ကိုင်ဟာဗက်ဇ် ရောက်လာတာကြောင့် မာဆင်မောင့်အနေနဲ့ မပျော်မရွှင်ဖြစ်နေတယ် ဆိုတဲ့သတင်းတွေကို ကစားသမားရဲ့ ဖခင် ပြစ်တင်ဝေဖန်ခဲ့

ချဲလ်ဆီးကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တဲ့ ကိုင်ဟာဗက်ဇ်ကြောင့် မာဆင့်မောင်အနေနဲ့ မပျော်မရွှင် ဖြစ်နေတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး ကစားသမားရဲ့ဖခင်ကတော့ ပြစ်တင်ဝေဖန်မှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါ တယ်။ မာဆင်မောင်နဲ့ ကိုင်ဟာဗက်ဇ် တို့ဟာ ကစားပုံဆင်တူတဲ့ ကစားသမားတွေဖြစ်တာကြောင့် စံချိန်တင်ပြောင်းရွှေ့ ကြေးနဲ့ ခေါ်ယူထားတဲ့ ကိုင်ဟာဗက်ဇ်ကို နည်းပြလမ်းပတ်အနေနဲ့ ဦးစားပေးရွေးချယ်ဖို့ ရှိတယ်လို့ သတင်းတွေက ဖော်ပြ နေကြတာ ဖြစ်ပါတယ်။


သတင်းတွေကတော့ ချဲလ်ဆီးနည်းပြ လမ်းပတ်အနေနဲ့ အသင်းရဲ့တိုက်စစ်မှာ ဂျာမနီကစားသမားတွေဖြစ်တဲ့ တီမိုဝါနာနဲ့ ကိုင်ဟာဗက်ဇ် တို့အတွဲကို ဦးစားပေးကစားစေဖို့ရှိတယ်လို့လည်း ဖော်ပြနေကြတာ ဖြစ်ပါတယ်။ Bild ဂျာနယ်လစ်ဖြစ်တဲ့ ခရစ္စတီယန်ဖာခ်ကတော့ ကိုင်ဟာဗက်ဇ်အနေနဲ့ ချဲလ်ဆီးကွင်းလယ်မှာ အဓိက,ကစားသမားအဖြစ် တာဝန်ယူနေတဲ့ မာ ဆင်မောင့်ရဲ့နေရာအတွက် အဓိက ပြိုင်ဘက်ဖြစ်လာဖွယ်ရှိတယ်ဆိုပြီး ရေးသားဖော်ပြခဲ့ပါတယ်။


ခရစ္စတီယန်ဖာခ်က သူရဲ့ဆိုရှယ်အကောင့်မှာ ကိုင်ဟာဗက်ဇ်အနေနဲ့ လန်ဒန်မြို့မှာ အိမ်တစ်လုံးရှာဖွေနေသလို တိုက်စစ် မှာလည်း တီမိုဝါနာနဲ့ အတူ တွဲကစားဖို့ ရှိနေတယ်။ မာဆင်မောင့်အနေနဲ့ သူရဲ့နေရာအတွက် တန်ဖိုးကြီးကစားသမားတစ် ယောက်နဲ့ ယှဉ်ပြိုင်ရမှာမို့ မပျော်မရွှင်ဖြစ်နေတယ်လို့ ရေးပြီးတင်ခဲ့ပါတယ်။ ခရစ္စတီယန်ဖာခ်ရဲ့ပို့စ်အောက်မှာတော့ မာဆင် မောင့်ရဲ့ ဖခင်ဖြစ်တဲ့ တိုနီမောင့်က ရယ်တဲ့ သင်္ကေတတွေကို ဝင်ရောက်ရေးသားခဲ့တာဖြစ်ပါတယ်။


အသက် ၂၁ နှစ်သာရှိသေးတဲ့ မာဆင်မောင့်အနေနဲ့ ပြီးခဲ့တဲ့ရာသီက ချဲလ်ဆီးအသင်းအတွက် အဓိက,ကစားသမားတစ်ဦး ဖြစ်ခဲ့ပြီး ပြိုင်ပွဲစုံ ၅၃ ပွဲပါဝင်ကစားပေးခဲ့ကာ ကိုယ်တိုင် ၈ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၆ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့သူလည်း ဖြစ်ပါ တယ်။ ချဲလ်ဆီးဟာ နွေရာသီအပြောင်းအရွှေ့မှာ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ တီမိုဝါနာ၊ဇီယက်နဲ့ ကိုင်ဟာဗက်ဇ် တို့ ကို ခေါ်ယူထားတာကြောင့် နည်းပြလမ်းပတ်အနေနဲ့ ဘယ်ကစားတွေကို ဦးစားပေးကစားစေမလဲဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

zawgyi version

ကိုင္ဟာဗက္ဇ္ ေရာက္လာတာေၾကာင့္ မာဆင္ေမာင့္အေနနဲ႔ မေပ်ာ္မရႊင္ျဖစ္ေနတယ္ ဆိုတဲ့သတင္းေတြကို ကစားသမားရဲ႕ ဖခင္ ျပစ္တင္ေဝဖန္ခဲ့
ခ်ဲလ္ဆီးကို ကလပ္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔ ေရာက္ရွိလာခဲ့တဲ့ ကိုင္ဟာဗက္ဇ္ေၾကာင့္ မာဆင့္ေမာင္အေနနဲ႔ မေပ်ာ္မရႊင္ ျဖစ္ေနတယ္ဆိုတဲ့ သတင္းေတြနဲ႔ ပတ္သက္ၿပီး ကစားသမားရဲ႕ဖခင္ကေတာ့ ျပစ္တင္ေဝဖန္မႈေတြျပဳလုပ္ခဲ့တယ္လို႔ သိရပါ တယ္။ မာဆင္ေမာင္နဲ႔ ကိုင္ဟာဗက္ဇ္ တို႔ဟာ ကစားပံုဆင္တူတဲ့ ကစားသမားေတြျဖစ္တာေၾကာင့္ စံခ်ိန္တင္ေျပာင္းေရႊ႕ ေၾကးနဲ႔ ေခၚယူထားတဲ့ ကိုင္ဟာဗက္ဇ္ကို နည္းျပလမ္းပတ္အေနနဲ႔ ဦးစားေပးေရြးခ်ယ္ဖို႔ ရွိတယ္လို႔ သတင္းေတြက ေဖာ္ျပ ေနၾကတာ ျဖစ္ပါတယ္။
သတင္းေတြကေတာ့ ခ်ဲလ္ဆီးနည္းျပ လမ္းပတ္အေနနဲ႔ အသင္းရဲ႕တိုက္စစ္မွာ ဂ်ာမနီကစားသမားေတြျဖစ္တဲ့ တီမိုဝါနာနဲ႔ ကိုင္ဟာဗက္ဇ္ တို႔အတြဲကို ဦးစားေပးကစားေစဖို႔ရွိတယ္လို႔လည္း ေဖာ္ျပေနၾကတာ ျဖစ္ပါတယ္။ Bild ဂ်ာနယ္လစ္ျဖစ္တဲ့ ခရစၥတီယန္ဖာခ္ကေတာ့ ကိုင္ဟာဗက္ဇ္အေနနဲ႔ ခ်ဲလ္ဆီးကြင္းလယ္မွာ အဓိက,ကစားသမားအျဖစ္ တာဝန္ယူေနတဲ့ မာ ဆင္ေမာင့္ရဲ႕ေနရာအတြက္ အဓိက ၿပိဳင္ဘက္ျဖစ္လာဖြယ္ရွိတယ္ဆိုၿပီး ေရးသားေဖာ္ျပခဲ့ပါတယ္။
ခရစၥတီယန္ဖာခ္က သူရဲ႕ဆိုရွယ္အေကာင့္မွာ ကိုင္ဟာဗက္ဇ္အေနနဲ႔ လန္ဒန္ၿမိဳ႕မွာ အိမ္တစ္လံုးရွာေဖြေနသလို တိုက္စစ္ မွာလည္း တီမိုဝါနာနဲ႔ အတူ တြဲကစားဖို႔ ရွိေနတယ္။ မာဆင္ေမာင့္အေနနဲ႔ သူရဲ႕ေနရာအတြက္ တန္ဖိုးႀကီးကစားသမားတစ္ ေယာက္နဲ႔ ယွဥ္ၿပိဳင္ရမွာမို႔ မေပ်ာ္မရႊင္ျဖစ္ေနတယ္လို႔ ေရးၿပီးတင္ခဲ့ပါတယ္။ ခရစၥတီယန္ဖာခ္ရဲ႕ပို႔စ္ေအာက္မွာေတာ့ မာဆင္ ေမာင့္ရဲ႕ ဖခင္ျဖစ္တဲ့ တိုနီေမာင့္က ရယ္တဲ့ သေကၤတေတြကို ဝင္ေရာက္ေရးသားခဲ့တာျဖစ္ပါတယ္။
အသက္ ၂၁ ႏွစ္သာရွိေသးတဲ့ မာဆင္ေမာင့္အေနနဲ႔ ၿပီးခဲ့တဲ့ရာသီက ခ်ဲလ္ဆီးအသင္းအတြက္ အဓိက,ကစားသမားတစ္ဦး ျဖစ္ခဲ့ၿပီး ၿပိဳင္ပြဲစံု ၅၃ ပြဲပါဝင္ကစားေပးခဲ့ကာ ကိုယ္တိုင္ ၈ ဂိုးသြင္းၿပီး ဂိုးဖန္တီးမႈ ၆ ႀကိမ္အထိ ျပဳလုပ္ႏိုင္ခဲ့သူလည္း ျဖစ္ပါ တယ္။ ခ်ဲလ္ဆီးဟာ ေႏြရာသီအေျပာင္းအေရႊ႕မွာ တိုက္စစ္ကစားသမားေတြျဖစ္တဲ့ တီမိုဝါနာ၊ဇီယက္နဲ႔ ကိုင္ဟာဗက္ဇ္ တို႔ ကို ေခၚယူထားတာေၾကာင့္ နည္းျပလမ္းပတ္အေနနဲ႔ ဘယ္ကစားေတြကို ဦးစားေပးကစားေစမလဲဆိုတာ ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။