူနိုက်တက်ဆီ ပေါင်သန်း ၄၀ နဲ့ ပြောင်းရွှေ့ခဲ့တဲ့ ဗန်ဒီဘိခ်ဟာ ကာရင်တန်လေ့ကျင့်ရေးကွင်းကို ရောက်လာပြီဖြစ်ပါတယ်။ ဟော်လန်လက်ရွေးစင်အသင်းနဲ့ နိုင်ငံပွဲတွေ ကစားပြီးတဲ့ အသက် ၂၃ နှစ်အရွယ်ကစားသမားဟာ အင်္ဂလန်ကို ရောက်လာပြီးနောက် နည်းပြ ဆိုးလ်ရှားနဲ့ တွေ့ဆုံခဲ့ပါတယ်။

ပရီးမီးယားလိဂ်အဖွင့်ပွဲကို ယူနိုက်တက်ဟာ စက်တင်ဘာလ ၁၉ ရက်နေ့မှ ခရစ္စတယ်ပဲလေ့စ်အသင်းကို အိုးထရက်ဖိုဒ့်မှာ ဧည့်ခံကစားရမှာဖြစ်ပါတယ်။ ဗန်ဒီဘိခ်ရောက်လာတဲ့ ပရိသတ်တွေဟာ စိတ်လှုပ်ရှားနေပြီး ပေါ့ဘာ နဲ့ ဘရူနိုဖာနန်ဒက်စ်တို့ နဲ့အတူ တွဲကစားရန် မျှော်လင့်နေတယ်လို့ သိရပါတယ်။တနလာၤနေ့ညက အီတလီအသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ပါဝင်ခဲ့တဲ့ ဗန်ဒီဘိခ်ကို အေဂျက်ပရိသတ်တွေက နှုတ်ဆက်သွားခဲ့တာဖြစ်ပါတယ်။

ဗန်ဒီဘိခ်ဟာ အေဂျက်အကယ်ဒမီကို ၂၀၀၈ ခုနှစ်က စတင်ရောက်ရှိခဲ့သူပါ။ ကွင်းလယ်ကစားသမားဟာ အေဂျက်အသင်းအတွက် ပြိုင်ပွဲစုံ (၁၇၅) ပွဲကစားထားပြီး (၄၁) ဂိုးသွင်းကာ (၃၄) ဂိုးဖန်တီးပေးထားသူလည်းဖြစ်ပါတယ်။ ယူနိုက်တက်အငသ်းဟာ ပြီးခဲ့တဲ့ရာသီက အမှတ်ပေးဇယား အဆင့် (၃) နေရာမှာ ရပ်တည်နိုင်ခဲ့ပြီး ယူရိုပါလိဂ်မှာလည်း ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ပြီးမှာ ဆီဗီလာအသင်းကို ရှုံးနိမ့်ခဲ့ပါတယ်။

ယူႏိုက္တက္အသင္းရဲ႕ ေလ့က်င့္ေရးကြင္းကို ေရာက္လာျပီျဖစ္တဲ့ ဗန္ဒီဘိခ္

ေအဂ်က္အသင္းကေန ယူႏိုက္တက္ဆီ ေပါင္သန္း ၄၀ နဲ႔ ေျပာင္းေရႊ႕ခဲ့တဲ့ ဗန္ဒီဘိခ္ဟာ ကာရင္တန္ေလ့က်င့္ေရးကြင္းကို ေရာက္လာျပီျဖစ္ပါတယ္။ ေဟာ္လန္လက္ေရြးစင္အသင္းနဲ႔ ႏိုင္ငံပြဲေတြ ကစားျပီးတဲ့ အသက္ ၂၃ ႏွစ္အရြယ္ကစားသမားဟာ အဂၤလန္ကို ေရာက္လာျပီးေနာက္ နည္းျပ ဆိုးလ္ရွားနဲ႔ ေတြ႕ဆံုခဲ့ပါတယ္။

ပရီးမီးယားလိဂ္အဖြင့္ပြဲကို ယူႏိုက္တက္ဟာ စက္တင္ဘာလ ၁၉ ရက္ေန႔မွ ခရစၥတယ္ပဲေလ့စ္အသင္းကို အိုးထရက္ဖိုဒ့္မွာ ဧည့္ခံကစားရမွာျဖစ္ပါတယ္။ ဗန္ဒီဘိခ္ေရာက္လာတဲ့ ပရိသတ္ေတြဟာ စိတ္လႈပ္ရွားေနျပီး ေပါ့ဘာ နဲ႔ ဘရူႏိုဖာနန္ဒက္စ္တို႔ နဲ႔အတူ တြဲကစားရန္ ေမွ်ာ္လင့္ေနတယ္လို႔ သိရပါတယ္။တနလာၤေန႔ညက အီတလီအသင္းကို ရႈံးနိမ့္ခဲ့တဲ့ပြဲမွာ ပါ၀င္ခဲ့တဲ့ ဗန္ဒီဘိခ္ကို ေအဂ်က္ပရိသတ္ေတြက ႏႈတ္ဆက္သြားခဲ့တာျဖစ္ပါတယ္။

ဗန္ဒီဘိခ္ဟာ ေအဂ်က္အကယ္ဒမီကို ၂၀၀၈ ခုႏွစ္က စတင္ေရာက္ရွိခဲ့သူပါ။ ကြင္းလယ္ကစားသမားဟာ ေအဂ်က္အသင္းအတြက္ ျပိဳင္ပြဲစံု (၁၇၅) ပြဲကစားထားျပီး (၄၁) ဂိုးသြင္းကာ (၃၄) ဂိုးဖန္တီးေပးထားသူလည္းျဖစ္ပါတယ္။ ယူႏိုက္တက္အငသ္းဟာ ျပီးခဲ့တဲ့ရာသီက အမွတ္ေပးဇယား အဆင့္ (၃) ေနရာမွာ ရပ္တည္ႏိုင္ခဲ့ျပီး ယူရိုပါလိဂ္မွာလည္း ဆီမီးဖိုင္နယ္ကို တက္ေရာက္ႏိုင္ျပီးမွာ ဆီဗီလာအသင္းကို ရႈံးနိမ့္ခဲ့ပါတယ္။