ဘုန်းမောက်တိုက်စစ်အတွဲဖြစ်တဲ့ ဝီလ်ဆင်နဲ့ ဖရေဇာတို့ကို နယူးကာဆယ်တိုက်စစ်မှာ တွေ့ရတော့မယ်

ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားရခဲ့တဲ့ ဘုန်းမောက်အသင်းရဲ့တိုက်စစ်မှူးတွေဖြစ်တဲ့ ဝီလ်ဆင်နဲ့ဖရေဇာတို့ကို နယူး ကာဆယ်အနေနဲ့ ခေါ်ယူခဲ့တယ်လို့ သိရပါတယ်။ နယူးကာဆယ်ဟာ ဝီလ်ဆင်ကို ပြောင်းရွှေ့ကြေးပေါင် သန်း ၂၀ နဲ့ ခေါ် ယူခဲ့တာ ဖြစ်ပြီး ဖရေဇာကိုတော့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ်။


အသက် ၂၆ နှစ်ရှိပြီဖြစ်တဲ့ စကော့တလန်ကစားသမား ဖရေဇာဟာ အသင်းဖော်ဖြစ်တဲ့ ဝီလ်ဆင်ရဲ့အပြောင်းအရွှေ့ဖြစ်ပြီး နောက်ပိုင်း နာရီပိုင်းအတွင်းမှာပဲ နယူးကာဆယ်ကို ထပ်မံရောက်ရှိလာတဲ့ ဘုန်းမောက်ကစားသမားပဲဖြစ်ပါတယ်။ နယူး ကာဆယ်နည်းပြ စတိဗ်ဘရုဗ်က ဝီလ်ဆင်နဲ့ ဖရေဇာတို့လို ကစားသမာကောင်းနှစ်ယောက်ကို ခေါ်ယူနိုင်ခဲ့တဲ့အတွက် ကျေနပ်မိကြောင်း ပြောခဲ့ပါတယ်။


ဝီလ်ဆင်က “ နယူးကာဆယ်က ကျွန်တော်ကိုခေါ်ယူဖို့ စိတ်ဝင်စားတယ်လို့ သိရပြီးနောက် မိနစ်ပိုင်းအတွင်းမှာပဲ အသင်း ပြောင်းဖို့အတွက် ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ နယူးကာဆယ်မှာ အမြဲတမ်းတိုက်စစ်မှူးကောင်းတွေရှိခဲ့သလို လက်ရှိအသင်း မှာလည်း တိုက်စစ်မှူးကောင်းတွေရှိပါတယ်”လို့ပြောခဲ့ပြီး ဖရေဇာကတော့ “ အသင်းပြောင်းရွှေ့ခွင့်ရတဲ့အတွက် အရာရာ ဟာ ပိုကောင်းလာပါတယ်။ ဒီလိုမျိုးအခွင့်အရေးကို ဦးနှောက်မရှိတဲ့သူကပဲ ငြင်းပယ်ပါလိမ့်မယ်” လို့ ပြောခဲ့ပါတယ်။


ဝီလ်ဆင်နဲ့ ဖရေဇာတို့ဟာ သူတို့ရဲ့ နယူးကာဆယ်အတွက်အဖွင့်ပွဲစဉ်ကိုတော့ လာမယ့်စနေနေ့မှာ ကစားမယ့် ဝက်စ်ဟမ်း နဲ့ပွဲမှာ စတင်ကစားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒီကစားသမားနှစ်ယောက်အတွဲဟာ ၂၀၁၈-၁၉ ဘောလုံးရာသီတုန်းက ပရီးမီးယားလိဂ်ပွဲစဉ် ၃၈ ပွဲမှာ ဂိုးပါဝင်ပတ်သက်မှုအများဆုံးအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ နယူးကာဆယ်ဟာ နော်ဝစ်ချ်နောက်ခံလူ ဂျာမယ်လီဝင်ကိုလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

zawgyi version

ဘုန္းေမာက္တိုက္စစ္အတြဲျဖစ္တဲ့ ဝီလ္ဆင္နဲ႔ ဖေရဇာတို႔ကို နယူးကာဆယ္တိုက္စစ္မွာ ေတြ႕ရေတာ့မယ္
ပရီးမီးယားလိဂ္ကေန တန္းဆင္းသြားရခဲ့တဲ့ ဘုန္းေမာက္အသင္းရဲ႕တိုက္စစ္မွဴးေတြျဖစ္တဲ့ ဝီလ္ဆင္နဲ႔ဖေရဇာတို႔ကို နယူး ကာဆယ္အေနနဲ႔ ေခၚယူခဲ့တယ္လို႔ သိရပါတယ္။ နယူးကာဆယ္ဟာ ဝီလ္ဆင္ကို ေျပာင္းေရႊ႕ေၾကးေပါင္ သန္း ၂၀ နဲ႔ ေခၚ ယူခဲ့တာ ျဖစ္ၿပီး ဖေရဇာကိုေတာ့ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူခဲ့တာပဲ ျဖစ္ပါတယ္။
အသက္ ၂၆ ႏွစ္ရွိၿပီျဖစ္တဲ့ စေကာ့တလန္ကစားသမား ဖေရဇာဟာ အသင္းေဖာ္ျဖစ္တဲ့ ဝီလ္ဆင္ရဲ႕အေျပာင္းအေရႊ႕ျဖစ္ၿပီး ေနာက္ပိုင္း နာရီပိုင္းအတြင္းမွာပဲ နယူးကာဆယ္ကို ထပ္မံေရာက္ရွိလာတဲ့ ဘုန္းေမာက္ကစားသမားပဲျဖစ္ပါတယ္။ နယူး ကာဆယ္နည္းျပ စတိဗ္ဘ႐ုဗ္က ဝီလ္ဆင္နဲ႔ ဖေရဇာတို႔လို ကစားသမာေကာင္းႏွစ္ေယာက္ကို ေခၚယူႏိုင္ခဲ့တဲ့အတြက္ ေက်နပ္မိေၾကာင္း ေျပာခဲ့ပါတယ္။
ဝီလ္ဆင္က “ နယူးကာဆယ္က ကြ်န္ေတာ္ကိုေခၚယူဖို႔ စိတ္ဝင္စားတယ္လို႔ သိရၿပီးေနာက္ မိနစ္ပိုင္းအတြင္းမွာပဲ အသင္း ေျပာင္းဖို႔အတြက္ ဆံုးျဖတ္ခဲ့တာျဖစ္ပါတယ္။ နယူးကာဆယ္မွာ အၿမဲတမ္းတိုက္စစ္မွဴးေကာင္းေတြရွိခဲ့သလို လက္ရွိအသင္း မွာလည္း တိုက္စစ္မွဴးေကာင္းေတြရွိပါတယ္”လို႔ေျပာခဲ့ၿပီး ဖေရဇာကေတာ့ “ အသင္းေျပာင္းေရႊ႕ခြင့္ရတဲ့အတြက္ အရာရာ ဟာ ပိုေကာင္းလာပါတယ္။ ဒီလိုမ်ိဳးအခြင့္အေရးကို ဦးေႏွာက္မရွိတဲ့သူကပဲ ျငင္းပယ္ပါလိမ့္မယ္” လို႔ ေျပာခဲ့ပါတယ္။
ဝီလ္ဆင္နဲ႔ ဖေရဇာတို႔ဟာ သူတို႔ရဲ႕ နယူးကာဆယ္အတြက္အဖြင့္ပြဲစဥ္ကိုေတာ့ လာမယ့္စေနေန႔မွာ ကစားမယ့္ ဝက္စ္ဟမ္း နဲ႔ပြဲမွာ စတင္ကစားမွာျဖစ္တယ္လို႔ သိရပါတယ္။ ဒီကစားသမားႏွစ္ေယာက္အတြဲဟာ ၂၀၁၈-၁၉ ေဘာလံုးရာသီတုန္းက ပရီးမီးယားလိဂ္ပြဲစဥ္ ၃၈ ပြဲမွာ ဂိုးပါဝင္ပတ္သက္မႈအမ်ားဆံုးအျဖစ္ မွတ္တမ္းတင္ႏိုင္ခဲ့ပါတယ္။ နယူးကာဆယ္ဟာ ေနာ္ဝစ္ခ်္ေနာက္ခံလူ ဂ်ာမယ္လီဝင္ကိုလည္း ေခၚယူဖို႔ စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။