လာမယ့်ရာသီမှာ လမ်းပတ်အနေနဲ့ ပထမဆုံးထုတ်ပယ်ခံရနိုင်တဲ့ နည်းပြလို့ ချဲလ်ဆီးတိုက်စစ်မှူးဟောင်း တိုနီကက်ကာရီနို ပြောဆို

ချဲလ်ဆီးတိုက်စစ်မှူးဟောင်း တိုနီကက်ကာရီနိုက နွေရာသီအပြောင်းအရွှေ့မှာ ငွေကြေးများစွာအသုံးပြုထားပြီး ကစားသ မားတွေခေါ်ယူထားတဲ့ အသင်းအနေနဲ့ ရာသီအစမှာ ရလဒ်တွေမကောင်းခဲ့ဘူးဆိုရင် နည်းပြလမ်းပတ်အနေနဲ့ လာမယ့်ပရီး မီးယားလိဂ်ရာသီမှာ ပထမဆုံးထုတ်ပယ်ခံရနိုင်တဲ့ နည်းပြဖြစ်လာနိုင်ကြောင်း ပြောခဲ့ပါတယ်။ လမ်းပတ်အနေနဲ့ သူရဲ့ပထမ ဆုံးနည်းပြ ရာသီမှာ လူခေါ်ယူမှုမရခဲ့ပေမယ့် အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့ပြီး ရာသီအကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရယူနိုင် ခဲ့ပါတယ်။


ကိုဗစ်ကြောင့် အခြားဘောလုံးကလပ်အသင်းတွေအနေနဲ့ ငွေကြေးများစွာသုံးစွဲမှု မရှိသေးချိန်မှာ ချဲလ်ဆီးဟာ နွေရာသီအ ပြောင်းအရွှေ့မှာ ပေါင်သန်း ၂၃၀ ကျော်သုံးပြီး ကစားသမားကောင်းတွေကို ခေါ်ယူထားတာကြောင့် လာမယ့်ရာသီမှာ အားလုံးရဲ့စောင့်ကြည့်ခြင်းကို ခံနေရတဲ့အသင်းလည်း ဖြစ်ပါတယ်။အခုလို ငွေကြေးများစွာသုံးစွဲထားတာကြောင့် နည်းပြ လမ်းပတ်အနေနဲ့ ဖိအားတွေရှိလာနိုင်ကြောင်းလည်း တိုနီကက်ကာရီနိုက ပြောခဲ့တာဖြစ်ပါတယ်။


talkSPORTကနေတဆင့် တိုနီကက်ကာရီနိုက “ အသင်းရဲ့နည်းပြတိုင်းမှာ ဖိအားတွေရှိတယ်ဆိုပေမယ့် အခုက လမ်း ပတ်မှာ အားလုံးစုပြီး ကျရောက်နေသလိုဖြစ်နေပါတယ်။ ချဲလ်ဆီးနည်းပြဖြစ်လာပြီဆိုရင် ပထမဆုံးသိထားရမှာက ထုတ် ပယ်ခံရနိုင်တယ်ဆိုတာပါ။ အသင်းရဲ့ရလဒ်တွေ မကောင်းတာနဲ့ နည်းပြအနေနဲ့ အချိန်မရွေးထုတ်ပယ် ခံရနိုင်ပါတယ်။ အခြားအသင်းမှာရှိတဲ့နည်းပြတွေရဲ့ အခြေအနေနဲ့ ချဲလ်ဆီးနည်းပြ အခြေအနေ မတူတာကို လမ်းပတ်အနေနဲ့ သိထားရမှာ ပါ” လို့ ပြောခဲ့ပါတယ်။


ချဲလ်ဆီးဟာ နွေရာသီအပြောင်းအရွှေ့မှာ တီမိုဝါနာ၊ဇီယက်၊ ကိုင်ဟာဗက်ဇ်၊ သီယာဂိုဆေးလ်ဗား၊ ဘင်ချီဝဲလ်နဲ့ မာလန်း ဆားစ် တို့ကို ခေါ်ယူထားတာကြောင့် လီဗာပူး၊ မန်စီးတီးတို့အပြိုင် ချန်ပီယံဆုအတွက် ရေပန်းစားလာတဲ့ အသင်းဖြစ်လာ ပါတယ်။ ချဲလ်ဆီးအနေနဲ့ လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံ မဖြစ်ခဲ့ဘူးဆိုရင်တောင် အနည်းဆုံး ဒုတိယနေရာမှာ ရရှိဖို့ လိုအပ်တယ်ဆိုပြီး သတင်းတွေက ဖော်ပြနေကြတာပဲ ဖြစ်ပါတယ်။

zawgyi version

လာမယ့္ရာသီမွာ လမ္းပတ္အေနနဲ႔ ပထမဆံုးထုတ္ပယ္ခံရႏိုင္တဲ့ နည္းျပလို႔ ခ်ဲလ္ဆီးတိုက္စစ္မွဴးေဟာင္း တိုနီကက္ကာရီႏို ေျပာဆို
ခ်ဲလ္ဆီးတိုက္စစ္မွဴးေဟာင္း တိုနီကက္ကာရီႏိုက ေႏြရာသီအေျပာင္းအေရႊ႕မွာ ေငြေၾကးမ်ားစြာအသံုးျပဳထားၿပီး ကစားသ မားေတြေခၚယူထားတဲ့ အသင္းအေနနဲ႔ ရာသီအစမွာ ရလဒ္ေတြမေကာင္းခဲ့ဘူးဆိုရင္ နည္းျပလမ္းပတ္အေနနဲ႔ လာမယ့္ပရီး မီးယားလိဂ္ရာသီမွာ ပထမဆံုးထုတ္ပယ္ခံရႏိုင္တဲ့ နည္းျပျဖစ္လာႏိုင္ေၾကာင္း ေျပာခဲ့ပါတယ္။ လမ္းပတ္အေနနဲ႔ သူရဲ႕ပထမ ဆံုးနည္းျပ ရာသီမွာ လူေခၚယူမႈမရခဲ့ေပမယ့္ အေကာင္းဆံုးစြမ္းေဆာင္ႏိုင္ခဲ့ၿပီး ရာသီအကုန္မွာ ခ်န္ပီယံလိဂ္ဝင္ခြင့္ရယူႏိုင္ ခဲ့ပါတယ္။
ကိုဗစ္ေၾကာင့္ အျခားေဘာလံုးကလပ္အသင္းေတြအေနနဲ႔ ေငြေၾကးမ်ားစြာသံုးစြဲမႈ မရွိေသးခ်ိန္မွာ ခ်ဲလ္ဆီးဟာ ေႏြရာသီအ ေျပာင္းအေရႊ႕မွာ ေပါင္သန္း ၂၃၀ ေက်ာ္သံုးၿပီး ကစားသမားေကာင္းေတြကို ေခၚယူထားတာေၾကာင့္ လာမယ့္ရာသီမွာ အားလံုးရဲ႕ေစာင့္ၾကည့္ျခင္းကို ခံေနရတဲ့အသင္းလည္း ျဖစ္ပါတယ္။အခုလို ေငြေၾကးမ်ားစြာသံုးစြဲထားတာေၾကာင့္ နည္းျပ လမ္းပတ္အေနနဲ႔ ဖိအားေတြရွိလာႏိုင္ေၾကာင္းလည္း တိုနီကက္ကာရီႏိုက ေျပာခဲ့တာျဖစ္ပါတယ္။
talkSPORTကေနတဆင့္ တိုနီကက္ကာရီႏိုက “ အသင္းရဲ႕နည္းျပတိုင္းမွာ ဖိအားေတြရွိတယ္ဆိုေပမယ့္ အခုက လမ္း ပတ္မွာ အားလံုးစုၿပီး က်ေရာက္ေနသလိုျဖစ္ေနပါတယ္။ ခ်ဲလ္ဆီးနည္းျပျဖစ္လာၿပီဆိုရင္ ပထမဆံုးသိထားရမွာက ထုတ္ ပယ္ခံရႏိုင္တယ္ဆိုတာပါ။ အသင္းရဲ႕ရလဒ္ေတြ မေကာင္းတာနဲ႔ နည္းျပအေနနဲ႔ အခ်ိန္မေရြးထုတ္ပယ္ ခံရႏိုင္ပါတယ္။ အျခားအသင္းမွာရွိတဲ့နည္းျပေတြရဲ႕ အေျခအေနနဲ႔ ခ်ဲလ္ဆီးနည္းျပ အေျခအေန မတူတာကို လမ္းပတ္အေနနဲ႔ သိထားရမွာ ပါ” လို႔ ေျပာခဲ့ပါတယ္။
ခ်ဲလ္ဆီးဟာ ေႏြရာသီအေျပာင္းအေရႊ႕မွာ တီမိုဝါနာ၊ဇီယက္၊ ကိုင္ဟာဗက္ဇ္၊ သီယာဂိုေဆးလ္ဗား၊ ဘင္ခ်ီဝဲလ္နဲ႔ မာလန္း ဆားစ္ တို႔ကို ေခၚယူထားတာေၾကာင့္ လီဗာပူး၊ မန္စီးတီးတို႔အၿပိဳင္ ခ်န္ပီယံဆုအတြက္ ေရပန္းစားလာတဲ့ အသင္းျဖစ္လာ ပါတယ္။ ခ်ဲလ္ဆီးအေနနဲ႔ လာမယ့္ရာသီမွာ ပရီးမီးယားလိဂ္ခ်န္ပီယံ မျဖစ္ခဲ့ဘူးဆိုရင္ေတာင္ အနည္းဆံုး ဒုတိယေနရာမွာ ရရွိဖို႔ လိုအပ္တယ္ဆိုၿပီး သတင္းေတြက ေဖာ္ျပေနၾကတာပဲ ျဖစ္ပါတယ္။