ဘရာဇီးအသင်းဖော် သီယာဂိုဆေးလ်ဗား ချဲလ်ဆီးကို လာမှာသိခဲ့ရင် အာဆင်နယ်ကို ပြောင်းမှာ မဟုတ်ဘူးလို့ ဆိုလိုက်တဲ့ ဝီလီယံ

ဝီလီယံက သီယာဂိုဆေးလ်ဗားသာ ချဲလ်ဆီးကို လာမှာကြိုသိခဲ့ရင် စတန်းဖိုဒ့်ဘရစ်ချ်ကနေ ထွက်ခွာပြီး အာဆင်နယ်ကို ပြောင်းဖြစ်မှာ မဟုတ်ဘူးလို့ နောက်ပြောင်ပြောသွားခဲ့ပါတယ်။ အသက် ၃၅ နှစ်အရွယ် သီယာဂိုဆေးလ်ဗားဟာ ပြီးခဲ့တဲ့လက ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက ်ချဲလ်ဆီးအသင်းနဲ့ တစ်နှစ် စာချုပ် ချုပ်ခဲ့တာဖြစ်ပါတယ်။

သီယာဂိုဆေးလ်ဗား ချဲလ်ဆီးကို ရောက်လာတာကို မြင်ရပါက ဝီလီယံက အနောက်လန်ဒန်ကလပ်မှာပဲ ဆက်နေသွားမယ်လို့ ပြောသွားခဲ့တာပါ။ “သူသာ ချဲလ်ဆီးကို ရောက်လာတာ သိခဲ့ရင် ကျွန်တော် အဲ့ဒီမှာပဲ ဆက်နေသွားမှာပါ။ ဝီလီယံဟာ (၇) နှစ်တာ လက်တွဲခဲ့တဲ့ ချဲလ်ဆီးအသင်းနဲ့ ပြီးခဲ့တဲ့လက စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် လန်ဒန်ပြိုင်ဘက် အာဆင်နယ်အသင်းဆီ (၃) နှစ်စာချုပ်နဲ့ ပြောင်းသွားခဲ့တာဖြစ်ပါတယ်။

သီယာဂိုဆေးလ်ဗားဟာ ဒီနွေရာသီအပြောင်းအရွှေ့မှာ ကစားသမားခေါ်ယူတာ နာမည်ကြီးနေတဲ့ ချဲလ်ဆီးအသင်းရဲ့ (၅) ယောက်မြောက်ကစားသမားပါ။ ချဲလ်ဆီးအသင်းဟာ တီမိုဝါနာ၊ ဇီယက်၊ ဘင်ချီဝဲလ် နဲ့ မာလန်းဆား တို့ကို သီယာဂိုဆေးလ်ဗားကို မခေါ်ခင် ခေါ်ယူထားတာဖြစ်ပါတယ်။ ဒါ့အပြင် ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ ရက်တုန်းက လေဗာကူဆင်က ကိုင်ဟာဗက်ဇ်ကို ပေါင် ၈၉ သန်းနဲ့ ထပ်မံ ခေါ်ယူထားပါတယ်။

ဘရာဇီးအသင္းေဖာ္ သီယာဂိုေဆးလ္ဗား ခ်ဲလ္ဆီးကို လာမွာသိခဲ့ရင္ အာဆင္နယ္ကို ေျပာင္းမွာ မဟုတ္ဘူးလို႔ ဆိုလိုက္တဲ့ ၀ီလီယံ

၀ီလီယံက သီယာဂိုေဆးလ္ဗားသာ ခ်ဲလ္ဆီးကို လာမွာၾကိဳသိခဲ့ရင္ စတန္းဖိုဒ့္ဘရစ္ခ်္ကေန ထြက္ခြာျပီး အာဆင္နယ္ကို ေျပာင္းျဖစ္မွာ မဟုတ္ဘူးလို႔ ေနာက္ေျပာင္ေျပာသြားခဲ့ပါတယ္။ အသက္ ၃၅ ႏွစ္အရြယ္ သီယာဂိုေဆးလ္ဗားဟာ ျပီးခဲ့တဲ့လက ပီအက္စ္ဂ်ီအသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆံုးျပီးေနာက ္ခ်ဲလ္ဆီးအသင္းနဲ႔ တစ္ႏွစ္ စာခ်ဳပ္ ခ်ဳပ္ခဲ့တာျဖစ္ပါတယ္။

သီယာဂိုေဆးလ္ဗား ခ်ဲလ္ဆီးကို ေရာက္လာတာကို ျမင္ရပါက ၀ီလီယံက အေနာက္လန္ဒန္ကလပ္မွာပဲ ဆက္ေနသြားမယ္လို႔ ေျပာသြားခဲ့တာပါ။ “သူသာ ခ်ဲလ္ဆီးကို ေရာက္လာတာ သိခဲ့ရင္ ကၽြန္ေတာ္ အဲ့ဒီမွာပဲ ဆက္ေနသြားမွာပါ။ ၀ီလီယံဟာ (၇) ႏွစ္တာ လက္တြဲခဲ့တဲ့ ခ်ဲလ္ဆီးအသင္းနဲ႔ ျပီးခဲ့တဲ့လက စာခ်ဳပ္သက္တမ္းကုန္ဆံုးျပီးေနာက္ လန္ဒန္ျပိဳင္ဘက္ အာဆင္နယ္အသင္းဆီ (၃) ႏွစ္စာခ်ဳပ္နဲ႔ ေျပာင္းသြားခဲ့တာျဖစ္ပါတယ္။

သီယာဂိုေဆးလ္ဗားဟာ ဒီေႏြရာသီအေျပာင္းအေရႊ႕မွာ ကစားသမားေခၚယူတာ နာမည္ၾကီးေနတဲ့ ခ်ဲလ္ဆီးအသင္းရဲ႕ (၅) ေယာက္ေျမာက္ကစားသမားပါ။ ခ်ဲလ္ဆီးအသင္းဟာ တီမို၀ါနာ၊ ဇီယက္၊ ဘင္ခ်ီ၀ဲလ္ နဲ႔ မာလန္းဆား တို႔ကို သီယာဂိုေဆးလ္ဗားကို မေခၚခင္ ေခၚယူထားတာျဖစ္ပါတယ္။ ဒါ့အျပင္ ခ်ဲလ္ဆီးအသင္းဟာ ျပီးခဲ့တဲ့ ရက္တုန္းက ေလဗာကူဆင္က ကိုင္ဟာဗက္ဇ္ကို ေပါင္ ၈၉ သန္းနဲ႔ ထပ္မံ ေခၚယူထားပါတယ္။