၆ လကြာ ပွဲကစားခွင့်မရခဲ့တဲ့ အိုဇေးလ် ပြန်ကစားခဲ့တဲ့ပွဲမှာ အက်စ်တွန်ဗီလာကို အိမ်ကွင်းမှာပဲ ရှုံးခဲ့တဲ့ အာဆင်နယ်

အာဆင်နယ်ဟာ ရာသီကြိုခြေစမ်းပွဲအဖြစ် အက်စ်တွန်ဗီလာနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာတော့ အိမ်ကွင်းမှာကစားရတာဖြစ်ပေ မယ့် နှစ်ဂိုးသုံးဂိုးနဲ့ အရေးနိမ့်ခဲ့တယ်လို့ သိရပါတယ်။ ရာသီကြို ကွန်မြူနတီဒိုင်းရထားတဲ့ အာဆင်နယ်ဟာ အက်စ်တွန်ဗီ လာနဲ့ ပွဲမှာ အဓိက,ကစားသမားအများစုပါဝင်ခဲ့ပြီး အသင်းအတွက် ၆ လကြာကစားခွင့်မရခဲ့တဲ့ ကွင်းလယ်လူ အိုဇေးလ် တောင် ပါဝင်ကစားခဲ့တယ်လို့ သိရပါတယ်။


အက်စ်တွန်ဗီလာနဲ့ပွဲမှာ အာဆင်နယ်အတွက် အိုဇေးလ်အပြင် နွေရာသီအပြောင်းအရွှေ့မှ ခေါ်ယူထားတဲ့ ဝီလီယံလည်း ပါ ဝင်ကစားခဲ့တယ်လို့ သိရပြီး အသင်းအတွက် နှစ်ဂိုးကိုတော့ အသင်းခေါင်းဆောင်ဖြစ်တဲ့ အူဘာမီယန်းက သွင်းယူခဲ့တာ ဖြစ်ပါတယ်။ အက်စ်တွန်ဗီလာအတွက် ဂိုးတွေကိုတော့ ဂျာကော့ဘ်ရမ်ဆေးက နှစ်ဂိုးနဲ့ ဒေါက်ကလပ်လူးဝစ်ဇ် တို့က သွင်း ယူပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


အာဆင်နယ်ဟာ နွေရာသီအပြောင်းအရွှေ့မှာ ဝီလီယံနဲ့ ဂါဘရီရယ်တို့ကို ခေါ်ယူထားပေမယ့် နောက်ထပ်ကစားသမား သစ်တွေကို ခေါ်ယူဖို့အတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အက်သလက်တီကိုကွင်းလယ်လူ ပါတေးက အာဆင်နယ် နည်းပြ အာတီတာရဲ့နွေရာသီဦးစားပေး ပစ်မှတ်ဖြစ်တယ်ဆိုပေမယ့် ကစားသမားရဲ့စာချုပ်ပါလျော်ကြေး ပေါင် ၄၅ သန်း ကြောင့် အာဆင်နယ်အနေနဲ့ ခေါ်ယူဖို့ နှောင့်နှေးနေတာဖြစ်တယ်လို့ သိရပါတယ်။


အာဆင်နယ်ဟာ လိုင်ယွန်ကွင်းလယ်လူ အော်ယူအာကိုလည်း ခေါ်ယူဖို့စိတ်ဝင်စားနေပြီး ကစားသမားရဲ့အေးဂျင့်နဲ့ အပြောင်းအရွှေ့အတွက် ဆွေးနွေးနေပြီလို့ သိရပါတယ်။ အာဆင်နယ်ဟာ အော်ယူအာ ကိုခေါ်ယူဖို့အတွက် ပြောင်းရွှေ့ ကြေး အစိတ်အပိုင်းတစ်ခု အဖြစ် တိုက်စစ်မှူး လာကာဇက်တီကို အသုံးပြုသွားဖို့ရှိနေတယ်လို့လည်း သတင်းတွေက ဖော်ပြနေကြပါတယ်။

zawgyi version

အာဆင္နယ္မွာ ၆ လၾကာ ပြဲကစားခြင့္မရခဲ့တဲ့ အိုေဇးလ္ ျပန္ကစားခဲ့တဲ့ပြဲမွာ အက္စ္တြန္ဗီလာကို အိမ္ကြင္းမွာပဲ ရႈံးခဲ့တဲ့ အာဆင္နယ္
အာဆင္နယ္ဟာ ရာသီႀကိဳေျခစမ္းပြဲအျဖစ္ အက္စ္တြန္ဗီလာနဲ႔ ကစားခဲ့တဲ့ပြဲစဥ္မွာေတာ့ အိမ္ကြင္းမွာကစားရတာျဖစ္ေပ မယ့္ ႏွစ္ဂိုးသံုးဂိုးနဲ႔ အေရးနိမ့္ခဲ့တယ္လို႔ သိရပါတယ္။ ရာသီႀကိဳ ကြန္ျမဴနတီဒိုင္းရထားတဲ့ အာဆင္နယ္ဟာ အက္စ္တြန္ဗီ လာနဲ႔ ပြဲမွာ အဓိက,ကစားသမားအမ်ားစုပါဝင္ခဲ့ၿပီး အသင္းအတြက္ ၆ လၾကာကစားခြင့္မရခဲ့တဲ့ ကြင္းလယ္လူ အိုေဇးလ္ ေတာင္ ပါဝင္ကစားခဲ့တယ္လို႔ သိရပါတယ္။
အက္စ္တြန္ဗီလာနဲ႔ပြဲမွာ အာဆင္နယ္အတြက္ အိုေဇးလ္အျပင္ ေႏြရာသီအေျပာင္းအေရႊ႕မွ ေခၚယူထားတဲ့ ဝီလီယံလည္း ပါ ဝင္ကစားခဲ့တယ္လို႔ သိရၿပီး အသင္းအတြက္ ႏွစ္ဂိုးကိုေတာ့ အသင္းေခါင္းေဆာင္ျဖစ္တဲ့ အူဘာမီယန္းက သြင္းယူခဲ့တာ ျဖစ္ပါတယ္။ အက္စ္တြန္ဗီလာအတြက္ ဂိုးေတြကိုေတာ့ ဂ်ာေကာ့ဘ္ရမ္ေဆးက ႏွစ္ဂိုးနဲ႔ ေဒါက္ကလပ္လူးဝစ္ဇ္ တို႔က သြင္း ယူေပးခဲ့တာ ျဖစ္တယ္လို႔ သိရပါတယ္။
အာဆင္နယ္ဟာ ေႏြရာသီအေျပာင္းအေရႊ႕မွာ ဝီလီယံနဲ႔ ဂါဘရီရယ္တို႔ကို ေခၚယူထားေပမယ့္ ေနာက္ထပ္ကစားသမား သစ္ေတြကို ေခၚယူဖို႔အတြက္ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။ အက္သလက္တီကိုကြင္းလယ္လူ ပါေတးက အာဆင္နယ္ နည္းျပ အာတီတာရဲ႕ေႏြရာသီဦးစားေပး ပစ္မွတ္ျဖစ္တယ္ဆိုေပမယ့္ ကစားသမားရဲ႕စာခ်ဳပ္ပါေလ်ာ္ေၾကး ေပါင္ ၄၅ သန္း ေၾကာင့္ အာဆင္နယ္အေနနဲ႔ ေခၚယူဖို႔ ေႏွာင့္ေႏွးေနတာျဖစ္တယ္လို႔ သိရပါတယ္။
အာဆင္နယ္ဟာ လိုင္ယြန္ကြင္းလယ္လူ ေအာ္ယူအာကိုလည္း ေခၚယူဖို႔စိတ္ဝင္စားေနၿပီး ကစားသမားရဲ႕ေအးဂ်င့္နဲ႔ အေျပာင္းအေရႊ႕အတြက္ ေဆြးေႏြးေနၿပီလို႔ သိရပါတယ္။ အာဆင္နယ္ဟာ ေအာ္ယူအာ ကိုေခၚယူဖို႔အတြက္ ေျပာင္းေရႊ႕ ေၾကး အစိတ္အပိုင္းတစ္ခု အျဖစ္ တိုက္စစ္မွဴး လာကာဇက္တီကို အသံုးျပဳသြားဖို႔ရွိေနတယ္လို႔လည္း သတင္းေတြက ေဖာ္ျပေနၾကပါတယ္။