အန်ဆယ်လော့တီနဲ့ တတိယအကြိမ်မြောက်လက်တွဲဖို့ ရီးရဲလ်ကနေ အဲဗာတန်ကို ပြောင်းလာခဲ့တဲ့ ဂျိမ်းရိုဒရီဂွတ်ဇ်

ရီးရဲလ်မှာ ပုံမှန်နေရာရဖို့ ရုန်းကန်နေရတဲ့ ဂျိမ်းရိုဒရီဂွတ်ဇ်အနေနဲ့ အဲဗာတန်ကို ပေါင်သန်း ၂၀ နဲ့ အပြီးသတ်ပြောင်းရွှေ့ခဲ့ ပြီလို့ သိရပါတယ်။ ဂျိမ်းရိုဒရီဂွတ်ဇ်ဟာ အဲဗာတန်နည်းပြ အန်ဆယ်လော့တီနဲ့ ရီးရဲလ်၊ ဘိုင်ယန်မြူးနစ်အသင်းတွေမှာ အတူတွဲရှိခဲ့ဖူးတာကြောင့် အခုတစ်ချိန်လက်တွဲမှုဟာ သုံးကြိမ်မြောက်လက်တွဲမှု ဖြစ်ခဲ့ပါတယ်။ ဂျိမ်းရိုဒရီဂွတ်ဇ်ဟာ အ စောပိုင်းကတည်းက အဲဗာတန်ကိုပြောင်းရွှေ့ဖို့အတွက် သဘောတူညီမှုရခဲ့တာလို့လည်း သတင်းတွေကဖော်ပြကြပါတယ်။


ဂျိမ်းရိုဒရီဂွတ်ဇ်ဟာ နွေရာသီအပြောင်းအရွှေ့မှာ နာပိုလီကရောက်ရှိလာခဲ့တဲ့ အလန် ပြီးနောက် အဲဗာတန်ကို ဒုတိယ မြောက် ရောက်ရှိလာတဲ့ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ အသက် ၂၉ နှစ်ရှိနေပြီဖြစ်တဲ့ ဂျိမ်းရိုဒရီဂွတ်ဇ်ဟာ အဲဗာတန် ကို ပြောင်းရွှေ့ကြေးပေါင် သန်း ၂၀ နဲ့ ၂နှစ်စာချုပ်ချုပ်ပြီး ရောက်ရှိခဲ့တာလည်း ဖြစ်ပါတယ်။ အဲဗာတန်ကို ပြောင်းရွှေ့ပြီးနောက်မှာတော့ ဂျိမ်းရိုဒရီဂွတ်ဇ်က အခုလိုပြောင်းရွှေ့ခွင့်ရတဲ့အတွက် ဂုဏ်ယူမိတယ်လို့ ပြောခဲ့ပါတယ်။


ဂျိမ်းရိုဒရီဂွတ်ဇ်က “ ကစားသမားဘဝမှာ နောက်ထပ်စိန်ခေါ်မှုအသစ်တွေနဲ့ ရင်ဆိုင်ရတော့မှာပါ။ လက်ရှိမှာ ပျော်ရွှင်နေ သလို ရည်မှန်ထားတဲ့အရာတွေတိုင်း ဖြစ်မြောက်အောင်လည်း လုပ်ဆောင်သွားမှာပါ။” လို့ပြောခဲ့ပါတယ်။ ရီးရဲလ်ဟာ အစောပိုင်းတုန်းက ဂျိမ်းရိုဒရီဂွတ်ဇ်ရဲ့ အသင်းပြောင်းရွှေ့မယ့်ကိစ္စတွေအတွက် တားမြစ်ပိတ်ပင်ခဲ့ပေမယ့် နောက်ဆုံးမှာ တော့ အဲဗာတန်ကို ပြောင်းဖို့ ခွင့်ပြုခဲ့တာပဲ ဖြစ်ပါတယ်။


အဲဗာတန်နည်းပြ အန်ဆယ်လော့တီအနေနဲ့ နွေရာသီအပြောင်းအရွှေ့မှာ နာပိုလီက အလန်၊ ရီးရဲလ်က ဂျိမ်းရိုဒရီဂွတ်ဇ် နဲ့ ဝက်ဖို့ဒ်က ဒေါ့ကူရီတို့ကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ အလန်နဲ့ ဂျိမ်းရိုဒရီဂွတ်ဇ်တို့ကို ခေါ်ယူ ထားနိုင်တာကြောင့် ဒေါ့ကူရီတစ်ယောက်ကိုပဲ ခေါ်ယူဖို့ ကျန်ရှိတော့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ဝက်ဖို့ဒ်က ပရီးမီး ယားလိဂ်ကနေ တန်းဆင်းသွားရတာကြောင့် အဲဗာတန်အနေနဲ့ ဒေါ့ကူရီကို ခေါ်ယူဖို့ အခွင့်အရေးများနေတယ်လို့ သိရပါတယ်။

zawgyi version

အန္ဆယ္ေလာ့တီနဲ႔ တတိယအႀကိမ္ေျမာက္လက္တြဲဖို႔ ရီးရဲလ္ကေန အဲဗာတန္ကို ေျပာင္းလာခဲ့တဲ့ ဂ်ိမ္း႐ိုဒရီဂြတ္ဇ္
ရီးရဲလ္မွာ ပံုမွန္ေနရာရဖို႔ ႐ုန္းကန္ေနရတဲ့ ဂ်ိမ္း႐ိုဒရီဂြတ္ဇ္အေနနဲ႔ အဲဗာတန္ကို ေပါင္သန္း ၂၀ နဲ႔ အၿပီးသတ္ေျပာင္းေရႊ႕ခဲ့ ၿပီလို႔ သိရပါတယ္။ ဂ်ိမ္း႐ိုဒရီဂြတ္ဇ္ဟာ အဲဗာတန္နည္းျပ အန္ဆယ္ေလာ့တီနဲ႔ ရီးရဲလ္၊ ဘိုင္ယန္ျမဴးနစ္အသင္းေတြမွာ အတူတြဲရွိခဲ့ဖူးတာေၾကာင့္ အခုတစ္ခ်ိန္လက္တြဲမႈဟာ သံုးႀကိမ္ေျမာက္လက္တြဲမႈ ျဖစ္ခဲ့ပါတယ္။ ဂ်ိမ္း႐ိုဒရီဂြတ္ဇ္ဟာ အ ေစာပိုင္းကတည္းက အဲဗာတန္ကိုေျပာင္းေရႊ႕ဖို႔အတြက္ သေဘာတူညီမႈရခဲ့တာလို႔လည္း သတင္းေတြကေဖာ္ျပၾကပါတယ္။
ဂ်ိမ္း႐ိုဒရီဂြတ္ဇ္ဟာ ေႏြရာသီအေျပာင္းအေရႊ႕မွာ နာပိုလီကေရာက္ရွိလာခဲ့တဲ့ အလန္ ၿပီးေနာက္ အဲဗာတန္ကို ဒုတိယ ေျမာက္ ေရာက္ရွိလာတဲ့ကစားသမားတစ္ဦးလည္း ျဖစ္ပါတယ္။ အသက္ ၂၉ ႏွစ္ရွိေနၿပီျဖစ္တဲ့ ဂ်ိမ္း႐ိုဒရီဂြတ္ဇ္ဟာ အဲဗာတန္ ကို ေျပာင္းေရႊ႕ေၾကးေပါင္ သန္း ၂၀ နဲ႔ ၂ႏွစ္စာခ်ဳပ္ခ်ဳပ္ၿပီး ေရာက္ရွိခဲ့တာလည္း ျဖစ္ပါတယ္။ အဲဗာတန္ကို ေျပာင္းေရႊ႕ၿပီးေနာက္မွာေတာ့ ဂ်ိမ္း႐ိုဒရီဂြတ္ဇ္က အခုလိုေျပာင္းေရႊ႕ခြင့္ရတဲ့အတြက္ ဂုဏ္ယူမိတယ္လို႔ ေျပာခဲ့ပါတယ္။
ဂ်ိမ္း႐ိုဒရီဂြတ္ဇ္က “ ကစားသမားဘဝမွာ ေနာက္ထပ္စိန္ေခၚမႈအသစ္ေတြနဲ႔ ရင္ဆိုင္ရေတာ့မွာပါ။ လက္ရွိမွာ ေပ်ာ္ရႊင္ေန သလို ရည္မွန္ထားတဲ့အရာေတြတိုင္း ျဖစ္ေျမာက္ေအာင္လည္း လုပ္ေဆာင္သြားမွာပါ။” လို႔ေျပာခဲ့ပါတယ္။ ရီးရဲလ္ဟာ အေစာပိုင္းတုန္းက ဂ်ိမ္း႐ိုဒရီဂြတ္ဇ္ရဲ႕ အသင္းေျပာင္းေရႊ႕မယ့္ကိစၥေတြအတြက္ တားျမစ္ပိတ္ပင္ခဲ့ေပမယ့္ ေနာက္ဆံုးမွာ ေတာ့ အဲဗာတန္ကို ေျပာင္းဖို႔ ခြင့္ျပဳခဲ့တာပဲ ျဖစ္ပါတယ္။
အဲဗာတန္နည္းျပ အန္ဆယ္ေလာ့တီအေနနဲ႔ ေႏြရာသီအေျပာင္းအေရႊ႕မွာ နာပိုလီက အလန္၊ ရီးရဲလ္က ဂ်ိမ္း႐ိုဒရီဂြတ္ဇ္ နဲ႔ ဝက္ဖို႔ဒ္က ေဒါ့ကူရီတို႔ကို ေခၚယူဖို႔ စိတ္ဝင္စားခဲ့တာျဖစ္ၿပီး လက္ရွိအခ်ိန္မွာေတာ့ အလန္နဲ႔ ဂ်ိမ္း႐ိုဒရီဂြတ္ဇ္တို႔ကို ေခၚယူ ထားႏိုင္တာေၾကာင့္ ေဒါ့ကူရီတစ္ေယာက္ကိုပဲ ေခၚယူဖို႔ က်န္ရွိေတာ့တာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ရာသီက ဝက္ဖို႔ဒ္က ပရီးမီး ယားလိဂ္ကေန တန္းဆင္းသြားရတာေၾကာင့္ အဲဗာတန္အေနနဲ႔ ေဒါ့ကူရီကို ေခၚယူဖို႔ အခြင့္အေရးမ်ားေနတယ္လို႔ သိရပါ တယ္။