စပါး နဲ့ ယူနိုက်တက် စိတ်ဝင်စားနေတဲ့ ဘေးလ်ကို ပေါင် ၂၂ သန်းနဲ့ လက်လွှတ်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ်အသင်းဟာ ဘေးလ်ကို ပေါင် ၂၂ သန်းနဲ့ လက်လွှတ်ရန် ပြင်ဆင်ထားတယ်လို့ သိရပါတယ်။ ဘေးလ်စပိန်လာလီဂါ ချန်ပီယံအသင်းကနေ ထွက်ခွာချင်နေပေမယ့် စာချုပ်သက်တမ်း (၂) နှစ်ကျန်ရှိနေတဲ့ ကစားသမားအတွက် ပေါင်သန်း ၃၀ ပေးရန် အသင်းတော်တော်များများက လက်တွန့်နေတာဖြစ်ပါတယ်။

မကြာသေးခင်တုန်းကလည်း ဘေးလ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းက သူ့ကို အသင်းက ထွက်ခွာခွင့်ပေးရန် ခက်ခဲအောင် လုပ်နေတယ်လို့ သိရပါတယ်။ သို့သော်လည်း စပိန်က အခုထွက်လာတဲ့ သတင်းများအရ ရီးရဲလ်မက်ဒရစ်အသင်းဟာ အသက် ၃၁ နှစ်အရွယ်ကစားသမားကို ပေါင် ၂၂ သန်းနဲ့ လက်လွှတ်ရန် ပြင်ဆင်နေပြီဖြစ်ပါတယ်။

Mundo Deportiveo က အဆိုအရ ရီးရဲလ်နည်းပြ ဇီဒန်းဟာ ဘေးလ်ကို မလိုချင်တော့သော်လည်း အသင်းဘုတ်အဖွဲ့က အလွတ်နဲ့ ထွက်ခွာခွင့် မပေးချင်ဘူးလို့ သိရပါတယ်။ ဒီတစ်ပတ်မှာ ဇီဒန်းနဲ့ ဘေးလ်ဟာ တွေ့ဆုံ စကားပြောမှာဖြစ်ပြီး ဘာဖြစ်မလဲဆိုတာ တိတိကျကျ သိရတော့မှာ ဖြစ်ပါတယ်။ ဝေးလ်စ်လက်ရွေးစင်ကစားသမားကို ပြီးခဲ့တဲ့ရာသီအစတုန်းက တရုတ်စူပါလိဂ်က ခေါ်ယူရန် ကြိုးစားခဲ့သော်လည်း ရီးရဲလ်မက်ဒရစ်က ထွက်ခွာခွင့် မပေးခဲ့ပါဘူး။

စပါး နဲ႔ ယူႏိုက္တက္ စိတ္၀င္စားေနတဲ့ ေဘးလ္ကို ေပါင္ ၂၂ သန္းနဲ႔ လက္လႊတ္ရန္ အဆင္သင့္ျဖစ္ေနျပီျဖစ္တဲ့ ရီးရဲလ္မက္ဒရစ္

ရီးရဲလ္မက္ဒရစ္အသင္းဟာ ေဘးလ္ကို ေပါင္ ၂၂ သန္းနဲ႔ လက္လႊတ္ရန္ ျပင္ဆင္ထားတယ္လို႔ သိရပါတယ္။ ေဘးလ္စပိန္လာလီဂါ ခ်န္ပီယံအသင္းကေန ထြက္ခြာခ်င္ေနေပမယ့္ စာခ်ဳပ္သက္တမ္း (၂) ႏွစ္က်န္ရွိေနတဲ့ ကစားသမားအတြက္ ေပါင္သန္း ၃၀ ေပးရန္ အသင္းေတာ္ေတာ္မ်ားမ်ားက လက္တြန္႔ေနတာျဖစ္ပါတယ္။

မၾကာေသးခင္တုန္းကလည္း ေဘးလ္ဟာ ရီးရဲလ္မက္ဒရစ္အသင္းက သူ႔ကို အသင္းက ထြက္ခြာခြင့္ေပးရန္ ခက္ခဲေအာင္ လုပ္ေနတယ္လို႔ သိရပါတယ္။ သို႔ေသာ္လည္း စပိန္က အခုထြက္လာတဲ့ သတင္းမ်ားအရ ရီးရဲလ္မက္ဒရစ္အသင္းဟာ အသက္ ၃၁ ႏွစ္အရြယ္ကစားသမားကို ေပါင္ ၂၂ သန္းနဲ႔ လက္လႊတ္ရန္ ျပင္ဆင္ေနျပီျဖစ္ပါတယ္။

Mundo Deportiveo က အဆိုအရ ရီးရဲလ္နည္းျပ ဇီဒန္းဟာ ေဘးလ္ကို မလုိခ်င္ေတာ့ေသာ္လည္း အသင္းဘုတ္အဖြဲ႔က အလြတ္နဲ႔ ထြက္ခြာခြင့္ မေပးခ်င္ဘူးလို႔ သိရပါတယ္။ ဒီတစ္ပတ္မွာ ဇီဒန္းနဲ႔ ေဘးလ္ဟာ ေတြ႕ဆံု စကားေျပာမွာျဖစ္ျပီး ဘာျဖစ္မလဲဆိုတာ တိတိက်က် သိရေတာ့မွာ ျဖစ္ပါတယ္။ ေ၀းလ္စ္လက္ေရြးစင္ကစားသမားကို ျပီးခဲ့တဲ့ရာသီအစတုန္းက တရုတ္စူပါလိဂ္က ေခၚယူရန္ ၾကိဳးစားခဲ့ေသာ္လည္း ရီးရဲလ္မက္ဒရစ္က ထြက္ခြာခြင့္ မေပးခဲ့ပါဘူး။