ဟီမီနက်ဇ်ကို ပေါင် ၆၂ သန်း နဲ့ ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံလိုက်ရတဲ့ မန်စီးတီး

မန်စီးတီးအသင်းဟာ အက်သလက်တီကိုမက်ဒရစ်နောက်ခံလူ ဟီမီနက်ဇ်ကို ပေါင် ၆၂ သန်းနဲ့ ကမ်းလှမ်းလိုက်ပေမယ့် ပယ်ချခံလိုက်ရတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ မန်စီးတီးအသင်းဟာ ဘုန်းမောက်နောက်ခံလူ နသန်အကီကို ခေါ်ယူထားပြီးဖြစ်သော်လည်း နည်းပြ ဂွါဒီယိုလာဟာ ပရီးမီးယားလိဂ် ရာသီသစ်အတွက် နောက်တန်းအင်အားကို ထပ်မံဖြည့်တင်းချင်နေတာဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ နာပိုလီနောက်ခံလူ ကူလီဘလီကို အဓိက ပစ်မှတ်ထားနေသော်လည်း မကြာသေးခင်က သတင်းများအရ နောက်ခံလူရဲ့ အေးဂျင့်ဟာ အပြောင်းအရွှေ့အတွက် အင်္ဂလန်ကို ရောက်ရှိနေပြီလို့ သိရပါတယ်။ သို့သော်ငြားလည်း ဂွါဒီယိုလာရဲ့ အသင်းဟာ ကူလီဘလီကို ခေါ်ယူရာမှာ အဆင်မပြေခဲ့ရင် နောက်ထပ် အခြားကစားသမားတွေကို ပစ်မှတ်ထားနေပြီး အက်သလက်တီကိုမက်ဒရစ်က ဟီမီနက်ဇ်ကို ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရတာဖြစ်ပါတယ်။

အက်သလက်တီကိုမက်ဒရစ် နည်းပြဆီမြွန်နီဟာ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၁၀၉ သန်းရှိပြီး အသင်းနဲ့ ၂၀၂၃ ခုနှစ်အထိ စာချုပ်ကျန်ရှိသေးတဲ့ အသက် ၂၅ နှစ်အရွယ်ကစားသမားကို အသင်းမှာ ဆက်ထားချင်နေတယ်လို့ သိရပါတယ်။ ဥရုဂွေးလက်ရွေးစင်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီက ဒဏ်ရာပြဿနာတွေကြောင့် ပွဲကစားရန် ရုန်းကန်ခဲ့ရပြီး အက်သလက်တီကိုမက်ဒရစ်အသင်းအတွက် ပြိုင်ပွဲစုံ ၂၇ ပွဲသာ ကစားထားရသူဖြစ်ပါတယ်။

ဟီမီနက္ဇ္ကို ေပါင္ ၆၂ သန္း နဲ႔ ကမ္းလွမ္းခဲ့ေပမယ့္ ပယ္ခ်ခံလိုက္ရတဲ့ မန္စီးတီး

မန္စီးတီးအသင္းဟာ အက္သလက္တီကိုမက္ဒရစ္ေနာက္ခံလူ ဟီမီနက္ဇ္ကို ေပါင္ ၆၂ သန္းနဲ႔ ကမ္းလွမ္းလိုက္ေပမယ့္ ပယ္ခ်ခံလိုက္ရတယ္လို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။ မန္စီးတီးအသင္းဟာ ဘုန္းေမာက္ေနာက္ခံလူ နသန္အကီကို ေခၚယူထားျပီးျဖစ္ေသာ္လည္း နည္းျပ ဂြါဒီယိုလာဟာ ပရီးမီးယားလိဂ္ ရာသီသစ္အတြက္ ေနာက္တန္းအင္အားကို ထပ္မံျဖည့္တင္းခ်င္ေနတာျဖစ္ပါတယ္။

မန္စီးတီးအသင္းဟာ နာပိုလီေနာက္ခံလူ ကူလီဘလီကို အဓိက ပစ္မွတ္ထားေနေသာ္လည္း မၾကာေသးခင္က သတင္းမ်ားအရ ေနာက္ခံလူရဲ႕ ေအးဂ်င့္ဟာ အေျပာင္းအေရႊ႕အတြက္ အဂၤလန္ကို ေရာက္ရွိေနျပီလို႔ သိရပါတယ္။ သို႔ေသာ္ျငားလည္း ဂြါဒီယိုလာရဲ႕ အသင္းဟာ ကူလီဘလီကို ေခၚယူရာမွာ အဆင္မေျပခဲ့ရင္ ေနာက္ထပ္ အျခားကစားသမားေတြကို ပစ္မွတ္ထားေနျပီး အက္သလက္တီကိုမက္ဒရစ္က ဟီမီနက္ဇ္ကို ကမ္းလွမ္းခဲ့ေပမယ့္ ပယ္ခ်ခံခဲ့ရတာျဖစ္ပါတယ္။

အက္သလက္တီကိုမက္ဒရစ္ နည္းျပဆီျမြန္နီဟာ စာခ်ဳပ္ဖ်က္သိမ္းေၾကး ေပါင္ ၁၀၉ သန္းရွိျပီး အသင္းနဲ႔ ၂၀၂၃ ခုႏွစ္အထိ စာခ်ဳပ္က်န္ရွိေသးတဲ့ အသက္ ၂၅ ႏွစ္အရြယ္ကစားသမားကို အသင္းမွာ ဆက္ထားခ်င္ေနတယ္လို႔ သိရပါတယ္။ ဥရုေဂြးလက္ေရြးစင္ကစားသမားဟာ ျပီးခဲ့တဲ့ရာသီက ဒဏ္ရာျပႆနာေတြေၾကာင့္ ပြဲကစားရန္ ရုန္းကန္ခဲ့ရျပီး အက္သလက္တီကိုမက္ဒရစ္အသင္းအတြက္ ျပိဳင္ပြဲစံု ၂၇ ပြဲသာ ကစားထားရသူျဖစ္ပါတယ္။