အသင်းမှာ ကိုဗစ်ပိုးတွေ့ရှိသူ ၇ ဦးရှိနေပြီး သီးခြားနေထိုင်နေရတာကြောင့် လန်းစ်နဲ့ ကစားရမယ့်ပွဲစဉ်မှာ အရန်ကစား သမားအများစုနဲ့ ပွဲထွက်လာဖို့ ရှိနေတဲ့ ပီအက်စ်ဂျီ

နောက်ဆုံးသတင်းတွေအရ ပြင်သစ်တိုက်စစ်မှူး အမ်ဘတ်ပီမှာ ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့တာကြောင့် ပီအက်စ်ဂျီအသင်းမှာ ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း ၇ ဦးအထိရှိလာခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။ ပီအက်စ်ဂျီဟာ လာမယ့်ကြာသပတေးနေ့မှာ လီဂူး-၂ ကတန်းတက်လာတဲ့ လန်းစ်အသင်းနဲ့ ဒီရာသီလီဂူး-၁ ပြိုင်ပွဲရဲ့ ပထမဆုံးပွဲစဉ်ကို ကစားဖို့ ရှိနေတာကြောင့် အဲ့ဒီပွဲ မှာ အရန်ကစားသမားအများစုကို အသုံးပြုလာဖို့ ရှိနေတယ်လို့ သိရပါတယ်။


ပီအက်စ်ဂျီအသင်း အားကစားဒါရိုက်တာဖြစ်တဲ့ လီယိုနာဒိုကတော့ အသင်းမှာ ရောဂါပိုးတွေ့ရှိတဲ့ကစားသမား ၇ ဦးအထိရှိ နေတာကြောင့် ကြာသပတေးနေ့မှာ ကစားမယ့် လန်းစ်နဲ့ တနင်္ဂနွေနေ့မှာ ကစားမယ့် မာဆေးတို့နဲ့ ပွဲစဉ်တွေမှာ အရန် ကစားသမားတွေအများစုကို အသုံးပြုသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ကတော့ ဆေးစစ်မှုမှာ ရောဂါပိုးတွေ့ရှိခဲ့တဲ့ ကစားသမားတွေအနေနဲ့ အိမ်မှာ အနားယူရမှာဖြစ်ပြီး ဘောလုံးပွဲစဉ်တွေကိုတော့ ဆက်ကျင်းပသွား မယ်လို့ ပြောခဲ့ပါတယ်။


ပီအက်စ်ဂျီအသင်းအားကစားဒါရိုက်တာဖြစ်တဲ့ လီယိုနာဒိုက ချန်ပီယံလိဂ်ဗိုလ်လုပွဲအဖြစ် ဘိုင်ယန်မြူးနစ်နဲ့ ကစားခဲ့တဲ့လူ စာရင်းကနေ ကစားသမား ၇ ဦးအထိ လန်းစ်နဲ့ပွဲမှာ အပြောင်းအလဲဖြစ်နိုင်ကြောင်း ပြောခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်နဲ့ ကစားခဲ့တဲ့လူစာရင်းကနေ လန်းစ်နဲ့ပွဲမှာ ပါဝင်ကစားနိုင်မယ့်ကစားသမားတွေကတော့ နောက်ခံလူတွေဖြစ်တဲ့ သီလိုခါရာ၊ ကင်ပန်ဘီ၊ ဘားနက်ဒ်နဲ့ ကွင်းလယ်လူ ဟာရဲရားတို့ပဲ ဖြစ်ပါတယ်။


လန်းစ်နဲ့ ကစားမယ့် ဖြစ်နိုင်ဖွယ်လူစာရင်းမှာ အသင်းပြောင်းရွှေ့ဖို့သတင်းတွေထွက်နေတဲ့ ကွင်းလယ်လူ ဂူယီနဲ့ ဒရက်စ် လာ တို့ ပါဝင်လာခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ရဲ့ စည်းမျဉ်းအသစ်ကတော့ အသင်းတစ် သင်းမှာ ကြံခိုင်မှု ပြည့်ဝတဲ့ကစားသမား ၁၄ ဦးရှိမယ်ဆိုရင် ပွဲကစားရမှာဖြစ်ပြီး မရှိခဲ့ဘူးဆိုရင်လည်း လူငယ်အသင်းက, ကစားသမားတွေကို ခေါ်ယူပြီး ကစားရမှာဖြစ်တယ်လို့ သိရပါတယ်။

zawgyi version

အသင္းမွာ ကိုဗစ္ပိုးေတြ႕ရွိသူ ၇ ဦးရွိေနၿပီး သီးျခားေနထိုင္ေနရတာေၾကာင့္ လန္းစ္နဲ႔ ကစားရမယ့္ပြဲစဥ္မွာ အရန္ကစား သမားအမ်ားစုနဲ႔ ပြဲထြက္လာဖို႔ ရွိေနတဲ့ ပီအက္စ္ဂ်ီ
ေနာက္ဆံုးသတင္းေတြအရ ျပင္သစ္တိုက္စစ္မွဴး အမ္ဘတ္ပီမွာ ကိုဗစ္ေရာဂါပိုးေတြ႕ရွိခဲ့တာေၾကာင့္ ပီအက္စ္ဂ်ီအသင္းမွာ ေရာဂါပိုးေတြ႕ရွိသူ စုစုေပါင္း ၇ ဦးအထိရွိလာခဲ့ၿပီ ျဖစ္တယ္လို႔ သိရပါတယ္။ ပီအက္စ္ဂ်ီဟာ လာမယ့္ၾကာသပေတးေန႔မွာ လီဂူး-၂ ကတန္းတက္လာတဲ့ လန္းစ္အသင္းနဲ႔ ဒီရာသီလီဂူး-၁ ၿပိဳင္ပြဲရဲ႕ ပထမဆံုးပြဲစဥ္ကို ကစားဖို႔ ရွိေနတာေၾကာင့္ အဲ့ဒီပြဲ မွာ အရန္ကစားသမားအမ်ားစုကို အသံုးျပဳလာဖို႔ ရွိေနတယ္လို႔ သိရပါတယ္။
ပီအက္စ္ဂ်ီအသင္း အားကစားဒါ႐ိုက္တာျဖစ္တဲ့ လီယိုနာဒိုကေတာ့ အသင္းမွာ ေရာဂါပိုးေတြ႕ရွိတဲ့ကစားသမား ၇ ဦးအထိရွိ ေနတာေၾကာင့္ ၾကာသပေတးေန႔မွာ ကစားမယ့္ လန္းစ္နဲ႔ တနဂၤေႏြေန႔မွာ ကစားမယ့္ မာေဆးတို႔နဲ႔ ပြဲစဥ္ေတြမွာ အရန္ ကစားသမားေတြအမ်ားစုကို အသံုးျပဳသြားမယ္လို႔ ေျပာဆိုခဲ့ပါတယ္။ ျပင္သစ္ေဘာလံုးအဖြဲ႔ခ်ဳပ္ကေတာ့ ေဆးစစ္မႈမွာ ေရာဂါပိုးေတြ႕ရွိခဲ့တဲ့ ကစားသမားေတြအေနနဲ႔ အိမ္မွာ အနားယူရမွာျဖစ္ၿပီး ေဘာလံုးပြဲစဥ္ေတြကိုေတာ့ ဆက္က်င္းပသြား မယ္လို႔ ေျပာခဲ့ပါတယ္။
ပီအက္စ္ဂ်ီအသင္းအားကစားဒါ႐ိုက္တာျဖစ္တဲ့ လီယိုနာဒိုက ခ်န္ပီယံလိဂ္ဗိုလ္လုပြဲအျဖစ္ ဘိုင္ယန္ျမဴးနစ္နဲ႔ ကစားခဲ့တဲ့လူ စာရင္းကေန ကစားသမား ၇ ဦးအထိ လန္းစ္နဲ႔ပဲြမွာ အေျပာင္းအလဲျဖစ္ႏိုင္ေၾကာင္း ေျပာခဲ့ပါတယ္။ ဘိုင္ယန္ျမဴးနစ္နဲ႔ ကစားခဲ့တဲ့လူစာရင္းကေန လန္းစ္နဲ႔ပြဲမွာ ပါဝင္ကစားႏိုင္မယ့္ကစားသမားေတြကေတာ့ ေနာက္ခံလူေတြျဖစ္တဲ့ သီလိုခါရာ၊ ကင္ပန္ဘီ၊ ဘားနက္ဒ္နဲ႔ ကြင္းလယ္လူ ဟာရဲရားတို႔ပဲ ျဖစ္ပါတယ္။
လန္းစ္နဲ႔ ကစားမယ့္ ျဖစ္ႏိုင္ဖြယ္လူစာရင္းမွာ အသင္းေျပာင္းေရႊ႕ဖို႔သတင္းေတြထြက္ေနတဲ့ ကြင္းလယ္လူ ဂူယီနဲ႔ ဒရက္စ္ လာ တို႔ ပါဝင္လာခဲ့တာ ျဖစ္တယ္လို႔ သိရပါတယ္။ ျပင္သစ္ေဘာလံုးအဖြဲ႕ခ်ဳပ္ရဲ႕ စည္းမ်ဥ္းအသစ္ကေတာ့ အသင္းတစ္ သင္းမွာ ၾကံခိုင္မႈ ျပည့္ဝတဲ့ကစားသမား ၁၄ ဦးရွိမယ္ဆိုရင္ ပြဲကစားရမွာျဖစ္ၿပီး မရွိခဲ့ဘူးဆိုရင္လည္း လူငယ္အသင္းက, ကစားသမားေတြကို ေခၚယူၿပီး ကစားရမွာျဖစ္တယ္လို႔ သိရပါတယ္။