အာဆင်နယ်နောက်ခံလူ ဘယ်လာရင်ကို ခေါ်ယူရန် လေဗာကူဆင်အသင်းပါ စိတ်ဝင်စားလာ

လေဗာကူဆင်အသင်းဟာ အာဆင်နယ်နောက်ခံလူ ဘယ်လာရင်ကို ခေါ်ယူရန် စိတ်ဝင်စားလာပြီလို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ အသက် ၂၅ နှစ်အရွယ်ကစားသမားကို ပီအက်စ်ဂျီအသင်းကလည်း ပေါင်သန်း ၃၀ နဲ့ ခေါ်ယူရန် စိတ်ဝင်စားနေပြီး အာဆင်နယ်အသင်းက လည်း အသုံးစရိတ်ရရန်အတွက် ရောင်းချချင်နေတာဖြစ်ပါတယ်။

လေဗာကူဆင်အသင်းဟာ နောက်ရာသီမှာ ဥရောပဝင်ခွင့်ရရန်အတွက် အသင်းရဲ့ လူစာရင်းကို အင်အားဖြည့်တင်းရန် ကြိုးစားနေတယ်လို့ The Telegraph က ဖော်ပြချက်အရ သိရပါတယ်။ ဘယ်လာရင်ဟာ အာဆင်နယ်အသင်းနဲ့ ၂၀၂၃ ခုနှစ်အထိ စာချုပ်သက်တမ်းရှိပေမယ့်လည်း Sportsmail က ဖော်ပြချက်အရ သူဟာ စိန်ခေါ်မှုအသစ်လိုချင်နေတာဖြစ်ပါတယ်။

လေဗာကူဆင်အသင်းဟာ ချဲလ်ဆီးအသင်းထံ ကိုင်ဟာဗက်ဇ်ကို မြောက်မြားလှတဲ့ ပြောင်းရွှေ့ကြေးနဲ့ ရောင်းချပြီး အသင်းအတွက် လိုအပ်တဲ့နေရာဖြစ်တဲ့ ညာနောက်ခံလူနေရာကို အင်အားဖြည့်ရန် မျှော်လင့်နေပါတယ်။ လေဗာကူဆင်အသင်းဟာ စပါးနောက်ခံလူ အော်ရီရာကိုလည်း ပစ်မှတ်ထားနေတာလည်းဖြစ်ပါတယ်။

ဂျူဗင်တပ်စ် နဲ့ ချန်ပီယံလိဂ်ဖလားရရှိခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ကလည်း လေဗာကူဆင်နဲ့အပြိုင် ဘယ်လာရင်ကို စိတ်ဝင်စားနေပေမယ့် ပီအက်စ်ဂျီအသင်းက ပထမဆုံး တရားဝင်ကမ်းလှမ်းလိုက်ပြီလို့ သိရပါတယ်။ပြင်သစ်လီဂူး ၁ အသင်းဟာ ဘယ်လာရင်ကို ပေါင် ၂၅ သန်းနဲ့ အရင်ကမ်းလှမ်းပြီးမှာ အပိုဆုကြေးအနေနဲ့ ပေါင် ၅ သန်း ထပ်ပေးမှာ ဖြစ်ပါတယ်။ ဘယ်လာရင်ဟာ ၂၀၁၁ ခုနှစ်က ဘာစီလိုနာအကယ်ဒမီကနေ ထွက်ခွာလာခဲ့ပြီးနောက် အာဆင်နယ်အသင်းအတွက် စုစုပေါင်း (၂၀၅) ပွဲကစားပေးထားပါတယ်။

အာဆင္နယ္ေနာက္ခံလူ ဘယ္လာရင္ကို ေခၚယူရန္ ေလဗာကူဆင္အသင္းပါ စိတ္၀င္စားလာ

ေလဗာကူဆင္အသင္းဟာ အာဆင္နယ္ေနာက္ခံလူ ဘယ္လာရင္ကို ေခၚယူရန္ စိတ္၀င္စားလာျပီလို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။ အသက္ ၂၅ ႏွစ္အရြယ္ကစားသမားကို ပီအက္စ္ဂ်ီအသင္းကလည္း ေပါင္သန္း ၃၀ နဲ႔ ေခၚယူရန္ စိတ္၀င္စားေနျပီး အာဆင္နယ္အသင္းက လည္း အသံုးစရိတ္ရရန္အတြက္ ေရာင္းခ်ခ်င္ေနတာျဖစ္ပါတယ္။

ေလဗာကူဆင္အသင္းဟာ ေနာက္ရာသီမွာ ဥေရာပ၀င္ခြင့္ရရန္အတြက္ အသင္းရဲ႕ လူစာရင္းကို အင္အားျဖည့္တင္းရန္ ၾကိဳးစားေနတယ္လို႔ The Telegraph က ေဖာ္ျပခ်က္အရ သိရပါတယ္။ ဘယ္လာရင္ဟာ အာဆင္နယ္အသင္းနဲ႔ ၂၀၂၃ ခုႏွစ္အထိ စာခ်ဳပ္သက္တမ္းရွိေပမယ့္လည္း Sportsmail က ေဖာ္ျပခ်က္အရ သူဟာ စိန္ေခၚမႈအသစ္လိုခ်င္ေနတာျဖစ္ပါတယ္။

ေလဗာကူဆင္အသင္းဟာ ခ်ဲလ္ဆီးအသင္းထံ ကိုင္ဟာဗက္ဇ္ကို ေျမာက္ျမားလွတဲ့ ေျပာင္းေရႊ႕ေၾကးနဲ႔ ေရာင္းခ်ျပီး အသင္းအတြက္ လိုအပ္တဲ့ေနရာျဖစ္တဲ့ ညာေနာက္ခံလူေနရာကို အင္အားျဖည့္ရန္ ေမွ်ာ္လင့္ေနပါတယ္။ ေလဗာကူဆင္အသင္းဟာ စပါးေနာက္ခံလူ ေအာ္ရီရာကိုလည္း ပစ္မွတ္ထားေနတာလည္းျဖစ္ပါတယ္။

ဂ်ဴဗင္တပ္စ္ နဲ႔ ခ်န္ပီယံလိဂ္ဖလားရရွိခဲ့တဲ့ ဘိုင္ယန္ျမဴးနစ္အသင္းတို႔ကလည္း ေလဗာကူဆင္နဲ႔အျပိဳင္ ဘယ္လာရင္ကို စိတ္၀င္စားေနေပမယ့္ ပီအက္စ္ဂ်ီအသင္းက ပထမဆံုး တရား၀င္ကမ္းလွမ္းလိုက္ျပီလို႔ သိရပါတယ္။ျပင္သစ္လီဂူး ၁ အသင္းဟာ ဘယ္လာရင္ကို ေပါင္ ၂၅ သနး္နဲ႔ အရင္ကမ္းလွမ္းျပီးမွာ အပိုဆုေၾကးအေနနဲ႔ ေပါင္ ၅ သန္း ထပ္ေပးမွာ ျဖစ္ပါတယ္။ ဘယ္လာရင္ဟာ ၂၀၁၁ ခုႏွစ္က ဘာစီလိုနာအကယ္ဒမီကေန ထြက္ခြာလာခဲ့ျပီးေနာက္ အာဆင္နယ္အသင္းအတြက္ စုစုေပါင္း (၂၀၅) ပြဲကစားေပးထားပါတယ္။