ဘရန့်ဖိုဒ့်တိုက်စစ်မှူး ဝက်ကင်စ်ကို ပေါင် ၃၃ သန်းနဲ့ ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့တဲ့ အက်စတွန်ဗီလာအသင်း

အက်စတွန်ဗီလာအသင်းဟာ ဘရန့်ဖိုဒ့်အသင်းရဲ့ တိုက်စစ်မှူး ဝက်ကင်စ်ကို အသင်းရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေး ကနဦး ပေါင် ၂၈ သန်းပေးရမှာဖြစ်ပြီး အပိုဆုကြေးတွေနဲ့ ပေါင် ၃၃ သန်းအထိ မြင့်တက်သွားနိုင်တဲ့ စာချုပ်နဲ့ သဘောတူညီမှု ရရှိသွားပြီဖြစ်ပါတယ်။ တိုက်စစ်မှူးဟာ အင်္ဂါနေ့မနက်က ချန်ပီယံရှစ်ကလပ်မှာပဲ လေ့ကျင့်ရေးဆင်းနေပေမယ့် သဘောတူညီမှုရရှိသွားပြီး မကြာခင်မှာပဲ အက်စတွန်ဗီလာအသင်းထံကို သွားရောက်ပြီး ဆေးစစ်မှု ခံယူရတော့မှာပါ။

အက်စတွန်ဗီလာနည်းပြ ဒင်းစမစ်က အသင်းကို စတင် တာဝန်ယူခဲ့တဲ့ ၂၀၁၇ ခုနှစ်ကတည်း ဝက်ကင်စ်ကို Exeter ကနေ ခေါ်ချင်ခဲ့တာဖြစ်ပါတယ်။အက်စတွန်ဗီလာအသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့တုန်းက ဂျန့်က ဆမ်မာတာ ကို ပေါင် ၈.၅ သန်းနဲ့ ခေါ်ယူခဲ့သော်လည်း တန်ဇနီးယန်း တိုက်စစ်မှူးဟာ ဒုတိယရာသီဝက်မှာ (၂) ဂိုးပဲ သွင်းယူပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက ဝက်ကင်စ်ဟာ ဘရန့်ဖိုဒ့်အသင်းအတွက် (၂၆) ဂိုးသွင်းယူပေးခဲ့သော်လည်း သူ့အသင်းဟာ ပရီးမီးယားလိဂ်ကို တန်းမတက်နိုင်ခဲ့ပါဘူး။

ဝက်ကင်စ်ကို ဘရန့်ဖိုဒ့်အသင်းက ပေါင် ၂ သန်းနဲ့ပဲ ဝယ်ယူခဲ့တာဖြစ်လို့ သူ့ကို ရောင်းချလိုက်တာက သူ့အသင်းအတွက် အကျိုးအမြတ်များစွာ ရရှိမှာဖြစ်ပါတယ်။ပေါင် ၃၃ သန်းဟာ ဝက်ကင်စ်ကို ချန်ပီယံရှစ်ကနေ တန်းကြေးအမြင့်မားဆုံးသော ကစားသမားဖြစ်စေပါတယ်။

ဝက်ကင်စ်ကို စပါး၊ ခရစ္စတယ်ပဲလေ့စ် နဲ့ ဝက်စ်ဟမ်း အပါအဝင် ပရီးမီးယားလိဂ်က အသင်းတော်တော်များများက စိတ်ဝင်စားခဲ့ပါတယ်။ သို့သော်လည်း အက်စတွန်ဗီလာအသင်းက ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ အက်စတွန်ဗီလာအသင်းဟာ နယူးကာဆယ်ကို ပြောင်းသွားတဲ့ ဘုန်းမောက်တိုက်စစ်မှူး ဝီလ်ဆင်ကို လက်လွှတ်ခဲ့ရပြီး ဂျိုရှုအာကင်း နဲ့ လီဗာပူးလ်လူငယ်တိုက်စစ်မှူး ဘရူးစတားကို ပစ်မှတ်ထားခဲ့ပါတယ်။ ဝက်ကင်စ်လိုပဲ ဘရူးစတားဟာ ပရီးမီးယားလိဂ်မှာ မကစားရသော်လည်း ပြီးခဲ့တဲ့ရာသီက ဆွမ်ဆီးအသင်းထံ အငှားသွားရောက်ကစားခဲ့စဉ်က ဒုတိယရာသီဝက်မှာ (၂၂) ပွဲကစားခဲ့ပြီး (၁၁) ဂိုးသွင်းပေးခဲ့သူဖြစ်ပါတယ်။

ဘရန္႔ဖိုဒ့္တိုက္စစ္မွဴး ၀က္ကင္စ္ကို ေပါင္ ၃၃ သန္းနဲ႔ ေခၚယူရန္ သေဘာတူညီမႈ ရရွိခဲ့တဲ့ အက္စတြန္ဗီလာအသင္း

အက္စတြန္ဗီလာအသင္းဟာ ဘရန္႔ဖိုဒ့္အသင္းရဲ႕ တိုက္စစ္မွဴး ၀က္ကင္စ္ကို အသင္းရဲ႕ စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ကနဦး ေပါင္ ၂၈ သန္းေပးရမွာျဖစ္ျပီး အပိုဆုေၾကးေတြနဲ႔ ေပါင္ ၃၃ သန္းအထိ ျမင့္တက္သြားႏိုင္တဲ့ စာခ်ဳပ္နဲ႔ သေဘာတူညီမႈ ရရွိသြားျပီျဖစ္ပါတယ္။ တိုက္စစ္မွဴးဟာ အဂၤါေန႔မနက္က ခ်န္ပီယံရွစ္ကလပ္မွာပဲ ေလ့က်င့္ေရးဆင္းေနေပမယ့္ သေဘာတူညီမႈရရွိသြားျပီး မၾကာခင္မွာပဲ အက္စတြန္ဗီလာအသင္းထံကို သြားေရာက္ျပီး ေဆးစစ္မႈ ခံယူရေတာ့မွာပါ။

အက္စတြန္ဗီလာနည္းျပ ဒင္းစမစ္က အသင္းကို စတင္ တာ၀န္ယူခဲ့တဲ့ ၂၀၁၇ ခုႏွစ္ကတည္း ၀က္ကင္စ္ကို Exeter ကေန ေခၚခ်င္ခဲ့တာျဖစ္ပါတယ္။အက္စတြန္ဗီလာအသင္းဟာ ဇန္န၀ါရီအေျပာင္းအေရႊ႕တုန္းက ဂ်န္႔က ဆမ္မာတာ ကို ေပါင္ ၈.၅ သန္းနဲ႔ ေခၚယူခဲ့ေသာ္လည္း တန္ဇနီးယန္း တိုက္စစ္မွဴးဟာ ဒုတိယရာသီ၀က္မွာ (၂) ဂိုးပဲ သြင္းယူေပးခဲ့ပါတယ္။ ျပီးခဲ့တဲ့ရာသီက ၀က္ကင္စ္ဟာ ဘရန္႔ဖိုဒ့္အသင္းအတြက္ (၂၆) ဂိုးသြင္းယူေပးခဲ့ေသာ္လည္း သူ႔အသင္းဟာ ပရီးမီးယားလိဂ္ကို တန္းမတက္ႏိုင္ခဲ့ပါဘူး။

၀က္ကင္စ္ကို ဘရန္႔ဖိုဒ့္အသင္းက ေပါင္ ၂ သန္းနဲ႔ပဲ ၀ယ္ယူခဲ့တာျဖစ္လို႔ သူ႔ကို ေရာင္းခ်လိုက္တာက သူ႔အသင္းအတြက္ အက်ိဳးအျမတ္မ်ားစြာ ရရွိမွာျဖစ္ပါတယ္။ေပါင္ ၃၃ သန္းဟာ ၀က္ကင္စ္ကို ခ်န္ပီယံရွစ္ကေန တန္းေၾကးအျမင့္မားဆံုးေသာ ကစားသမားျဖစ္ေစပါတယ္။

၀က္ကင္စ္ကို စပါး၊ ခရစၥတယ္ပဲေလ့စ္ နဲ႔ ၀က္စ္ဟမ္း အပါအ၀င္ ပရီးမီးယားလိဂ္က အသင္းေတာ္ေတာ္မ်ားမ်ားက စိတ္၀င္စားခဲ့ပါတယ္။ သို႔ေသာ္လည္း အက္စတြန္ဗီလာအသင္းက ေခၚယူႏိုင္ခဲ့တာျဖစ္ပါတယ္။ အက္စတြန္ဗီလာအသင္းဟာ နယူးကာဆယ္ကို ေျပာင္းသြားတဲ့ ဘုန္းေမာက္တုိက္စစ္မွဴး ၀ီလ္ဆင္ကို လက္လႊတ္ခဲ့ရျပီး ဂ်ိဳရႈအာကင္း နဲ႔ လီဗာပူးလ္လူငယ္တိုက္စစ္မွဴး ဘရူးစတားကို ပစ္မွတ္ထားခဲ့ပါတယ္။ ၀က္ကင္စ္လိုပဲ ဘရူးစတားဟာ ပရီးမီးယားလိဂ္မွာ မကစားရေသာ္လည္း ျပီးခဲ့တဲ့ရာသီက ဆြမ္ဆီးအသင္းထံ အငွားသြားေရာက္ကစားခဲ့စဥ္က ဒုတိယရာသီ၀က္မွာ (၂၂) ပြဲကစားခဲ့ျပီး (၁၁) ဂိုးသြင္းေပးခဲ့သူျဖစ္ပါတယ္။