အရမ်းမိုက်တဲ့ ဒေးဗစ်ဘက်ခမ်းတောင် ကြည့်ရဆိုးနေတယ်လို့ ပရိသတ်တွေ ပြင်းပြင်းထန်ထန် ဝေဖန်နေတဲ့ ယူနိုက်တက်ရဲ့ ဒီနှစ်ဘောလုံးရာသီ တတိယမြောက်အင်္ကျီအသစ်

  

ယူနိုက်တက်အသင်းဟာ လာမယ့်ဘောလုံးရာသီသစ်အတွက် တတိယမြောက်အင်္ကျီအသစ်ကို မြင်းကျားပုံစံ ဒီဇိုင်း နဲ့ ကြေညာလိုက်ပါတယ်။ အသင်းရဲ့ အင်္ကျီကို ဒေးဗစ်ဘက်ခမ်းပါဝတ်ဆင်ပြီး ကြေညာခဲ့ပေမယ့် ပရိသတ်တွေကတော့ ပြင်းပြင်းထန်ထန်ဝေဖန်နေကြတာဖြစ်ပါတယ်။ ယူနိုက်တက်အသင်းက ဘရူနိုဖာနန်ဒက်စ်၊ ဂရင်းဝုဒ်၊ ရပ်ရှ်ဖိုဒ့် နဲ့ တွမ်မီနေးတို့ကလည်း အင်္ကျီအသစ်ကို ဝတ်ဆင်ပြီး ပြသသွားခဲ့ပါတယ်။

မနေ့က (တနလာၤနေ့) တုန်းကက ချဲလ်ဆီးအငသ်းကလည်း တတိယမြောက်အင်္ကျီကို ခရစ္စတယ်ပဲလေ့စ်အသင်း အင်္ကျီ ပုံစံ နဲ့ ထုတ်ခဲ့တာကို ချဲလ်ဆီးပရိသတ်တွေကလည်း “လူတွေက အစင်းကြားတွေကိုပဲ အသုံးပြုနေကြတယ်” လို့ ဝေဖန်နေကြတာဖြစ်ပါတယ်။

ပရိသတ်တစ်ယောက်က ယူနိုက်တက်ဂန္တဝင်ကစားသမားဟောင်း ဒေးဗစ်ဘက်ခမ်း ဝတ်ဆင်ထားသော်လည်း ဘာမှ ထူးထူးခြားခြား ပြောင်းလဲလာမှုမရှိပဲ “ဒေးဗစ်ဘက်ခမ်းတောင် ကြည့်လို့မကောင်းတဲ့ အင်္ကျီ “လို့ ဝေဖန်ခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီအစင်းကျားအင်္ကျီ ဒီဇိုင်းကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်လောက်က ပုံစံကို အသုံးပြုပြီး ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။



မနေ့က (တနလာင်္နေ့) တုန်းကက ချဲလ်ဆီးအငသ်းကလည်း တတိယမြောက်အင်္ကျီကို ခရစ္စတယ်ပဲလေ့စ်အသင်း အင်္ကျီ ပုံစံ နဲ့ ထုတ်ခဲ့တာကို ချဲလ်ဆီးပရိသတ်တွေကလည်း “လူတွေက အစင်းကြားတွေကိုပဲ အသုံးပြုနေကြတယ်” လို့ ဝေဖန်နေကြတာဖြစ်ပါတယ်။
