ဘတ်ရှုအာယီကို စာချုပ်သက်တမ်းတိုးပြီး ခရစ္စတယ်ပဲလေ့စ်အသင်းထံ အငှားချရန် ပြင်ဆင်နေတဲ့ ချဲလ်ဆီးအသင်း

ချဲလ်ဆီးအသင်းဟာ တိုက်စစ်မှူး ဘတ်ရှုအာယီကို ခရစ္စတယ်ပဲလေ့စ်အသင်းထံ အငှားချရန် စီစဉ်နေပြီဖြစ်ပါတယ်။ အသက် ၂၆ နှစ်အရွယ် ချဲလ်ဆီးတိုက်စစ်မှူး ဘတ်ရှုအာယီဟာ အသင်းနဲ့ တစ်နှစ်စာချုပ်သက်တမ်းတိုးပြီး ခရစ္စတယ်ပဲလေ့စ်ထံ အငှားသွားရောက်ကစားရမှာပါ။ ဘတ်ရှုအာယီရဲ့ ချဲလ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်းဟာ နောက်ရာသီမှာ ကုန်ဆုံးမှာဖြစ်လို့ ချဲလ်ဆီးအသင်းက သူ့ကို အငှားချပြီးတာနဲ့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ မထွက်ခွာစေချင်တာဖြစ်ပါတယ်။

ဘတ်ရှုအာယီဟာ ၂၀၁၆ ခုနှစ်တုန်းက မာဆေးလ်အသင်းကနေ ချဲလ်ဆီးကို ပေါင် ၃၃ သန်းနဲ့ ရောက်လာသူဖြစ်ပေမယ့် ပုံမှန်ပွဲကစားခွင့်ရရန် ရုန်းကန်နေရပြီး ဒီနွေရာသီမှာ အသင်းက ထွက်ခွာရရန် သတင်းထွက်နေပါတယ်။ ချဲလ်ဆီးအသင်းဟာ ဂျီရူးနဲ့ အေဘရာဟမ်ရှိတဲ့ တိုက်စစ်အတွက် တီမိုဝါနာကိုပါ ပေါင် ၅၃ သန်းနဲ့ ထပ်ခေါ်လိုက်လို့ ဘတ်ရှုအာယီဟာ လမ်းပတ်ရဲ့အသင်းမှာ စတုတ္ထမြောက်ရွေးချယ်စရာဖြစ်သွားပါပြီ။

ချဲလ်ဆီးအသင်းဟာ ဘတ်ရှုအာယီကို ဗလင်စီယာ ၊ ဒေါ့မွန် နဲ့ ပဲလေ့စ်အသင်းတို့မှာလည်း အငှားချခဲ့ပါသေးတယ်။ ပဲလေ့စ်မှာကစားခဲ့တဲ့ ၂၀၁၈-၁၀ ဘောလုံးရာသီ ဒုတိယရာသီဝက်မှာ ဘတ်ရှုအာယီဟာ (၁၃) ပွဲကစားခဲ့ပြီး (၇) ဂိုးသွင်းပေးခဲ့သူဖြစ်ပါတယ်။ ယခုအခါ ဝက်စ်ဘရွန်း၊ နယူးကာဆယ်၊ လိဒ် နဲ့ ဂျာမနီက ကလပ်အသင်းတွေက စိတ်ဝင်စားနေတဲ့ ဘတ်ရှုအာယီကို ခေါ်ယူနိုင်ရန် ပဲလေ့စ်အသင်းက ရေပန်းအစားဆုံးဖြစ်နေတာပါ။

ဘတ္ရႈအာယီကို စာခ်ဳပ္သက္တမ္းတိုးျပီး ခရစၥတယ္ပဲေလ့စ္အသင္းထံ အငွားခ်ရန္ ျပင္ဆင္ေနတဲ့ ခ်ဲလ္ဆီးအသင္း

ခ်ဲလ္ဆီးအသင္းဟာ တိုက္စစ္မွဴး ဘတ္ရႈအာယီကို ခရစၥတယ္ပဲေလ့စ္အသင္းထံ အငွားခ်ရန္ စီစဥ္ေနျပီျဖစ္ပါတယ္။ အသက္ ၂၆ ႏွစ္အရြယ္ ခ်ဲလ္ဆီးတိုက္စစ္မွဴး ဘတ္ရႈအာယီဟာ အသင္းနဲ႔ တစ္ႏွစ္စာခ်ဳပ္သက္တမ္းတိုးျပီး ခရစၥတယ္ပဲေလ့စ္ထံ အငွားသြားေရာက္ကစားရမွာပါ။ ဘတ္ရႈအာယီရဲ႕ ခ်ဲလ္ဆီးအသင္းနဲ႔ စာခ်ဳပ္သက္တမ္းဟာ ေနာက္ရာသီမွာ ကုန္ဆံုးမွာျဖစ္လို႔ ခ်ဲလ္ဆီးအသင္းက သူ႔ကို အငွားခ်ျပီးတာနဲ႔ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ မထြက္ခြာေစခ်င္တာျဖစ္ပါတယ္။

ဘတ္ရႈအာယီဟာ ၂၀၁၆ ခုႏွစ္တုန္းက မာေဆးလ္အသင္းကေန ခ်ဲလ္ဆီးကို ေပါင္ ၃၃ သန္းနဲ႔ ေရာက္လာသူျဖစ္ေပမယ့္ ပံုမွန္ပြဲကစားခြင့္ရရန္ ရုန္းကန္ေနရျပီး ဒီေႏြရာသီမွာ အသင္းက ထြက္ခြာရရန္ သတင္းထြက္ေနပါတယ္။ ခ်ဲလ္ဆီးအသင္းဟာ ဂ်ီရူးနဲ႔ ေအဘရာဟမ္ရွိတဲ့ တိုက္စစ္အတြက္ တီမို၀ါနာကိုပါ ေပါင္ ၅၃ သန္းနဲ႔ ထပ္ေခၚလိုက္လို႔ ဘတ္ရႈအာယီဟာ လမ္းပတ္ရဲ႕အသင္းမွာ စတုတၳေျမာက္ေရြးခ်ယ္စရာျဖစ္သြားပါျပီ။

ခ်ဲလ္ဆီးအသင္းဟာ ဘတ္ရႈအာယီကို ဗလင္စီယာ ၊ ေဒါ့မြန္ နဲ႔ ပဲေလ့စ္အသင္းတို႔မွာလည္း အငွားခ်ခဲ့ပါေသးတယ္။ ပဲေလ့စ္မွာကစားခဲ့တဲ့ ၂၀၁၈-၁၀ ေဘာလံုးရာသီ ဒုတိယရာသီ၀က္မွာ ဘတ္ရႈအာယီဟာ (၁၃) ပြဲကစားခဲ့ျပီး (၇) ဂိုးသြင္းေပးခဲ့သူျဖစ္ပါတယ္။ ယခုအခါ ၀က္စ္ဘရြန္း၊ နယူးကာဆယ္၊ လိဒ္ နဲ႔ ဂ်ာမနီက ကလပ္အသင္းေတြက စိတ္၀င္စားေနတဲ့ ဘတ္ရႈအာယီကို ေခၚယူႏိုင္ရန္ ပဲေလ့စ္အသင္းက ေရပန္းအစားဆံုးျဖစ္ေနတာပါ။