ဝက်ဖို့ဒ်နဲ့ ကစားတဲ့ ခြေစမ်းပွဲမှာ ရှုံးခဲ့တယ်ဆိုပေမယ့် ဝမ်းနည်းစရာ မရှိဘူးလို့ ပြောလိုက်တဲ့ စပါးနည်းပြ မော်ရင်ဟို

စပါးနည်းပြမော်ရင်ဟိုက ရာသီသစ် မစခင်ကစားခဲ့တဲ့ နောက်ဆုံးခြေစမ်းပွဲအဖြစ် ဝက်ဖို့ဒ်နဲ့ ကစားတဲ့ပွဲမှာ နှစ်ဂိုးတစ်ဂိုးနဲ့ ရှုံးခဲ့တယ်ဆိုပေမယ့် ဝမ်းနည်းစရာမရှိဘူးလို့ ပြောခဲ့တယ်လို့ သိရပါတယ်။ စပါးဟာ ပရီးမီးယားလိဂ်မစခင်မှာ ခြေစမ်းပွဲ၄ ပွဲ ကစားခဲ့ပြီး အစ်ဆွစ်ချ်၊ ရီးဒင်း၊ဘာမင်ဂမ်တို့ကို အနိုင်ရခဲ့ပေမယ့် ဝက်ဖိုဒ်ကိုတော့ အရေးနိမ့်ခဲ့တာပဲ ဖြစ်ပါတယ်။


ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားရတဲ့ ဝက်ဖို့ဒ်နဲ့ ပွဲမှာ စပါးအသင်းအနေနဲ့ နိုင်ငံလက်ရွေးစင်အဖြစ်ရွေးချယ်ခံရတဲ့ ကစားသမားတွေမပါဘဲ ကစားခဲ့တာဖြစ်ပြီး အသင်းခေါင်းဆောင်အဖြစ် ကိုရီးယားသား ဆွန်ဟောင်မင်က တာဝန်ယူခဲ့တာ ပဲ ဖြစ်ပါတယ်။ စပါးအသင်းခေါင်းဆောင်အဖြစ် တာဝန်ယူရတာ ဆွန်ဟောင်မင်အတွက် ပထမဆုံးအကြိမ်ဖြစ်ခဲ့ပေမယ့် နိုင်ပွဲမရခဲ့ဘဲ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။


ပွဲအပြီးမှာတော့ မော်ရင်ဟိုက “ ကျွန်တော်တို့အနေနဲ့ အကောင်းမြင်တဲ့ဘက်က ကြည့်ရမှာပါ။ တစ်ချို့ကစားသမားတွေဆို ပွဲချိန်အပြည့်ကစားခဲ့ရပါတယ်။ ဝက်ဖို့ဒ်ကလည်း အသင်းကောင်းတစ်ကောင်းဖြစ်ပြီး နိုင်ပွဲရဖို့ ထိုက်တန်တဲ့ ခြေစွမ်းမျိုးနဲ့ ကစားနိုင်ခဲ့ပါတယ်။ ဒီပွဲရလဒ်အတွက် အသင်းအနေနဲ့ ဝမ်းနည်းနေစရာမရှိပါဘူး။” လို့ အသင်းဝက်ဘ်ဆိုဒ်ကနေတဆင့် ပြောခဲ့ပါတယ်။ စပါးဟာ လာမယ့်တနင်္ဂနွေနေ့မှာတော့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်အဖြစ် အဲဗာတန်ကို အိမ်ကွင်းမှာလက်ခံ ကစားရမှာပဲ ဖြစ်ပါတယ်။


စပါးဟာ ပြီးခဲ့တဲ့ရာသီက အမှတ်ပေးဇယား အဆင့်-၆ နေရာမှာ ရပ်တည်ခဲ့တာကြောင့် ယူရိုပါလိဂ်ကစားရဖို့ရှိနေပြီး စက် တင်ဘာလ ၁၇ ရက်နေ့မှာတော့ ဘူဂေးလ်ရီးယားကလပ် လိုကိုမိုးတစ်ပလိုဒစ်နဲ့ ခြေစစ်ပွဲ ဒုတိယအကျော့ကို အဝေးကွင်း မှာ ကစားရမှာပဲ ဖြစ်ပါတယ်။ ပြောင်းလဲလိုက်တဲ့ ပြိုင်ပွဲပုံစံကြောင့် ခြေစစ်ပွဲအဆင့်တွေကို တစ်ကျော့တည်းကစားရမှာမို့ စပါးအနေနဲ့ အဝေးကွင်းမှာ ပေါ့ဆလို့ မရတဲ့ပွဲတစ်ပွဲ ကစားရမှာပဲ ဖြစ်ပါတယ်။

zawgyi version

ဝက္ဖို႔ဒ္နဲ႔ ကစားတဲ့ ေျခစမ္းပြဲမွာ ရႈံးခဲ့တယ္ဆိုေပမယ့္ ဝမ္းနည္းစရာ မရွိဘူးလို႔ ေျပာလိုက္တဲ့ စပါးနည္းျပ ေမာ္ရင္ဟို
စပါးနည္းျပေမာ္ရင္ဟိုက ရာသီသစ္ မစခင္ကစားခဲ့တဲ့ ေနာက္ဆံုးေျခစမ္းပြဲအျဖစ္ ဝက္ဖို႔ဒ္နဲ႔ ကစားတဲ့ပြဲမွာ ႏွစ္ဂိုးတစ္ဂိုးနဲ႔ ရႈံးခဲ့တယ္ဆိုေပမယ့္ ဝမ္းနည္းစရာမရွိဘူးလို႔ ေျပာခဲ့တယ္လို႔ သိရပါတယ္။ စပါးဟာ ပရီးမီးယားလိဂ္မစခင္မွာ ေျခစမ္းပြဲ၄ ပြဲ ကစားခဲ့ၿပီး အစ္ဆြစ္ခ်္၊ ရီးဒင္း၊ဘာမင္ဂမ္တို႔ကို အႏိုင္ရခဲ့ေပမယ့္ ဝက္ဖိုဒ္ကိုေတာ့ အေရးနိမ့္ခဲ့တာပဲ ျဖစ္ပါတယ္။
ပရီးမီးယားလိဂ္ကေန တန္းဆင္းသြားရတဲ့ ဝက္ဖို႔ဒ္နဲ႔ ပြဲမွာ စပါးအသင္းအေနနဲ႔ ႏိုင္ငံလက္ေရြးစင္အျဖစ္ေရြးခ်ယ္ခံရတဲ့ ကစားသမားေတြမပါဘဲ ကစားခဲ့တာျဖစ္ၿပီး အသင္းေခါင္းေဆာင္အျဖစ္ ကိုရီးယားသား ဆြန္ေဟာင္မင္က တာဝန္ယူခဲ့တာ ပဲ ျဖစ္ပါတယ္။ စပါးအသင္းေခါင္းေဆာင္အျဖစ္ တာဝန္ယူရတာ ဆြန္ေဟာင္မင္အတြက္ ပထမဆံုးအႀကိမ္ျဖစ္ခဲ့ေပမယ့္ ႏိုင္ပြဲမရခဲ့ဘဲ အေရးနိမ့္ခဲ့တာ ျဖစ္ပါတယ္။
ပြဲအၿပီးမွာေတာ့ ေမာ္ရင္ဟိုက “ ကြ်န္ေတာ္တို႔အေနနဲ႔ အေကာင္းျမင္တဲ့ဘက္က ၾကည့္ရမွာပါ။ တစ္ခ်ိဳ႕ကစားသမားေတြဆို ပြဲခ်ိန္အျပည့္ကစားခဲ့ရပါတယ္။ ဝက္ဖို႔ဒ္ကလည္း အသင္းေကာင္းတစ္ေကာင္းျဖစ္ၿပီး ႏိုင္ပြဲရဖို႔ ထိုက္တန္တဲ့ ေျခစြမ္းမ်ိဳးနဲ႔ ကစားႏိုင္ခဲ့ပါတယ္။ ဒီပြဲရလဒ္အတြက္ အသင္းအေနနဲ႔ ဝမ္းနည္းေနစရာမရွိပါဘူး။” လို႔ အသင္းဝက္ဘ္ဆိုဒ္ကေနတဆင့္ ေျပာခဲ့ပါတယ္။ စပါးဟာ လာမယ့္တနဂၤေႏြေန႔မွာေတာ့ ပရီးမီးယားလိဂ္ အဖြင့္ပြဲစဥ္အျဖစ္ အဲဗာတန္ကို အိမ္ကြင္းမွာလက္ခံ ကစားရမွာပဲ ျဖစ္ပါတယ္။
စပါးဟာ ၿပီးခဲ့တဲ့ရာသီက အမွတ္ေပးဇယား အဆင့္-၆ ေနရာမွာ ရပ္တည္ခဲ့တာေၾကာင့္ ယူ႐ိုပါလိဂ္ကစားရဖို႔ရွိေနၿပီး စက္ တင္ဘာလ ၁၇ ရက္ေန႔မွာေတာ့ ဘူေဂးလ္ရီးယားကလပ္ လိုကိုမိုးတစ္ပလိုဒစ္နဲ႔ ေျခစစ္ပြဲ ဒုတိယအေက်ာ့ကို အေဝးကြင္း မွာ ကစားရမွာပဲ ျဖစ္ပါတယ္။ ေျပာင္းလဲလိုက္တဲ့ ၿပိဳင္ပြဲပံုစံေၾကာင့္ ေျခစစ္ပြဲအဆင့္ေတြကို တစ္ေက်ာ့တည္းကစားရမွာမို႔ စပါးအေနနဲ႔ အေဝးကြင္းမွာ ေပါ့ဆလို႔ မရတဲ့ပြဲတစ္ပြဲ ကစားရမွာပဲ ျဖစ္ပါတယ္။