အာဆင်နယ်ဂိုးသမား မာတီနက်ဇ်ကို ခေါ်ယူလိုပေမယ့် ပေါင်သန်း ၂၀ ကိုပေးရန် လက်တွန့်နေတဲ့ အက်စတွန်ဗီလာအသင်း

အက်စတွန်ဗီလာအသင်းဟာ အာဆင်နယ်ဂိုးသမား မာတီနက်ဇ်ကို ခေါ်ယူရန် စုံစမ်းနေပေမယ့် အာဆင်နယ်အသင်းက တောင်းဆိုတဲ့ ပေါင်သန်း ၂၀ ကို ပေးရန် လက်တွန့်နေတာဖြစ်ပါတယ်။ အက်စတွန်ဗီလာအသင်းဟာ ဂိုးသမား တွမ်ဟိတန် ဒဏ်ရာရနေလို့ ဈေးကွက်ထဲမှာ ဂိုးသမား တစ်ယောက် ရှာဖွေနေတာပါ။ အဲ့ဒါကြောင့် အက်စတွန်ဗီလာအသင်းဟာ အာဆင်နယ်ဂိုးသမား မာတီနက်ဇ်ကို ခေါ်ယူရန် စဉ်းစားနေတာဖြစ်ပါတယ်။

အက်စတွန်ဗီလာအသင်းဟာ ယူနိုက်တက်အသင်းမှာ ပုံမှန်ပွဲကစားခွင့် မရတဲ့ ရိုမဲရိုးကိုလည်း ခေါ်ယူရန် စဉ်းစားနေတာဖြစ်ပါတယ်။ ရိုမဲရိုးဟာ အာဂျင်တီးနား လက်ရွေးစင်အသင်းမှာ ကစားခွင့်ရရန်အတွက် ပုံမှန်ပွဲကစားခွင့်လိုအပ်သူပါ။ မာတီနက်ဇ်ကလည်း သူ့ရဲ့ စွမ်းဆောင်ရည်တွေကြောင့် အာဆင်နယ်အသင်းမှာ ပထမပွဲထွက်ခွင့်ကို ရချင်နေသူပါ။ လိဒ်ယူနိုက်တက် နဲ့ ရှော်လ်ကေးအသင်းတို့ကလည်း သူ့ကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

အသက် ၂၇ နှစ်အရွယ်ကစားသမားဟာ အာဆင်နယ်အသင်းအတွက် စွမ်းဆောင်ရည်ကောင်းတွေ ပြထားပြီး ဒီလအစောပိုင်းက ချဲလ်ဆီးအသင်းကို အနိုင်ယူပြီး အက်ဖ်အေဖလား ဆွတ်ခူးရယူပေးခဲ့ရာမှာ အဓိက စွမ်းဆောင်းပေးထားပါတယ်။ သို့သော်လည်း မာတီနက်ဇ်က သူ့ရဲ့ စွမ်းဆောင်ရည်ကောင်းတွေကြောင့် အသင်းမှာ နံပါတ် (၁) နေရာပေးရန် တောင်းဆိုထားတာဖြစ်ပါတယ်။


အာဂျုင်တီးနား ဂိုးသမားက “ကျွန်တော်အာဆင်နယ်အသင်းမှာ ဆက်နေချင်ပေမယ့် ပွဲကစားချိန် ပိုရမှ ဖြစ်မှာပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်အသက် နဲ့ ကျွန်တော့် စွမ်းဆောင်ရည်ကြောင့်ပါ။ ပွဲကစားချိန် များများရမှသာ ကျွန်တော့်ကိုယ် ကျွန်တော် ယုံကြည်မှု ရှိမှာပါ။
ဥရောပ အသင်း (၁၀) သင်းလောက် ကျွန်တော့်ကို စိတ်ဝင်စားနေပါတယ်။ ဒါပေမယ့် ဘယ်အရာကမှ အတည်မဖြစ်သေးလို့ ဘယ်အသင်းတွေလဲဆိုတာ ကျွန်တော်ပြောမှာ မဟုတ်ပါဘူး။ အာဆင်နယ်အသင်းနဲ့ အခြေအနေက အခုအထိ ရှင်းရှင်းလင်းလင်းမရှိသေးပါဘူး။ ဘောလုံးပွဲတွေ ပြန်စလာရင် ကျွန်တော်အကောင်းဆုံး ဆုံးဖြတ်ချက် ချသွားမှာပါ” လို့ မာကာ သတင်းဌာနကို ပြောသွားခဲ့ပါတယ်။

အာဆင္နယ္ဂိုးသမား မာတီနက္ဇ္ကို ေခၚယူလိုေပမယ့္ ေပါင္သန္း ၂၀ ကိုေပးရန္ လက္တြန႔္ေနတဲ့ အက္စတြန္ဗီလာအသင္း

အက္စတြန္ဗီလာအသင္းဟာ အာဆင္နယ္ဂိုးသမား မာတီနက္ဇ္ကို ေခၚယူရန္ စုံစမ္းေနေပမယ့္ အာဆင္နယ္အသင္းက ေတာင္းဆိုတဲ့ ေပါင္သန္း ၂၀ ကို ေပးရန္ လက္တြန႔္ေနတာျဖစ္ပါတယ္။ အက္စတြန္ဗီလာအသင္းဟာ ဂိုးသမား တြမ္ဟိတန္ ဒဏ္ရာရေနလို႔ ေဈးကြက္ထဲမွာ ဂိုးသမား တစ္ေယာက္ ရွာေဖြေနတာပါ။ အဲ့ဒါေၾကာင့္ အက္စတြန္ဗီလာအသင္းဟာ အာဆင္နယ္ဂိုးသမား မာတီနက္ဇ္ကို ေခၚယူရန္ စဥ္းစားေနတာျဖစ္ပါတယ္။

အက္စတြန္ဗီလာအသင္းဟာ ယူႏိုက္တက္အသင္းမွာ ပုံမွန္ပြဲကစားခြင့္ မရတဲ့ ႐ိုမဲ႐ိုးကိုလည္း ေခၚယူရန္ စဥ္းစားေနတာျဖစ္ပါတယ္။ ႐ိုမဲ႐ိုးဟာ အာဂ်င္တီးနား လက္ေ႐ြးစင္အသင္းမွာ ကစားခြင့္ရရန္အတြက္ ပုံမွန္ပြဲကစားခြင့္လိုအပ္သူပါ။ မာတီနက္ဇ္ကလည္း သူ႔ရဲ႕ စြမ္းေဆာင္ရည္ေတြေၾကာင့္ အာဆင္နယ္အသင္းမွာ ပထမပြဲထြက္ခြင့္ကို ရခ်င္ေနသူပါ။ လိဒ္ယူႏိုက္တက္ နဲ႔ ေရွာ္လ္ေကးအသင္းတို႔ကလည္း သူ႔ကို စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။

အသက္ ၂၇ ႏွစ္အ႐ြယ္ကစားသမားဟာ အာဆင္နယ္အသင္းအတြက္ စြမ္းေဆာင္ရည္ေကာင္းေတြ ျပထားၿပီး ဒီလအေစာပိုင္းက ခ်ဲလ္ဆီးအသင္းကို အႏိုင္ယူၿပီး အက္ဖ္ေအဖလား ဆြတ္ခူးရယူေပးခဲ့ရာမွာ အဓိက စြမ္းေဆာင္းေပးထားပါတယ္။ သို႔ေသာ္လည္း မာတီနက္ဇ္က သူ႔ရဲ႕ စြမ္းေဆာင္ရည္ေကာင္းေတြေၾကာင့္ အသင္းမွာ နံပါတ္ (၁) ေနရာေပးရန္ ေတာင္းဆိုထားတာျဖစ္ပါတယ္။

အာဂ်ဳင္တီးနား ဂိုးသမားက “ကြၽန္ေတာ္အာဆင္နယ္အသင္းမွာ ဆက္ေနခ်င္ေပမယ့္ ပြဲကစားခ်ိန္ ပိုရမွ ျဖစ္မွာပါ။ ဘာေၾကာင့္လဲဆိုေတာ့ ကြၽန္ေတာ့္အသက္ နဲ႔ ကြၽန္ေတာ့္ စြမ္းေဆာင္ရည္ေၾကာင့္ပါ။ ပြဲကစားခ်ိန္ မ်ားမ်ားရမွသာ ကြၽန္ေတာ့္ကိုယ္ ကြၽန္ေတာ္ ယုံၾကည္မႈ ရွိမွာပါ။

ဥေရာပ အသင္း (၁၀) သင္းေလာက္ ကြၽန္ေတာ့္ကို စိတ္ဝင္စားေနပါတယ္။ ဒါေပမယ့္ ဘယ္အရာကမွ အတည္မျဖစ္ေသးလို႔ ဘယ္အသင္းေတြလဲဆိုတာ ကြၽန္ေတာ္ေျပာမွာ မဟုတ္ပါဘူး။ အာဆင္နယ္အသင္းနဲ႔ အေျခအေနက အခုအထိ ရွင္းရွင္းလင္းလင္းမရွိေသးပါဘူး။ ေဘာလုံးပြဲေတြ ျပန္စလာရင္ ကြၽန္ေတာ္အေကာင္းဆုံး ဆုံးျဖတ္ခ်က္ ခ်သြားမွာပါ” လို႔ မာကာ သတင္းဌာနကို ေျပာသြားခဲ့ပါတယ္။