အင်္ဂလန်အသင်းရဲ့ ဟိုတယ်ဆီ မိန်းကလေးခေါ်ယူခဲ့တဲ့ ယူနိုက်တက်တိုက်စစ်မှူး ဂရင်းဝုဒ် ပြန်လည်တောင်းပန်

ယူနိုက်တက်တိုက်စစ်မှူး ဂရင်းဝုဒ်က အိုက်စလန်မှာ ရှိနေစဉ် အင်္ဂလန်အသင်း တည်းခိုတဲ့ ဟိုတယ်ဆီ မိန်းကလေးခေါ်ယူခဲ့လို့ အင်္ဂလန်လက်ရွေးစင်လူစာရင်းကနေ ထုတ်ပယ်ခြင်းခံလိုက်ရပြီးနောက် ပြန်လည်တောင်းပန်သွားခဲ့ပါတယ်။ ဂရင်းဝုဒ် နဲ့ ဖိုဒန်တို့ (၂) ယောက်ဟာ အင်္ဂလန်လက်ရွေးစင်အသင်းကြီးအတွက် ပထမဆုံးခေါ်ယူခြင်းခံခဲ့ရသော်လည်း နည်းပြဆောက်ဂိတ်က လူစာရင်းကနေ ထုတ်ပယ်လိုက်ပြီဖြစ်ပါတယ်။

တနလာၤနေ့က ဖိုဒန်တောင်းပန်သွားပြီးနောက် ဂရင်းဝုဒ်ကလည်း ဒီနေ့မှာ တောင်းပန်သွားပါတယ်။ ယူနိုက်တက်ရဲ့ တရားဝင်ဝက်ဘ်ဆိုဒ်က ထုတ်ပြန်ချက်မှာ ဂရင်းဝုဒ်က “အခုအချိန်က ဖြစ်ပျက်ခဲ့တာတွေကို ပြန်တောင်းပန်ရမယ့်အခွင့်အရေးရှိနေပါတယ်။ ကျွန်တော်ကျူးလွန်ခဲ့တဲ့ အရှက်ရစရာ ကိစ္စအတွက် အားလုံးကို ကျွန်တော်ကပဲ တောင်းပန်ရမှာပါ။

ကျွန်တော်ဟာ ကစားသမားတွေ၊ ဝန်ထမ်းတွေနဲ့ ပြည်သူတွေအတွက် ချမှတ်ထားတဲ့ ကိုဗစ်-၁၉ စည်းမျဉ်းတွေကို တာဝန်မဲ့စွာ ချိုးဖောက်ခဲ့သူပါ။ အထူးသဖြင့် နည်းပြ ဆောက်ဂိတ် ကို သူကျွန်တော့်အပေါ် ယုံကြည်ခဲ့တာကို စိတ်ပျက်စေမိတဲ့အတွက် တောင်းပန်ချင်ပါတယ်။ အင်္ဂလန်အသင်းအတွက် ကစားပေးရတာက ကျွန်တော့်ဘဝမှာ ဂုဏ်ယူရဆုံးအခိုက်အတန့်ဖြစ်ပြီး ဒီကြီးမားတဲ့ အမှားအတွက် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ရမှာပါ။ ဒီအမှားကနေ သင်ခန်းစာယူသွားမယ်ဆိုတာကို ကျွန်တော့်မိသားစု၊ ပရိသတ်၊ ယူနိုက်တက် နဲ့ အင်္ဂလန်အသင်းကို ကတိပေးပါတယ်” လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။

အဂၤလန္အသင္းရဲ႕ ဟိုတယ္ဆီ မိန္းကေလးေခၚယူခဲ့တဲ့ ယူႏုိက္တက္တိုက္စစ္မွဴး ဂရင္း၀ုဒ္ ျပန္လည္ေတာင္းပန္

ယူႏိုက္တက္တိုက္စစ္မွဴး ဂရင္း၀ုဒ္က အိုက္စလန္မွာ ရွိေနစဥ္ အဂၤလန္အသင္း တည္းခိုတဲ့ ဟိုတယ္ဆီ မိန္းကေလးေခၚယူခဲ့လို႔ အဂၤလန္လက္ေရြးစင္လူစာရင္းကေန ထုတ္ပယ္ျခင္းခံလိုက္ရျပီးေနာက္ ျပန္လည္ေတာင္းပန္သြားခဲ့ပါတယ္။ ဂရင္း၀ုဒ္ နဲ႔ ဖိုဒန္တို႔ (၂) ေယာက္ဟာ အဂၤလန္လက္ေရြးစင္အသင္းၾကီးအတြက္ ပထမဆံုးေခၚယူျခင္းခံခဲ့ရေသာ္လည္း နည္းျပေဆာက္ဂိတ္က လူစာရင္းကေန ထုတ္ပယ္လိုက္ျပီျဖစ္ပါတယ္။

တနလာၤေန႔က ဖိုဒန္ေတာင္းပန္သြားျပီးေနာက္ ဂရင္း၀ုဒ္ကလည္း ဒီေန႔မွာ ေတာင္းပန္သြားပါတယ္။ ယူႏိုက္တက္ရဲ႕ တရား၀င္၀က္ဘ္ဆိုဒ္က ထုတ္ျပန္ခ်က္မွာ ဂရင္း၀ုဒ္က “အခုအခ်ိန္က ျဖစ္ပ်က္ခဲ့တာေတြကို ျပန္ေတာင္းပန္ရမယ့္အခြင့္အေရးရွိေနပါတယ္။ ကၽြန္ေတာ္က်ဴးလြန္ခဲ့တဲ့ အရွက္ရစရာ ကိစၥအတြက္ အားလံုးကို ကၽြန္ေတာ္ကပဲ ေတာင္းပန္ရမွာပါ။

ကၽြန္ေတာ္ဟာ ကစားသမားေတြ၊ ၀န္ထမ္းေတြနဲ႔ ျပည္သူေတြအတြက္ ခ်မွတ္ထားတဲ့ ကိုဗစ္-၁၉ စည္းမ်ဥ္းေတြကို တာ၀န္မဲ့စြာ ခ်ိဳးေဖာက္ခဲ့သူပါ။ အထူးသျဖင့္ နည္းျပ ေဆာက္ဂိတ္ ကို သူကၽြန္ေတာ့္အေပၚ ယံုၾကည္ခဲ့တာကို စိတ္ပ်က္ေစမိတဲ့အတြက္ ေတာင္းပန္ခ်င္ပါတယ္။ အဂၤလန္အသင္းအတြက္ ကစားေပးရတာက ကၽြန္ေတာ့္ဘ၀မွာ ဂုဏ္ယူရဆံုးအခိုက္အတန္႔ျဖစ္ျပီး ဒီၾကီးမားတဲ့ အမွားအတြက္ ကိုယ့္ကိုယ္ကိုယ္ အျပစ္တင္ရမွာပါ။ ဒီအမွားကေန သင္ခန္းစာယူသြားမယ္ဆိုတာကို ကၽြန္ေတာ့္မိသားစု၊ ပရိသတ္၊ ယူႏိုက္တက္ နဲ႔ အဂၤလန္အသင္းကို ကတိေပးပါတယ္” လို႔ ေျပာသြားခဲ့တာျဖစ္ပါတယ္။