ရှုံးမှာ သေချာနေတဲ့ ပွဲမှာ ဂိုးသမား မရှိတဲ့ ဂိုးပေါက်ကို တစ်ဟုန်ထိုး ပြေးသွားပြီး ကာကွယ်မှု လုပ်သွားတဲ့ တောင်ကိုရီးယားသား ဆွန်ဟောင်မင်

စပါးအသင်းရဲ့ တိုက်စစ်ကစားသမား ဆွန်ဟောင်မင်ဟာ ဝက်ဖိုဒ့်နဲ့ စနေနေ့ညနေက ရာသီအကြို ခြေစမ်းပွဲကစားခဲ့ပြီး ဝက်ဖိုဒ့်နောက်ခံလူ နဗားရို ရဲ့ သွင်းဂိုးကို အံ့အားသင့်စရောက်ကောင်းလောက်အောင် ကာကွယ်မှု လုပ်သွားခဲ့ပါတယ်။ ဝက်ဖိုဒ့်အသင်းကို (၂-၁) နဲ့ ရှုံးနိမ့်နေတဲ့ စပါးအသင်းဟာ ပွဲပြီးလို့ နာကျင်အချိန်ပိုရောက်နေချိန်မှာ ထောင့်ကန်ဘောကန်ခွင့်ရလို့ စပါးအသင်းရဲ့ ဂိုးသမား ဂက်ဇာနီဂါက ရှေ့တက်ပြီး ခေါင်းတိုက်ရန် ကြိုးစားခဲ့ပါတယ်။

သို့သော်လည်း ထောင့်ကန်ဘောမှတစ်ဆင့် ဝက်ဖိုဒ့်နောက်ခံလူ နဗားရိုး က ဂိုးသမားမရှိတဲ့ စပါးအသင်းရဲ့ ဂိုးပေါက်ကို ကွင်းလယ်နည်းနည်းအကျော်လောက်က လှမ်းပြီး ကန်သွင်းလိုက်တာကို ဆွန်ဟောင်မင်က ဂိုးသမားမရှိတဲ့ ဂိုးပေါက်ကို တစ်ရှိန်ထိုးပြန်ပြေးသွားပြီး ဘောလုံးကို ဂိုးစည်းပေါ်က ရှင်းလင်းသွားတာဖြစ်ပါတယ်။

ဆွန်ဟောင်မင်ရဲ့ ရှင်းလင်းကာကွယ်မှုက စပါးအသင်းရဲ့ (၂-၁) နဲ့ ရှုံးနိမ့်နေတဲ့ ရလဒ်ကို မပြောင်းလဲနိုင်ခဲ့ပေမယ့် (၃-၁) နဲ့ ရှုံးနိမ့်တာကနေဝေးသွားခဲ့ရပြီး ပရိသတ်တွေက တိုက်စစ်ကစားသမားရဲ့ ကြိုးစားအားထုတ်မှုကို ချီးကျူးနေပါတယ်။ စပါးအသင်းရဲ့ ကစားသမားအများစု လက်ရွေးစင်အသင်းတွေမှာ ကစားနေရလို့ ဆွန်ဟောင်မင်ဟာ အသင်းအတွက် ပထမဆုံးအကြိမ် အသင်းခေါင်းဆောင် လက်ပတ်ကို ဝတ်ဆင်ခဲ့ရတာဖြစ်ပါတယ်။ ပရိသတ်တွေကတော့ ဆွန်ဟောင်မင်အပေါ် လူမှုကွန်ယက်တွစ်တာမှ တစ်ဆင့် ချီးကျူးစကားတွေပြောသွားခဲ့ပါတယ်။

ပရိသတ်တစ်ယောက်က “ဒီဂိုးစည်းပေါ်က ဘောလုံးကို ဆွန်ရဲ့ ရှင်းလင်းမှု အရမ်းကို အံ့အားသင့်စရာကောင်းပါတယ်။ ရှုံးလည်းရှုံးနေပြီး နောက်ဆုံး စက္ကန့်ကို ရောက်နေတဲ့ ခြေစမ်းပွဲမှာ သူက နောက်ကို ပြေးပြီး လုပ်သွားတာကို ကျွန်တော်လေးစားပါတယ်” လို့ ရေးသွားခဲ့တာဖြစ်ပါတယ်။ နောက်တစ်ယောက်က “ဒီဂိုးစည်းပေါ်က ဘောလုံးကို ရှင်းထုတ်လိုက်လို့ ဆွန်ဟောင်မင်က ဒီနေ့ပွဲရဲ့ အကောင်းဆုံးကစားသမား ဆုနဲ့ ထိုက်တန်ပါတယ်” လို့ ရေးသားခဲ့ပါတယ်။

ရႈံးမွာ ေသခ်ာေနတဲ့ ပြဲမွာ ဂိုးသမား မရွိတဲ့ ဂိုးေပါက္ကို တစ္ဟုန္ထိုး ေျပးသြားျပီး ကာကြယ္မႈ လုပ္သြားတဲ့ ေတာင္ကိုရီးယားသား ဆြန္ေဟာင္မင္

စပါးအသင္းရဲ႕ တိုက္စစ္ကစားသမား ဆြန္ေဟာင္မင္ဟာ ၀က္ဖိုဒ့္နဲ႔ စေနေန႔ညေနက ရာသီအၾကိဳ ေျခစမ္းပြဲကစားခဲ့ျပီး ၀က္ဖိုဒ့္ေနာက္ခံလူ နဗားရို ရဲ႕ သြင္းဂိုးကို အံ့အားသင့္စေရာက္ေကာင္းေလာက္ေအာင္ ကာကြယ္မႈ လုပ္သြားခဲ့ပါတယ္။ ၀က္ဖိုဒ့္အသင္းကို (၂-၁) နဲ႔ ရႈံးနိမ့္ေနတဲ့ စပါးအသင္းဟာ ပြဲျပီးလို႔ နာက်င္အခ်ိန္ပိုေရာက္ေနခ်ိန္မွာ ေထာင့္ကန္ေဘာကန္ခြင့္ရလို႔ စပါးအသင္းရဲ႕ ဂိုးသမား ဂက္ဇာနီဂါက ေရွ႕တက္ျပီး ေခါင္းတိုက္ရန္ ၾကိဳးစားခဲ့ပါတယ္။

သို႔ေသာ္လည္း ေထာင့္ကန္ေဘာမွတစ္ဆင့္ ၀က္ဖိုဒ့္ေနာက္ခံလူ နဗားရိုး က ဂိုးသမားမရွိတဲ့ စပါးအသင္းရဲ႕ ဂိုးေပါက္ကို ကြင္းလယ္နည္းနည္းအေက်ာ္ေလာက္က လွမ္းျပီး ကန္သြင္းလိုက္တာကို ဆြန္ေဟာင္မင္က ဂိုးသမားမရွိတဲ့ ဂိုးေပါက္ကို တစ္ရွိန္ထိုးျပန္ေျပးသြားျပီး ေဘာလံုးကုိ ဂိုးစည္းေပၚက ရွင္းလင္းသြားတာျဖစ္ပါတယ္။

ဆြန္ေဟာင္မင္ရဲ႕ ရွင္းလင္းကာကြယ္မႈက စပါးအသင္းရဲ႕ (၂-၁) နဲ႔ ရႈံးနိမ့္ေနတဲ့ ရလဒ္ကို မေျပာင္းလဲႏိုင္ခဲ့ေပမယ့္ (၃-၁) နဲ႔ ရႈံးနိမ့္တာကေနေ၀းသြားခဲ့ရျပီး ပရိသတ္ေတြက တိုက္စစ္ကစားသမားရဲ႕ ၾကိဳးစားအားထုတ္မႈကို ခ်ီးက်ဴးေနပါတယ္။ စပါးအသင္းရဲ႕ ကစားသမားအမ်ားစု လက္ေရြးစင္အသင္းေတြမွာ ကစားေနရလို႔ ဆြန္ေဟာင္မင္ဟာ အသင္းအတြက္ ပထမဆံုးအၾကိမ္ အသင္းေခါင္းေဆာင္ လက္ပတ္ကို ၀တ္ဆင္ခဲ့ရတာျဖစ္ပါတယ္။ ပရိသတ္ေတြကေတာ့ ဆြန္ေဟာင္မင္အေပၚ လူမႈကြန္ယက္တြစ္တာမွ တစ္ဆင့္ ခ်ီးက်ဴးစကားေတြေျပာသြားခဲ့ပါတယ္။

ပရိသတ္တစ္ေယာက္က “ဒီဂိုးစည္းေပၚက ေဘာလံုးကို ဆြန္ရဲ႕ ရွင္းလင္းမႈ အရမး္ကို အံ့အားသင့္စရာေကာင္းပါတယ္။ ရႈံးလည္းရႈံးေနျပီး ေနာက္ဆံုး စကၠန္႔ကို ေရာက္ေနတဲ့ ေျခစမ္းပြဲမွာ သူက ေနာက္ကို ေျပးျပီး လုပ္သြားတာကို ကၽြန္ေတာ္ေလးစားပါတယ္” လို႔ ေရးသြားခဲ့တာျဖစ္ပါတယ္။ ေနာက္တစ္ေယာက္က “ဒီဂိုးစည္းေပၚက ေဘာလံုးကို ရွင္းထုတ္လိုက္လို႔ ဆြန္ေဟာင္မင္က ဒီေန႔ပြဲရဲ႕ အေကာင္းဆံုးကစားသမား ဆုနဲ႔ ထိုက္တန္ပါတယ္” လို႔ ေရးသားခဲ့ပါတယ္။