မန်စီးတီးအသင်းမှာ ဆက်နေပြီး ပွဲထွက်ခွင့်ရအောင် ကြိုးစားသွားမယ့် ဂျွန်စတုန်းစ်

မန်စီးတီးနောက်ခံလူ ဂျွန်စတုန်းက ဒီနွေရာသီမှာ အသင်းမှာ ဆက်နေပြီး ဂွါဒီယိုလာရဲ့ လူစာရင်းမှာ ပွဲထွက်ခွင့်ရအောင် ကြိုးစားသွားမယ်လို့ သိရပါတယ်။ အသက် ၂၆ နှစ်အရွယ်ကစားသမားဟာ မန်စီးတီးအသင်းနဲ့ အင်္ဂလန်လက်ရွေးစင်လူစာရင်းမှာ ပွဲထွက်ခွင့် ပျောက်ဆုံးနေတာ ဖြစ်ပါတယ်။အဲ့ဒါကြောင့် ဂျွန်စတုန်းကို ပရီးမီးယားလိဂ်က အာဆင်နယ်၊ ချဲလ်ဆီး နဲ့ ဝက်စ်ဟမ်းအသင်းတို့အပါအဝင် အသင်းတော်တော်များများက ခေါ်ယူရန် စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။

သို့သော်လည်း တယ်လီဂရပ်ဖ်က အဆိုအရ ဂျွန်စတုန်းစ်ဟာ မန်စီးတီးအသင်းက ထွက်ခွာမှာ မဟုတ်ပဲ ဂွါဒီယိုလာရဲ့ ယုံကြည်မှုကို ပြန်ရအောင် ကြိုးစားသွားမယ်လို့ သိရပါတယ်။စပိန်လူမျိုးနည်းပြဟာ အသင်းရဲ့ နောက်တန်းအင်အားကို ဘုန်းမောက်က နသန်အကီကို ပေါင် ၄၁ သန်းနဲ့ ခေါ်ယူပြီး အင်အားဖြည့်တင်းထားတာဖြစ်ပါတယ်။ မန်စီးတီးအသင်းမှာ ဗဟိုနောက်ခံလူအဖြစ် လာပေါ်တီ၊ အဲရစ်ဂါစီယာ ၊ ဖာနန်ဒင်ဟို နဲ့ အော်တာမန်ဒီတို့ က ဂျွန်စတုန်းစ် အရှေ့မှာ ရှိနေပါသေးတယ်။

ချဲလ်ဆီးအသင်းက ဂျွန်စတုန်းစ်ကို စိတ်ဝင်စားတယ်လို့ သတင်းထွက်ခဲ့ပေမယ့် သီယာဂိုဆေးလ်ဗား နဲ့ မာလန်းဆားတို့ကို ခေါ်ယူထားပြီး ဖြစ်ပါတယ်။အင်္ဂလန်နောက်ခံလူဟာ မန်စီးတီးအသင်းဆီ ၂၀၁၆ ခုနှစ်က အဲဗာတန်အသင်းကနေ ပေါင်သန်း ၅၀ နဲ့ ရောက်ရှိလာပြီး အဲ့ဒီအချိန်တုန်းက ပရီးမီးယားလိဂ်ရဲ့ ဒုတိယတန်ကြေးအမြင့်ဆုံး နောက်ခံလူဖြစ်ခဲ့ပါတယ်။ သူဟာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက်လည်း (၃၉) ပွဲပါဝင်ကစားခဲ့ပြီး ၂၀၁၈ ကမ္ဘာ့ဖလား တတိယနေရာနဲ့ ၂၀၁၉ နေရှင်းလိဂ်ဗိုလ်လုပွဲတို့ကို တက်လှမ်းနိုင်ခဲ့သူဖြစ်ပါတယ်။

မန္စီးတီးအသင္းမွာ ဆက္ေနျပီး ပြဲထြက္ခြင့္ရေအာင္ ၾကိဳးစားသြားမယ့္ ဂၽြန္စတုန္းစ္

မန္စီးတီးေနာက္ခံလူ ဂၽြန္စတုန္းက ဒီေႏြရာသီမွာ အသင္းမွာ ဆက္ေနျပီး ဂြါဒီယိုလာရဲ႕ လူစာရင္းမွာ ပြဲထြက္ခြင့္ရေအာင္ ၾကိဳးစားသြားမယ္လို႔ သိရပါတယ္။ အသက္ ၂၆ ႏွစ္အရြယ္ကစားသမားဟာ မန္စီးတီးအသင္းနဲ႔ အဂၤလန္လက္ေရြးစင္လူစာရင္းမွာ ပြဲထြက္ခြင့္ ေပ်ာက္ဆံုးေနတာ ျဖစ္ပါတယ္။အဲ့ဒါေၾကာင့္ ဂၽြန္စတုန္းကို ပရီးမီးယားလိဂ္က အာဆင္နယ္၊ ခ်ဲလ္ဆီး နဲ႔ ၀က္စ္ဟမ္းအသင္းတို႔အပါအ၀င္ အသင္းေတာ္ေတာ္မ်ားမ်ားက ေခၚယူရန္ စိတ္၀င္စားေနၾကတာ ျဖစ္ပါတယ္။

သို႔ေသာ္လည္း တယ္လီဂရပ္ဖ္က အဆုိအရ ဂၽြန္စတုန္းစ္ဟာ မန္စီးတီးအသင္းက ထြက္ခြာမွာ မဟုတ္ပဲ ဂြါဒီယိုလာရဲ႕ ယံုၾကည္မႈကို ျပန္ရေအာင္ ၾကိဳးစားသြားမယ္လို႔ သိရပါတယ္။စပိန္လူမ်ိဳးနည္းျပဟာ အသင္းရဲ႕ ေနာက္တန္းအင္အားကို ဘုန္းေမာက္က နသန္အကီကို ေပါင္ ၄၁ သန္းနဲ႔ ေခၚယူျပီး အင္အားျဖည့္တင္းထားတာျဖစ္ပါတယ္။ မန္စီးတီးအသင္းမွာ ဗဟိုေနာက္ခံလူအျဖစ္ လာေပၚတီ၊ အဲရစ္ဂါစီယာ ၊ ဖာနန္ဒင္ဟို နဲ႔ ေအာ္တာမန္ဒီတို႔ က ဂၽြန္စတုန္းစ္ အေရွ႕မွာ ရွိေနပါေသးတယ္။

ခ်ဲလ္ဆီးအသင္းက ဂၽြန္စတုန္းစ္ကို စိတ္၀င္စားတယ္လို႔ သတင္းထြက္ခဲ့ေပမယ့္ သီယာဂိုေဆးလ္ဗား နဲ႔ မာလန္းဆားတို႔ကို ေခၚယူထားျပီး ျဖစ္ပါတယ္။အဂၤလန္ေနာက္ခံလူဟာ မန္စီးတီးအသင္းဆီ ၂၀၁၆ ခုႏွစ္က အဲဗာတန္အသင္းကေန ေပါင္သန္း ၅၀ နဲ႔ ေရာက္ရွိလာျပီး အဲ့ဒီအခ်ိန္တုန္းက ပရီးမီးယားလိဂ္ရဲ႕ ဒုတိယတန္ေၾကးအျမင့္ဆံုး ေနာက္ခံလူျဖစ္ခဲ့ပါတယ္။ သူဟာ အဂၤလန္လက္ေရြးစင္အသင္းအတြက္လည္း (၃၉) ပြဲပါ၀င္ကစားခဲ့ျပီး ၂၀၁၈ ကမာၻ႕ဖလား တတိယေနရာနဲ႔ ၂၀၁၉ ေနရွင္းလိဂ္ဗိုလ္လုပြဲတို႔ကို တက္လွမ္းႏိုင္ခဲ့သူျဖစ္ပါတယ္။