ပေါင် ၁၆ သန်းတန် ဂျပန်နောက်ခံလူ တိုမီယာဆူ ကို ခေါ်ယူရန် အပြိုင်စိတ်ဝင်စားနေတဲ့ နယူးကာဆယ် နဲ့ ဝက်စ်ဟမ်းအသင်း

ဝက်စ်ဟမ်း နဲ့ နယူးကာဆယ်အသင်းတို့ဟာ ဘိုလော့ဂ်နာအသင်းက ဂျပန်လက်ရွေးစင်ကစားသမား တိုမီယာဆူ ကို ခေါ်ယူရန် ချဉ်းကပ်လာပြီ ဖြစ်ပါတယ်။ဒီနွေရာသီမှာ အသင်းက ထွက်ခွာမယ့် ယဒ်လင် နဲ့ နေရာမှာ အစားထိုးရန်အတွက် နယူးကာဆယ်အသင်းဟာ ညာနောက်ခံလူတစ်ယောက်ကို ခေါ်ယူလိုနေပြီး ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်ကလည်း နောက်ရာသီအတွက် နောက်တန်းအင်အားကို ဖြည့်တင်းချင်နေတယ်လို့ သိရပါတယ်။

တိုမီယာဆူဟာ ဗဟိုနောက်ခံလူ အဖြစ်သာမက ကွင်းလယ်ခံစစ်မှာပါ ကစားနိုင်လို့ စီးရီးအေကလပ်အသင်းက ပေါင် ၁၆ သန်းသတ်မှတ်ထားတာဖြစ်ပါတယ်။ အသက် ၂၁ နှစ်အရွယ်ကစားသမားကို ဘိုလော့ဂ်နာအသင်းကို ပြီးခဲ့တဲ့နှစ်က ပေါင် ၈ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး ယခုလို ၂ ဆ မြင့်တက်သွားတာပါ။

သတင်းများအရ တိုမီယာဆူရဲ့ လက်မှတ်ကို ရယူရန်အတွက် နယူးကာဆယ် နဲ့ ဝက်စ်ဟမ်းအသင်းတို့ဟာ အပြိုင်အဆိုင်ဖြစ်နေပြီလို့ သိရပါတယ်။ တိုမီယာဆူဟာ မနှစ်က စီးရီးအေမှာ ညာနောက်ခံလူအဖြစ် ပုံမှန်ကစားခွင့်ရခဲ့ပြီး (၂၉) ပွဲကစားကာ (၁) ဂိုးသွင်း (၁) ဂိုးဖန်တီးပေးခဲ့သူ ဖြစ်ပါတယ်။ နောက်ခံလူဟာ ဘယ်ခြေကော ညာခြေပါ အားသန်ပြီး သူ့ရဲ့ ဖြတ်တင်ဘောတွေက တိုက်စစ်ကို အထောက်အကူ ရစေပါတယ်။

ေပါင္ ၁၆ သန္းတန္ ဂ်ပန္ေနာက္ခံလူ တိုမီယာဆူ ကို ေခၚယူရန္ အျပိဳင္စိတ္၀င္စားေနတဲ့ နယူးကာဆယ္ နဲ႔ ၀က္စ္ဟမ္းအသင္း

၀က္စ္ဟမ္း နဲ႔ နယူးကာဆယ္အသင္းတို႔ဟာ ဘိုေလာ့ဂ္နာအသင္းက ဂ်ပန္လက္ေရြးစင္ကစားသမား တိုမီယာဆူ ကို ေခၚယူရန္ ခ်ဥ္းကပ္လာျပီ ျဖစ္ပါတယ္။ဒီေႏြရာသီမွာ အသင္းက ထြက္ခြာမယ့္ ယဒ္လင္ နဲ႔ ေနရာမွာ အစားထိုးရန္အတြက္ နယူးကာဆယ္အသင္းဟာ ညာေနာက္ခံလူတစ္ေယာက္ကို ေခၚယူလိုေနျပီး ၀က္စ္ဟမ္းနည္းျပ ေဒးဗစ္မိုယက္စ္ကလည္း ေနာက္ရာသီအတြက္ ေနာက္တန္းအင္အားကို ျဖည့္တင္းခ်င္ေနတယ္လုိ႔ သိရပါတယ္။

တိုမီယာဆူဟာ ဗဟိုေနာက္ခံလူ အျဖစ္သာမက ကြင္းလယ္ခံစစ္မွာပါ ကစားႏိုင္လို႔ စီးရီးေအကလပ္အသင္းက ေပါင္ ၁၆ သန္းသတ္မွတ္ထားတာျဖစ္ပါတယ္။ အသက္ ၂၁ ႏွစ္အရြယ္ကစားသမားကို ဘိုေလာ့ဂ္နာအသင္းကို ျပီးခဲ့တဲ့ႏွစ္က ေပါင္ ၈ သန္းနဲ႔ ေခၚယူခဲ့တာျဖစ္ျပီး ယခုလို ၂ ဆ ျမင့္တက္သြားတာပါ။

သတင္းမ်ားအရ တုိမီယာဆူရဲ႕ လက္မွတ္ကို ရယူရန္အတြက္ နယူးကာဆယ္ နဲ႔ ၀က္စ္ဟမ္းအသင္းတို႔ဟာ အျပိဳင္အဆိုင္ျဖစ္ေနျပီလို႔ သိရပါတယ္။ တိုမီယာဆူဟာ မႏွစ္က စီးရီးေအမွာ ညာေနာက္ခံလူအျဖစ္ ပံုမွန္ကစားခြင့္ရခဲ့ျပီး (၂၉) ပြဲကစားကာ (၁) ဂိုးသြင္း (၁) ဂိုးဖန္တီးေပးခဲ့သူ ျဖစ္ပါတယ္။ ေနာက္ခံလူဟာ ဘယ္ေျခေကာ ညာေျခပါ အားသန္ျပီး သူ႔ရဲ႕ ျဖတ္တင္ေဘာေတြက တိုက္စစ္ကို အေထာက္အကူ ရေစပါတယ္။