ဖိအားတွေအောက်က ယူနိုက်တက်ကို ဟန်ဒါဆန်အနေနဲ့ လွတ်မြောက်အောင်စွမ်းဆောင်ပေးနိုင်မယ်လို့ သတင်းတွေက ဖော်ပြနေ

နွေရာသီအပြောင်းအရွှေ့မှာ အေဂျက်က ဗန်ဒီဘိတ်ခ်တစ်ယောက်တည်းကိုသာ ခေါ်ယူထားနိုင်သေးပြီး မနှစ်ကရလဒ်ပိုင်း ဆိုးရွားမှုတွေကြောင့် ဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့ ယူနိုက်တက်ကို ဟန်ဒါဆန်အနေနဲ့လွတ်မြောက်မှုရအောင်လုပ်ဆောင် ပေးနိုင်လိမ့်မယ်လို့ သတင်းတွေကဖော်ပြနေကြတာ ဖြစ်ပါတယ်။ ဟန်ဒါဆန်အနေနဲ့ ရှက်ဖီးယူနိုက်တက်မှာ အဌားနဲ့သွား ကစားနေချိန်မှာ လက်စွမ်းပြနိုင်တာကြောင့် ယူနိုက်တက်ကို ပြန်လည်ရောက်ရှိလာခဲ့သူလည်း ဖြစ်ပါတယ်။


ယူနိုက်တက်နဲ့ စာချုပ်သစ်ချုပ်နိုင်ခဲ့တဲ့ ဟန်ဒါဆန်ဟာ အင်္ဂလန်အသင်းကြီးအတွက်လည်း ရွေးချယ်ခံခဲ့ရတာဖြစ်ပြီး လက် စွမ်းကျနေတဲ့ ဒီဂီယာရဲ့နေရာကို အစားထိုးနိုင်မယ့်သူအဖြစ် သတင်းတွေကဖော်ပြနေခဲ့တာဖြစ်ပါတယ်။ စပိန်နဲ့ ယူနိုက် တက်တို့ရဲ့ အဓိကဂိုးသမားဖြစ်တဲ့ ဒီဂီယာအနေနဲ့ လက်စွမ်းကျနေတယ်ဆိုပေမယ့်လည်း သက်ဆိုင်ရာအသင်းတွေမှာ တော့ ဦးစားပေးကစားသမားအဖြစ် တာဝန်ယူနေရတာပဲ ဖြစ်ပါတယ်။


အသင်းရဲ့ဝက်ဘ်ဆိုဒ်ကနေတဆင့် ဟန်ဒါဆန်က “ ယူနိုက်တက်ရဲ့အမှတ်တံဆိပ်က ရင်ဘတ်ပေါ်မှာရှိရတာ တကယ် ဂုဏ်ယူဖို့ ကောင်းပါတယ်။လက်ရှိအချိန်က ကြီးကျယ်ခမ်းနားတဲ့အချိန်ဆိုပေမယ့် ကျွန်တော်အနေနဲ့ သင်ယူစရာတွေအ များကြီး ရှိနေသေးပါတယ်။ဥပမာအနေနဲ့ဆိုရင် ရှက်ဖီးယူနိုက်တက်နဲ့ စတော့ဖို့ဒ်ကောင်တီ မတူသလိုပါပဲ။ နည်းပြ မတူ သလို အရာရာကလည်း ကွာခြားသွားပါတယ်” လို့ ပြောခဲ့ပါတယ်။


ဆက်လက်ပြီး ဟန်ဒါဆန်က “ ကလေးဘဝကတည်းက ယူနိုက်တက်ကို ရောက်ရှိလာခဲ့ပေမယ့် အခြားအသင်းတွေမှာ အ ဌားနဲ့ သွားကစားခဲ့ရတာကြောင့် ခံစားခဲ့ရပါတယ်။အခုတော့ အသင်းကိုပြန်လည်ရောက်ရှိလာခဲ့ပါပြီ။ အဌားနဲ့သွားကစားခဲ့ ရတဲ့အသင်းတွေမှာ အတွေ့အကြုံတွေအများကြီးရခဲ့ပါတယ်” လို့ပြောခဲ့ပါတယ်။ ဟန်ဒါဆန်ဟာ ယူနိုက်တက်ကိုရောက်ပြီး နောက်မှာ စတော့ဖို့ဒ်၊ဂရမ်ဘီ၊ ရုရှုးဘူရီနဲ့ ရှက်ဖီးယူနိုက်တက်အသင်းတွေကို အဌားချခံခဲ့ရတာလည်း ဖြစ်ပါတယ်။

zawgyi version
