၃ ရက်အတွင်း ၃ ယောက်မြောက်လူခေါ်ယူမှုအဖြစ် ဂျာမယ်လီဝစ်ကို ခေါ်ယူလိုက်တဲ့ နယူးကာဆယ်

ပရီးမီးယားလိဂ်ကလပ်အသင်းတစ်သင်းဖြစ်တဲ့ နယူးကာဆယ်ဟာ ဘောလုံးရာသီသစ်စတင်ဖို့ နီးကပ်လာတဲ့အချိန်မှာ ကစားသမားသစ်ခေါ်ယူမှုတွေ ဆက်တိုက်ပြုလုပ်လာပြီး သုံးရက်အတွင်းမှာပဲ ၃ဦးမြောက်ကစားသမားသစ်ကို ခေါ်ယူခဲ့ တယ်လို့ သိရပါတယ်။ နယူးကာဆယ်ဟာ ဘုန်းမောက်တိုက်စစ်မှူးတွေဖြစ်တဲ့ ဝီလ်ဆင်နဲ့ ဖရေဇာတို့ကို ခေါ်ယူပြီးနောက် မှာ နော်ဝစ်ချ်နောက်ခံလူ ဂျာမယ်လီဝစ်ကို ပေါင် ၁၅ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။


ဂျာမယ်လီဝစ်ကို အစောပိုင်းတုန်းက ပရီးမီးယားလိဂ်ချန်ပီယံဖြစ်တဲ့ လီဗာပူးက ပေါင်သန်း ၂၀ နဲ့ အပိုဆုကြေးတွေ ပေါင်း ပြီး ကမ်းလှမ်းခဲ့ပေမယ့် နော်ဝစ်ချ်ဘက်က ပယ်ချခဲ့တယ်လို့ သိရပြီး နယူးကာဆယ်ရဲ့ကမ်းလှမ်းမှုကို လက်ခံခဲ့တယ်လို့ သိ ရပါတယ်။ ဂျာမယ်လီဝစ်ဟာ နယူးကာဆယ်ကို ငါးနှစ်စာချုပ်ချုပ်ဆိုပြီး ရောက်ရှိလာခဲ့တာလည်း ဖြစ်ပါတယ်။ ဂျာမယ် လီ ဝစ်ဟာ နွေရာသီအပြောင်းအရွှေ့မှာ နယူးကာဆယ်ကို ရောက်ရှိလာတဲ့ ငါးယောက်မြောက်ကစားသမားလည်းဖြစ်ပါတယ်။


နော်ဝစ်ချ်လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာတဲ့ ဂျာမယ်လီဝစ်ဟာ ၂၀၁၄ ခုနှစ်ကတည်းက နော်ဝစ်ချ်အတွက်ပါဝင် ကစားပေးခဲ့သူဖြစ်ပြီး အသင်းကြီးကို ၂၀၁၆ ခုနှစ်မှာ အသင်းကြီးကို ရောက်ရှိခဲ့သူလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက နော် ဝစ်ချ်အသင်းအတွက် ပြိုင်ပွဲစုံ ၃၄ ပွဲကစားပေးခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ဂျာမယ်လီဝစ်ကို ခေါ်ယူဖို့အတွက် အခြား အသင်းတွေက စိတ်ဝင်စားခဲ့တာ ဖြစ်ပါတယ်။


နယူးကာဆယ်နည်းပြ စတိဗ်ဘရုစ်က “ ဂျာမယ်က အလားအလာအများကြီးရှိတဲ့ ကစားသမားတစ်ဦးပါ။သူကစားတာကို ကျွန်တော်အနေနဲ့ ချန်ပီယံရှစ်မှာ ၂နှစ်နဲ့ ပရီးမီးယားလိဂ်မှာ ၁ နှစ်စောင့်ကြည့်ခဲ့ပြီးပါပြီ။ သူကစားတဲ့နေရာမှာတော့ သူ အနေနဲ့ အကောင်းဆုံးခြေစွမ်းကို ပြနိုင်တဲ့ကစားသမားတစ်ဦးပါ။ အသက် ၂၂ နှစ်ပဲရှိသေးတယ်ဆိုပေမယ့် ဂျာမယ်က အတွေ့အကြုံများတဲ့ ကစားသမားတစ်ယောက်ပဲ ဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

zawgyi version

၃ ရက္အတြင္း ၃ ေယာက္ေျမာက္လူေခၚယူမႈအျဖစ္ ဂ်ာမယ္လီဝစ္ကို ေခၚယူလိုက္တဲ့ နယူးကာဆယ္
ပရီးမီးယားလိဂ္ကလပ္အသင္းတစ္သင္းျဖစ္တဲ့ နယူးကာဆယ္ဟာ ေဘာလံုးရာသီသစ္စတင္ဖို႔ နီးကပ္လာတဲ့အခ်ိန္မွာ ကစားသမားသစ္ေခၚယူမႈေတြ ဆက္တိုက္ျပဳလုပ္လာၿပီး သံုးရက္အတြင္းမွာပဲ ၃ဦးေျမာက္ကစားသမားသစ္ကို ေခၚယူခဲ့ တယ္လို႔ သိရပါတယ္။ နယူးကာဆယ္ဟာ ဘုန္းေမာက္တိုက္စစ္မွဴးေတြျဖစ္တဲ့ ဝီလ္ဆင္နဲ႔ ဖေရဇာတို႔ကို ေခၚယူၿပီးေနာက္ မွာ ေနာ္ဝစ္ခ်္ေနာက္ခံလူ ဂ်ာမယ္လီဝစ္ကို ေပါင္ ၁၅ သန္းနဲ႔ ေခၚယူခဲ့တာျဖစ္ပါတယ္။
ဂ်ာမယ္လီဝစ္ကို အေစာပိုင္းတုန္းက ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္တဲ့ လီဗာပူးက ေပါင္သန္း ၂၀ နဲ႔ အပိုဆုေၾကးေတြ ေပါင္း ၿပီး ကမ္းလွမ္းခဲ့ေပမယ့္ ေနာ္ဝစ္ခ်္ဘက္က ပယ္ခ်ခဲ့တယ္လို႔ သိရၿပီး နယူးကာဆယ္ရဲ႕ကမ္းလွမ္းမႈကို လက္ခံခဲ့တယ္လို႔ သိ ရပါတယ္။ ဂ်ာမယ္လီဝစ္ဟာ နယူးကာဆယ္ကို ငါးႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုၿပီး ေရာက္ရွိလာခဲ့တာလည္း ျဖစ္ပါတယ္။ ဂ်ာမယ္ လီ ဝစ္ဟာ ေႏြရာသီအေျပာင္းအေရႊ႕မွာ နယူးကာဆယ္ကို ေရာက္ရွိလာတဲ့ ငါးေယာက္ေျမာက္ကစားသမားလည္းျဖစ္ပါတယ္။
ေနာ္ဝစ္ခ်္လူငယ္အကယ္ဒမီကေန ေပၚထြက္လာတဲ့ ဂ်ာမယ္လီဝစ္ဟာ ၂၀၁၄ ခုႏွစ္ကတည္းက ေနာ္ဝစ္ခ်္အတြက္ပါဝင္ ကစားေပးခဲ့သူျဖစ္ၿပီး အသင္းႀကီးကို ၂၀၁၆ ခုႏွစ္မွာ အသင္းႀကီးကို ေရာက္ရွိခဲ့သူလည္း ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ရာသီက ေနာ္ ဝစ္ခ်္အသင္းအတြက္ ၿပိဳင္ပြဲစံု ၃၄ ပြဲကစားေပးခဲ့ၿပီး ေျခစြမ္းျပႏိုင္ခဲ့တာေၾကာင့္ ဂ်ာမယ္လီဝစ္ကို ေခၚယူဖို႔အတြက္ အျခား အသင္းေတြက စိတ္ဝင္စားခဲ့တာ ျဖစ္ပါတယ္။
နယူးကာဆယ္နည္းျပ စတိဗ္ဘ႐ုစ္က “ ဂ်ာမယ္က အလားအလာအမ်ားႀကီးရွိတဲ့ ကစားသမားတစ္ဦးပါ။သူကစားတာကို ကြ်န္ေတာ္အေနနဲ႔ ခ်န္ပီယံရွစ္မွာ ၂ႏွစ္နဲ႔ ပရီးမီးယားလိဂ္မွာ ၁ ႏွစ္ေစာင့္ၾကည့္ခဲ့ၿပီးပါၿပီ။ သူကစားတဲ့ေနရာမွာေတာ့ သူ အေနနဲ႔ အေကာင္းဆံုးေျခစြမ္းကို ျပႏိုင္တဲ့ကစားသမားတစ္ဦးပါ။ အသက္ ၂၂ ႏွစ္ပဲရွိေသးတယ္ဆိုေပမယ့္ ဂ်ာမယ္က အေတြ႕အၾကံဳမ်ားတဲ့ ကစားသမားတစ္ေယာက္ပဲ ျဖစ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။