အသင်းပြောင်းရွှေ့ဖို့များနေတဲ့ မာတီနက်ဇ်ရဲ့နေရာအတွက် အာရီယိုလာ ကို စိတ်ဝင်စားနေတဲ့ အာဆင်နယ်

အာဆင်နယ်ဟာ အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်မရတာကြောင့် အသင်းပြောင်းရွှေ့ဖို့သတင်းတွေထွက်နေတဲ့ ဂိုးသမား မာတီ နက်ဇ်ရဲ့ နေရာမှာ အစားထိုးဖို့အတွက် ပီအက်စ်ဂျီဂိုးသမား အာရီယိုလာကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ အာဆင် နယ်ဂိုးသမား မာတီနက်ဇ်ဟာ ဦးစားပေးဂိုးသမားအဖြစ် ပွဲထွက်ဖို့ မသေချာတာကြောင့် အက်စ်တွန်ဗီလာကို ပြောင်းရွှေ့ဖို့ အတွက် နီးစပ်နေပြီလို့ သတင်းတွေထွက်နေတာလည်း ဖြစ်ပါတယ်။


မာတီနက်ဇ်ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက အာဆင်နယ်အသင်းရဲ့ ဦးစားပေးဂိုးသမားဖြစ်တဲ့ လီနို ဒဏ်ရာရသွားတာ ကြောင့် ပွဲထွက်ကစားခွင့်ရခဲ့ပြီး လက်စွမ်းပြနိုင်ခဲ့ပေမယ့် ဒဏ်ရာကသက်သာလာတဲ့ လီနိုကြောင့် အရန်ကစားသမားအဖြစ် ပဲ ဆက်ရှိနေမှာမို့ အသင်းပြောင်းချင်နေတာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ရီးရဲလ်အသင်းမှာ အဌားနဲ့ လာကစားခဲ့ရ တဲ့ ပီအက်စ်ဂျီဂိုးသမား အာရီယိုလာကို အာဆင်နယ်အနေနဲ့ မာတီနက်ဇ်ရဲ့နေရာမှာ အစားထိုးဖို့အတွက် စိတ်ဝင်စားနေ တာပဲ ဖြစ်ပါတယ်။


အာဆင်နယ်ရဲ့ မြို့ခံပြိုင်ဘက်တွေဖြစ်တဲ့ ဖူလ်ဟမ်နဲ့ ချဲလ်ဆီးတို့ကလည်း အာရီယိုလာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ် လို့ သိရပြီး ဖူလ်ဟမ်အသင်းနဲ့ နီးစပ်အနေအထားတွေတောင် ရောက်နေပြီလို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ ချဲလ် ဆီးက ရင်းနက်စ်ဂိုးသမား မန်ဒီကို ခေါ်ယူဖို့ အဆင်မပြေဖြစ်မှ အာရီယိုလာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာပါ။ ဒါအပြင် အာဆင်နယ်နည်းပြဟောင်း အူနိုင်းအမ်မရီကိုင်တွယ်နေတဲ့ ဗီလာရီးရဲလ်ကလည်း အာရီယိုလာကို စောင့်ကြည့်နေတယ် လို့ သိရပါတယ်။


အာဆင်နယ်ဟာ အာရီယိုလာကို ခေါ်ယူဖို့ အဆင်မပြေဖြစ်ခဲ့ပါက ပြီးခဲ့တဲ့ရာသီက ချန်ပီယံရှစ်မှာ လက်စွမ်းပြခဲ့ပြီး ပရီးမီး ယားလိဂ်ကို တန်းတက်ခွင့်နဲ့ ကပ်လွဲခဲ့ရတဲ့ ဘရန်ဖို့ဒ်ဂိုးသမား ဒေးဗစ်ရာယာကိုလည်း ခေါ်ယူဖို့ စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ အက်စ်တွန်ဗီလာကို ပြောင်းရွှေ့ဖို့အတွက် မာတီနက်ဇ်ရဲ့ အပြောင်းအရွှေ့ ညှိနှိုင်းမှုဟာ နောက်ဆုံးအခြေ အနေကို ရောက်ရှိနေပြီဖြစ်တယ်လို့လည်း သိရပါတယ်။

zawgyi version

အသင္းေျပာင္းေရႊ႕ဖို႔မ်ားေနတဲ့ မာတီနက္ဇ္ရဲ႕ေနရာအတြက္ အာရီယိုလာ ကို စိတ္ဝင္စားေနတဲ့ အာဆင္နယ္
အာဆင္နယ္ဟာ အသင္းမွာ ပံုမွန္ပြဲထြက္ခြင့္မရတာေၾကာင့္ အသင္းေျပာင္းေရႊ႕ဖို႔သတင္းေတြထြက္ေနတဲ့ ဂိုးသမား မာတီ နက္ဇ္ရဲ႕ ေနရာမွာ အစားထိုးဖို႔အတြက္ ပီအက္စ္ဂ်ီဂိုးသမား အာရီယိုလာကို စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။ အာဆင္ နယ္ဂိုးသမား မာတီနက္ဇ္ဟာ ဦးစားေပးဂိုးသမားအျဖစ္ ပြဲထြက္ဖို႔ မေသခ်ာတာေၾကာင့္ အက္စ္တြန္ဗီလာကို ေျပာင္းေရႊ႕ဖို႔ အတြက္ နီးစပ္ေနၿပီလို႔ သတင္းေတြထြက္ေနတာလည္း ျဖစ္ပါတယ္။
မာတီနက္ဇ္ဟာ ၿပီးခဲ့တဲ့ေဘာလံုးရာသီက အာဆင္နယ္အသင္းရဲ႕ ဦးစားေပးဂိုးသမားျဖစ္တဲ့ လီႏို ဒဏ္ရာရသြားတာ ေၾကာင့္ ပြဲထြက္ကစားခြင့္ရခဲ့ၿပီး လက္စြမ္းျပႏိုင္ခဲ့ေပမယ့္ ဒဏ္ရာကသက္သာလာတဲ့ လီႏိုေၾကာင့္ အရန္ကစားသမားအျဖစ္ ပဲ ဆက္ရွိေနမွာမို႔ အသင္းေျပာင္းခ်င္ေနတာလည္း ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ရာသီက ရီးရဲလ္အသင္းမွာ အဌားနဲ႔ လာကစားခဲ့ရ တဲ့ ပီအက္စ္ဂ်ီဂိုးသမား အာရီယိုလာကို အာဆင္နယ္အေနနဲ႔ မာတီနက္ဇ္ရဲ႕ေနရာမွာ အစားထိုးဖို႔အတြက္ စိတ္ဝင္စားေန တာပဲ ျဖစ္ပါတယ္။
အာဆင္နယ္ရဲ႕ ၿမိဳ႕ခံၿပိဳင္ဘက္ေတြျဖစ္တဲ့ ဖူလ္ဟမ္နဲ႔ ခ်ဲလ္ဆီးတို႔ကလည္း အာရီယိုလာကို ေခၚယူဖို႔ စိတ္ဝင္စားေနတယ္ လို႔ သိရၿပီး ဖူလ္ဟမ္အသင္းနဲ႔ နီးစပ္အေနအထားေတြေတာင္ ေရာက္ေနၿပီလို႔ သတင္းေတြမွာ ေဖာ္ျပထားပါတယ္။ ခ်ဲလ္ ဆီးက ရင္းနက္စ္ဂိုးသမား မန္ဒီကို ေခၚယူဖို႔ အဆင္မေျပျဖစ္မွ အာရီယိုလာကို ေခၚယူဖို႔ စိတ္ဝင္စားေနတာပါ။ ဒါအျပင္ အာဆင္နယ္နည္းျပေဟာင္း အူႏိုင္းအမ္မရီကိုင္တြယ္ေနတဲ့ ဗီလာရီးရဲလ္ကလည္း အာရီယိုလာကို ေစာင့္ၾကည့္ေနတယ္ လို႔ သိရပါတယ္။
အာဆင္နယ္ဟာ အာရီယိုလာကို ေခၚယူဖို႔ အဆင္မေျပျဖစ္ခဲ့ပါက ၿပီးခဲ့တဲ့ရာသီက ခ်န္ပီယံရွစ္မွာ လက္စြမ္းျပခဲ့ၿပီး ပရီးမီး ယားလိဂ္ကို တန္းတက္ခြင့္နဲ႔ ကပ္လြဲခဲ့ရတဲ့ ဘရန္ဖို႔ဒ္ဂိုးသမား ေဒးဗစ္ရာယာကိုလည္း ေခၚယူဖို႔ ေစာင့္ၾကည့္ေနတယ္လို႔ သိရပါတယ္။ အက္စ္တြန္ဗီလာကို ေျပာင္းေရႊ႕ဖို႔အတြက္ မာတီနက္ဇ္ရဲ႕ အေျပာင္းအေရႊ႕ ညွိႏႈိင္းမႈဟာ ေနာက္ဆံုးအေျခ အေနကို ေရာက္ရွိေနၿပီျဖစ္တယ္လို႔လည္း သိရပါတယ္။