PFA ရဲ့ လူမှုကောင်းကျိုးပြုဆုကို ရရှိခဲ့တဲ့ ယူနိုက်တက်အသင်း တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်

ပြီးခဲ့တဲ့ အင်္ဂါနေ့က ပြုလုပ်ခဲ့တဲ့ PFA ရဲ့ အကောင်းဆုံးဆုချီးမြင့်ခဲ့တဲ့ အခမ်းအနားမှာတော့ အကောင်းဆုံးလူငယ်ကစားသ မားဆု အတွက် ဆန်ကာတင် ၆ ဦးစာရင်းမှာ ပါဝင်ခဲ့တဲ့ ယူနိုက်တက်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ အကောင်းဆုံးဆုကို မရခဲ့ ဘူးဆိုပေမယ့် ကလေးသူငယ်တွေအတွက် ကောင်းကျိုးပြုလုပ်ငန်းတွေလုပ်ဆောင်ခဲ့တာကြောင့် PFA က ချီးမြင့်တဲ့ လူမှု ကောင်းကျိုးပြုဆု ကိုတော့ ရရှိခဲ့တယ်လို့ သိရပါတယ်။


ရက်ရှ်ဖို့ဒ်ဟာ ကိုဗစ်ကာလအတွင်းမှာ ယူကေနိုင်ငံမှာရှိတဲ့ ကလေးသူငယ်တွေရဲ့ စားနပ်ရိက္ခာထောက်ပံမှုရရှိရေးအတွက် ဦးဆောင်လှုပ်ရှားခဲ့သူဖြစ်တာကြောင့် အခုလိုဆုကို လက်ခံရရှိခဲ့တာပဲဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ်ရဲ့ ကြိုးစားမှုကြောင့် ယူကေ အစိုးရက ကလေးသူငယ်တွေကို ၆ပတ်စာ စားနပ်ရိက္ခာထောက်ပံဖို့အတွက် ဆုံးဖြတ်ခဲ့တယ်လို့သိရပါတယ်။ ဒီလိုလုပ် ဆောင်မှုတွေကြောင့်လည်း မန်ချက်စတာတက္ကသိုလ်က ရက်ရှ်ဖို့ဒ်က ဂုဏ်ထူးဆောင်ဆု ပေးအပ်ခဲ့ပါတယ်။


PFA ရဲ့ လူမှုကောင်းကျိုးပြုဆုကို လက်ခံရယူပြီးနောက်မှာတော့ ရက်ရှ်ဖို့ဒ်က “ တကယ်ကို ကြီးကြီးမားမား ဂုဏ်ပြုခံရတဲ့ အတွက် ပျော်ရွှင်မိပါတယ်။ အခြားကစားသမားတွေအနေနဲ့လည်း အခက်အခဲနဲ့ ကြုံတွေနေရတဲ့သူတွေကို ကူညီပေးစေ ချင်ပါတယ်။ အခုလိုလုပ်ဆောင်နိုင်ဖို့ အစပိုင်းတုန်းက ခက်ခဲခဲ့ပေမယ့် စဉ်းစားခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဆုံးဖြတ်ချက် တစ်ခုကို သေချာချပြီး လုပ်ဆောင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။


အသက် ၂၂ နှစ်ပဲရှိသေးတဲ့ ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်အသင်းရဲ့ အဓိကတိုက်စစ်မှူးတစ်ဦး ဖြစ်ပြီး ပြီးခဲ့တဲ့ရာသီကဆိုရင် အသင်းဖော်တွေဖြစ်တဲ့ မာရှယ်၊ဂရင်းဝုဒ်တို့နဲ့ တွဲပြီး အသင်းတိုက်စစ်မှာ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့တာ ဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ ၄၄ ပွဲကစားပေးခဲ့ပြီး သွင်းဂိုး ၂၂ ဂိုးအထိ သွင်းယူနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

zawgyi version

PFA ရဲ႕ လူမႈေကာင္းက်ိဳးျပဳဆုကို ရရွိခဲ့တဲ့ ယူႏိုက္တက္အသင္း တိုက္စစ္မွဴး မားကပ္စ္ ရက္ရွ္ဖို႔ဒ္
ၿပီးခဲ့တဲ့ အဂၤါေန႔က ျပဳလုပ္ခဲ့တဲ့ PFA ရဲ႕ အေကာင္းဆံုးဆုခ်ီးျမင့္ခဲ့တဲ့ အခမ္းအနားမွာေတာ့ အေကာင္းဆံုးလူငယ္ကစားသ မားဆု အတြက္ ဆန္ကာတင္ ၆ ဦးစာရင္းမွာ ပါဝင္ခဲ့တဲ့ ယူႏိုက္တက္တိုက္စစ္မွဴး ရက္ရွ္ဖို႔ဒ္ဟာ အေကာင္းဆံုးဆုကို မရခဲ့ ဘူးဆိုေပမယ့္ ကေလးသူငယ္ေတြအတြက္ ေကာင္းက်ိဳးျပဳလုပ္ငန္းေတြလုပ္ေဆာင္ခဲ့တာေၾကာင့္ PFA က ခ်ီးျမင့္တဲ့ လူမႈ ေကာင္းက်ိဳးျပဳဆု ကိုေတာ့ ရရွိခဲ့တယ္လို႔ သိရပါတယ္။
ရက္ရွ္ဖို႔ဒ္ဟာ ကိုဗစ္ကာလအတြင္းမွာ ယူေကႏိုင္ငံမွာရွိတဲ့ ကေလးသူငယ္ေတြရဲ႕ စားနပ္ရိကၡာေထာက္ပံမႈရရွိေရးအတြက္ ဦးေဆာင္လႈပ္ရွားခဲ့သူျဖစ္တာေၾကာင့္ အခုလိုဆုကို လက္ခံရရွိခဲ့တာပဲျဖစ္ပါတယ္။ ရက္ရွ္ဖို႔ဒ္ရဲ႕ ႀကိဳးစားမႈေၾကာင့္ ယူေက အစိုးရက ကေလးသူငယ္ေတြကို ၆ပတ္စာ စားနပ္ရိကၡာေထာက္ပံဖို႔အတြက္ ဆံုးျဖတ္ခဲ့တယ္လို႔သိရပါတယ္။ ဒီလိုလုပ္ ေဆာင္မႈေတြေၾကာင့္လည္း မန္ခ်က္စတာတကၠသိုလ္က ရက္ရွ္ဖို႔ဒ္က ဂုဏ္ထူးေဆာင္ဆု ေပးအပ္ခဲ့ပါတယ္။
PFA ရဲ႕ လူမႈေကာင္းက်ိဳးျပဳဆုကို လက္ခံရယူၿပီးေနာက္မွာေတာ့ ရက္ရွ္ဖို႔ဒ္က “ တကယ္ကို ႀကီးႀကီးမားမား ဂုဏ္ျပဳခံရတဲ့ အတြက္ ေပ်ာ္ရႊင္မိပါတယ္။ အျခားကစားသမားေတြအေနနဲ႔လည္း အခက္အခဲနဲ႔ ၾကံဳေတြေနရတဲ့သူေတြကို ကူညီေပးေစ ခ်င္ပါတယ္။ အခုလိုလုပ္ေဆာင္ႏိုင္ဖို႔ အစပိုင္းတုန္းက ခက္ခဲခဲ့ေပမယ့္ စဥ္းစားခဲ့ပါတယ္။ ေနာက္ဆံုးမွာေတာ့ ဆံုးျဖတ္ခ်က္ တစ္ခုကို ေသခ်ာခ်ၿပီး လုပ္ေဆာင္ႏိုင္ခဲ့တာပဲ ျဖစ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
အသက္ ၂၂ ႏွစ္ပဲရွိေသးတဲ့ ရက္ရွ္ဖို႔ဒ္ဟာ ယူႏိုက္တက္အသင္းရဲ႕ အဓိကတိုက္စစ္မွဴးတစ္ဦး ျဖစ္ၿပီး ၿပီးခဲ့တဲ့ရာသီကဆိုရင္ အသင္းေဖာ္ေတြျဖစ္တဲ့ မာရွယ္၊ဂရင္းဝုဒ္တို႔နဲ႔ တြဲၿပီး အသင္းတိုက္စစ္မွာ အေကာင္းဆံုးေျခစြမ္းျပႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ရက္ရွ္ဖို႔ဒ္ဟာ ၿပီးခဲ့တဲ့ေဘာလံုးရာသီက ယူႏိုက္တက္အသင္းအတြက္ ၿပိဳင္ပြဲစံု ၄၄ ပြဲကစားေပးခဲ့ၿပီး သြင္းဂိုး ၂၂ ဂိုးအထိ သြင္းယူႏိုင္ခဲ့သူလည္း ျဖစ္ပါတယ္။