ဘိုင်ယန်မြူးနစ်အသင်းက ထွက်ခွာချင်နေတဲ့ အလာဘာ စာချုပ်သစ် ချုပ်ရန် သဘောတူညီမှု မရသေး

ဘိုင်ယန်မြူးနစ်နောက်ခံလူ အလာဘာဟာ အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုရန် သဘောတူညီမှု မရသေးပဲ အသင်းကနေ ဒီနွေရာသီမှာပဲ ထွက်ခွာချင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ နောက်ခံလူရဲ့ လက်ရှိစာချုပ်သက်တမ်းဟာ တစ်နှစ်ပဲကျန်ရှိနေသေးပြီး နောက်ရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာမှာ ဖြစ်ပါတယ်။

Bild က အဆိုအရ ဘိုင်ယန်မြူးနစ်အသင်းမှာ ကစားသမားဘဝတစ်လျှောက်လုံးအချိန်ကုန်ဆုံးနေခဲ့တဲ့ အသက် ၂၈ နှစ်အရွယ်နောက်ခံလူဟာ စာချုပ်သစ်ချုပ်ဆိုရန် သဘောတူညီမှု မရသေးပဲ အသင်းကနေ ထွက်ခွာချင်နေတယ်လို့ သိရပါတယ်။ အစောပိုင်းတုန်းက ယူနိုက်တက် နဲ့ ချဲလ်ဆီးအသင်းတို့ က ဆက်သွယ်မှုတွေ လုပ်ထားတဲ့ သြစတြီးလျ ကစားသမားဟာ ပြီးခဲ့တဲ့ရာသီက ဘိုင်ယန်မြူးနစ်အသင်းအတွက် ပွဲ (၄၀) ကစားထားသူဖြစ်ပါတယ်။

ဂျာမနီက စကိုင်းသတင်းဌာနက အဆိုအရ အလာဘာရဲ့ အေးဂျင့် က ဘိုင်ယန်မြူးနစ်အသင်းရဲ့ အကြီးအကဲတို့ကမ်းလှမ်းထားတဲ့ တစ်နှစ်ပေါင် ၁၃.၅ သန်းစာချုပ်ကို ပယ်ချလိုက်တယ်လို့ သိရပါတယ်။ အလာဘာသာ အဆိုပါ စာချုပ်ကို လက်ခံလိုက်ပါက လီဝန်ဒေါစကီး နဲ့ သောမတ်စ်မူလာ တို့ နဲ့တန်းတူ လစာကို ရရှိမှာဖြစ်ပါတယ်။

ယခုအခါ ဝါရင့်စွယ်စုံရ နောက်ခံလူကို ဥရောပတစ်ဝန်းက ထိပ်သီးအသင်းတော်တော်များများက ခေါ်ယူရန် စိတ်ဝင်စားနေပြီလို့ သိရပါတယ်။ ဂျာမန်ဘွန်ဒက်စ်လီဂါ ချန်ပီယံအသင်းဟာ အလာဘာလို စာချုပ်သက်တမ်း တစ်နှစ်ကျန်တော့တဲ့ သီယာဂိုအတွက် ပေါင် ၂၇ သန်း တောင်းဆိုထားတာဖြစ်ပါတယ်။ အလာဘာဟာ ကွင်းလယ်ဗဟို နဲ့ ဗဟိုခံစစ်တို့မှာ ပါ ကစားနိုင်ပြီး ဘယ်နောက်ခံလူ နေရာမှာလည်း ကစားနိုင်သူပါ။

ဘိုင္ယန္ျမဴးနစ္အသင္းက ထြက္ခြာခ်င္ေနတဲ့ အလာဘာ စာခ်ဳပ္သစ္ ခ်ဳပ္ရန္ သေဘာတူညီမႈ မရေသး

ဘိုင္ယန္ျမဴးနစ္ေနာက္ခံလူ အလာဘာဟာ အသင္းနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္ သေဘာတူညီမႈ မရေသးပဲ အသင္းကေန ဒီေႏြရာသီမွာပဲ ထြက္ခြာခ်င္ေနတယ္လို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။ ေနာက္ခံလူရဲ႕ လက္ရွိစာခ်ဳပ္သက္တမ္းဟာ တစ္ႏွစ္ပဲက်န္ရွိေနေသးျပီး ေနာက္ရာသီမွာ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ထြက္ခြာမွာ ျဖစ္ပါတယ္။

Bild က အဆိုအရ ဘိုင္ယန္ျမဴးနစ္အသင္းမွာ ကစားသမားဘ၀တစ္ေလွ်ာက္လံုးအခ်ိန္ကုန္ဆံုးေနခဲ့တဲ့ အသက္ ၂၈ ႏွစ္အရြယ္ေနာက္ခံလူဟာ စာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္ သေဘာတူညီမႈ မရေသးပဲ အသင္းကေန ထြက္ခြာခ်င္ေနတယ္လို႔ သိရပါတယ္။ အေစာပိုင္းတုန္းက ယူႏိုက္တက္ နဲ႔ ခ်ဲလ္ဆီးအသင္းတို႔ က ဆက္သြယ္မႈေတြ လုပ္ထားတဲ့ ၾသစၾတီးလ် ကစားသမားဟာ ျပီးခဲ့တဲ့ရာသီက ဘိုင္ယန္ျမဴးနစ္အသင္းအတြက္ ပြဲ (၄၀) ကစားထားသူျဖစ္ပါတယ္။

ဂ်ာမနီက စကိုင္းသတင္းဌာနက အဆိုအရ အလာဘာရဲ႕ ေအးဂ်င့္ က ဘိုင္ယန္ျမဴးနစ္အသင္းရဲ႕ အၾကီးအကဲတို႔ကမ္းလွမ္းထားတဲ့ တစ္ႏွစ္ေပါင္ ၁၃.၅ သန္းစာခ်ဳပ္ကို ပယ္ခ်လိုက္တယ္လို႔ သိရပါတယ္။ အလာဘာသာ အဆိုပါ စာခ်ဳပ္ကို လက္ခံလုိက္ပါက လီ၀န္ေဒါစကီး နဲ႔ ေသာမတ္စ္မူလာ တို႔ နဲ႔တန္းတူ လစာကို ရရွိမွာျဖစ္ပါတယ္။

ယခုအခါ ၀ါရင့္စြယ္စံုရ ေနာက္ခံလူကို ဥေရာပတစ္၀န္းက ထိပ္သီးအသင္းေတာ္ေတာ္မ်ားမ်ားက ေခၚယူရန္ စိတ္၀င္စားေနျပီလို႔ သိရပါတယ္။ ဂ်ာမန္ဘြန္ဒက္စ္လီဂါ ခ်န္ပီယံအသင္းဟာ အလာဘာလို စာခ်ဳပ္သက္တမ္း တစ္ႏွစ္က်န္ေတာ့တဲ့ သီယာဂိုအတြက္ ေပါင္ ၂၇ သန္း ေတာင္းဆိုထားတာျဖစ္ပါတယ္။ အလာဘာဟာ ကြင္းလယ္ဗဟို နဲ႔ ဗဟိုခံစစ္တို႔မွာ ပါ ကစားႏိုင္ျပီး ဘယ္ေနာက္ခံလူ ေနရာမွာလည္း ကစားႏိုင္သူပါ။