မန်စီးတီးကစားသမား (၂) ယောက်ဖြစ်တဲ့ မာရက်ဇ် နဲ့ လာပေါ်တီ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိ

မန်စီးတီးအသင်းက ပွဲထွက်ကစားသမားတွေဖြစ်တဲ့ မာရက်ဇ် နဲ့ လာပေါ်တီတို့ (၂) ယောက်မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့တယ်လို့ အသင်းက အတည်ပြုသွားခဲ့တာဖြစ်ပါတယ်။ သူတို့(၂) ယောက်စလုံးဟာ ယခုအခါ သီးသန့်နေထိုင်ရတော့မှာဖြစ်ပြီး ဗိုင်းရပ်စ်လက္ခဏာ တော့ ဘယ်သူ့ကိုမှ မပြသဘူးလို့ သိရပါတယ်။

စနေ့နေ့မှာ ပရီးမီးယားလိဂ် ပြန်လည်စတင်မှာ ဖြစ်သော်လည်း ဂွါဒီယိုလာရဲ့အသင်းဟာ သြဂုတ်လက ချန်ပီယံလိဂ်နောက်ပိုင်းပွဲတွေကို ကစားထားရလို့ စက်တင်ဘာလ ၂၁ ရက်နေ့မှ သူတို့ရဲ့ ပထမဆုံးပွဲကို ဝုလ်ဗ်အသင်းနဲ့ ရင်ဆိုင်ကစားရမှာ ဖြစ်ပါတယ်။

သို့သော်လည်း မန်စီးတီးအသင်းက တာဝန်ရှိသူများကတော့ သူတို့ (၂) ယောက်ဟာ ဝုလ်ဗ်နဲ့ ပွဲမှာ ပြန်လည်ကစားနိုင်မယ်လို့ မျှော်လင့်ထားကြောင်း The Telegraph က အဆိုအရ သိရပါတယ်။ ပရီးမီးယားလိဂ်ရာသီသစ် ပြန်စရန် (၅) ရက်အလိုမှာ ယခုလို ကိုရိုနာဗိုင်းရပ်စ်ရောဂါရှိသူတွေ တွေ့ရှိရတာက စိုးရိမ်စရာဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်တုန်းက ပီအက်စ်ဂျီက နေမာ ၊ ဒီမာရီယာ နဲ့ ပါရီဒက်စ်တို့ဟာ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ ယူနိုက်တက်ကြယ်ပွင့် ပေါ့ဘာ နဲ့ စပါးကွင်းလယ်လူ အန်ဒွန်ဘီလီတို့လည်း လည်း နိုင်ငံတကာ ပွဲများ မတိုင်မီ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ရတာဖြစ်ပါတယ်။ချဲလ်ဆီးအသင်းက ကစားသမားတွေ (၆) ယောက်လည်း ပြီးခဲ့တဲ့ (၂) ပတ်က ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

မန္စီးတီးကစားသမား (၂) ေယာက္ျဖစ္တဲ့ မာရက္ဇ္ နဲ႔ လာေပၚတီ တို႔ ကိုဗစ္-၁၉ ေရာဂါပိုး စစ္ေဆးေတြ႔ရွိ

မန္စီးတီးအသင္းက ပြဲထြက္ကစားသမားေတြျဖစ္တဲ့ မာရက္ဇ္ နဲ႔ လာေပၚတီတို႔ (၂) ေယာက္မွာ ကိုရိုနာဗိုင္းရပ္စ္ေရာဂါပိုးစစ္ေဆးေတြ႕ရွိခဲ့တယ္လို႔ အသင္းက အတည္ျပဳသြားခဲ့တာျဖစ္ပါတယ္။ သူတို႔(၂) ေယာက္စလံုးဟာ ယခုအခါ သီးသန္႔ေနထိုင္ရေတာ့မွာျဖစ္ျပီး ဗိုင္းရပ္စ္လကၡဏာ ေတာ့ ဘယ္သူ႔ကိုမွ မျပသဘူးလို႔ သိရပါတယ္။

စေန႔ေန႔မွာ ပရီးမီးယားလိဂ္ ျပန္လည္စတင္မွာ ျဖစ္ေသာ္လည္း ဂြါဒီယိုလာရဲ႕အသင္းဟာ ၾသဂုတ္လက ခ်န္ပီယံလိဂ္ေနာက္ပိုင္းပြဲေတြကို ကစားထားရလို႔ စက္တင္ဘာလ ၂၁ ရက္ေန႔မွ သူတို႔ရဲ႕ ပထမဆံုးပြဲကို ၀ုလ္ဗ္အသင္းနဲ႔ ရင္ဆိုင္ကစားရမွာ ျဖစ္ပါတယ္။

သုိ႔ေသာ္လည္း မန္စီးတီးအသင္းက တာ၀န္ရွိသူမ်ားကေတာ့ သူတို႔ (၂) ေယာက္ဟာ ၀ုလ္ဗ္နဲ႔ ပြဲမွာ ျပန္လည္ကစားႏိုင္မယ္လို႔ ေမွ်ာ္လင့္ထားေၾကာင္း The Telegraph က အဆိုအရ သိရပါတယ္။ ပရီးမီးယားလိဂ္ရာသီသစ္ ျပန္စရန္ (၅) ရက္အလိုမွာ ယခုလို ကိုရိုနာဗိုင္းရပ္စ္ေရာဂါရွိသူေတြ ေတြ႕ရွိရတာက စိုးရိမ္စရာျဖစ္ပါတယ္။

ျပီးခဲ့တဲ့အပတ္တုန္းက ပီအက္စ္ဂ်ီက ေနမာ ၊ ဒီမာရီယာ နဲ႔ ပါရီဒက္စ္တို႔ဟာ ကိုဗစ္-၁၉ ေရာဂါပိုး စစ္ေဆးေတြ႕ရွိခဲ့တယ္လို႔ သိရပါတယ္။ ယူႏိုက္တက္ၾကယ္ပြင့္ ေပါ့ဘာ နဲ႔ စပါးကြင္းလယ္လူ အန္ဒြန္ဘီလီတို႔လည္း လည္း ႏိုင္ငံတကာ ပြဲမ်ား မတိုင္မီ ကိုဗစ္-၁၉ ေရာဂါပိုး စစ္ေဆးေတြ႕ရွိခဲ့ရတာျဖစ္ပါတယ္။ခ်ဲလ္ဆီးအသင္းက ကစားသမားေတြ (၆) ေယာက္လည္း ျပီးခဲ့တဲ့ (၂) ပတ္က ေရာဂါပိုး စစ္ေဆးေတြ႕ရွိခဲ့ရတယ္လို႔ သိရပါတယ္။