ချဲလ်ဆီးမှာ ရုန်းကန်နေရတဲ့ ဇက်ပါကော်စတာကို အငှားနဲ့ ပြန်လည်ခေါ်ယူရန် ဆွေးနွေးနေပြီဖြစ်တဲ့ အတ္တလန္တာအသင်း

အတ္တလန္တာအသင်းဟာ ချဲလ်ဆီးနောက်ခံလူ ဇက်ပါကော်စတာကို နောက်ရာသီအတွက် အငှားနဲ့ ခေါ်ယူရန် ဆွေးနွေးညှိနှိုင်းနေပြီလို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ အသက် ၂၈ နှစ်အရွယ်ကစားသမားဟာ အနောက်လန်ဒန်ကလပ်အသင်းမှာ မျက်နှာပေးခံရတာ ပျောက်ဆုံးနေပြီး ဒီအပြောင်းအရွှေ့မှာပဲ လမ်းခွဲရန် စီစဉ်နေပြီဖြစ်ပါတယ်။ စကိုင်းစပေါ့ အီတလီက ဖော်ပြချက်အရ ညာနောက်ခံလူအသစ်တစ်ယောက် ရှာဖွေနေတဲ့ အတ္တလန္တာအသင်းဟာ ဇက်ပါကော်စတာကို ပြန်လည်ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။

ရိုးမားအသင်းက ကာစ်ဒရော့ကို ခေါ်ယူလို့မရတဲ့အတွက် အတ္တလန္တာအသင်းက အသင်းရဲ့ ကစားသမားဟောင်းကို ပြန်လည်ခေါ်ယူရန် ကြိုးစားလာတာဖြစ်ပါတယ်။ ဇက်ပါကော်စတာဟာ အတ္တလန္တာအသင်းမှာ ၂၀၁၁ ကနေ ၂၀၁၅ ခုနှစ်အထိ ကစားခဲ့ပြီး တိုရီနိုကို ပြောင်းသွားခဲ့ပါတယ်။ အဲ့ဒီကနေ မှာ သူဟာ ချဲလ်ဆီးကို ရောက်ခဲ့တာဖြစ်ပါတယ်။ ညာနောက်ခံလူဟာ ပွဲကစားချိန်ကန့်သတ်ခံထားရတဲ့အပြင် ဒဏ်ရာ ပြဿနာတွေကလည်း ရရှိနေတာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ ၂၀၂၂ မှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ဇက်ပါကော်စတာကို အပြီးသတ်ရောင်းချချင်နေတယ်လို့ သိရပါတယ်။ ဇက်ပါကော်စတာဟာ မနှစ်က ရိုးမားအသင်းထံ အငှားနဲ့ ပြောင်းရွှေ့ကစားခဲ့ပေမယ့် အောက်တိုဘာလက ရရှိခဲ့တဲ့ ACL ဒဏ်ရာပြဿနာကြောင့် ပွဲကစားခွင့် (၇) ပွဲသာ ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းမှာ အသင်းခေါင်းဆောင် အက်ဇ်ပီလီကွီတာ နဲ့ ရီစီဂျိမ်းစ် တို့ နှစ်ယောက် ရှိနေတဲ့အတွက် နည်းပြလမ်းပတ်က ဇက်ပါကော်စတာကို ယခုလို ရောင်းချချင်နေတယ်လို့ သိရပါတယ်။

 



