ဘိုင်ယန်မြူးနစ်က ထွက်ခွာချင်တယ်လို့ ကျွန်တော်မပြောခဲ့ပါဘူးလို့ ဆိုလိုက်တဲ့ လီဗာပူးလ် ပစ်မှတ် သီယာဂို

သီယာဂိုက ဘိုင်ယန်မြူးနစ်အသင်းက ဒီနွေရာသီမှာ ထွက်ခွာနိုင်တယ်ဆိုတဲ့ သတင်းတွေကို ပယ်ချလိုက်ပြီး ပရီးမီးယားလိဂ်ကလပ်တွေကို စိတ်ပျက်စေမယ့် စကားပြောသွားခဲ့ပါတယ်။ ချန်ပီယံလိဂ်ဖလားရပြီးနောက် အသင်းက ထွက်ခွာမယ်လို့ သတင်းတွေထွက်နေတဲ့ စပိန်ကွင်းလယ်ကစားသမားကို လီဗာပူးလ် နဲ့ ယူနိုက်တက်တို့က ဆက်သွယ်မှုတွေ လုပ်ထားတာဖြစ်ပါတယ်။ သီယာဂိုဟာ လက်ရှိ စပိန်လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းနေပြီး သူဒီနွေရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းက ထွက်ခွာမယ်ဆိုတာကို ဘယ်သူ့ကိုမှ မပြောခဲ့ဘူးလို့ ဝန်ခံသွားပြီး လက်ရှိ နေရှင်းလိဂ် ပြိုင်ပွဲကိုပဲ အာရုံစိုက်ထားတယ်လို့ ပြောသွားခဲ့ပါတယ်။

အသက် ၂၉ နှစ်အရွယ်ကစားသမားက “ကျွန်တော် ဘိုင်ယန်မြူးနစ်က ထွက်ခွာမယ်လို့ ဘယ်သူ့ကိုမှ မပြောခဲ့ပါဘူး။ နှစ်တိုင်းပဲ ခင်ဗျားတို့က အခြားအသင်းတွေနဲ့ သတင်းတပ်နေကြတာပါ။ ကျွန်တော့်အတွက်တော့ တနင်္ဂနွေနေ့ပွဲက လောလောဆယ် အရေးကြီးပါတယ်။ တခြားအသင်းအကြောင်း ကျွန်တော် နဲနဲလေးတောင်စိတ်မဝင်စားပါူဘး။ မနက်ဖြန်ပွဲကိုပဲ စိတ်ဝင်စားပါတယ်” လို့ စနေနေ့က သတင်းထောက်များကို ပြောသွားခဲ့တာဖြစ်ပါတယ်။

သီယာဂိုဟာ ကြာသပတေးနေ့က ဂျာမနီ နဲ့ စပိန် (၁-၁) သရေကျခဲ့တဲ့ပွဲမှာ ပွဲချိန် မိနစ် (၉၀) လုံးကို ကစားခဲ့ပါတယ်။ ပွဲအပြီးမှာ ဂျာမနီ နဲ့ ဘာစီလိုနာ ဂိုးသမား တာစတီဂန်ကလည်း သီယာဂိုကို ဘာစီလိုနာအသင်းက ပြန်ခေါ်ယူမယ်ဆိုရင် ကောင်းမယ်လို့ ဝန်ခံပြောသွားခဲ့ပါသေးတယ်။

ဘိုင္ယန္ျမဴးနစ္က ထြက္ခြာခ်င္တယ္လို႔ ဘယ္သူ႔ကိုမွ မေျပာခဲ့ပါဘူးလို႔ ဆိုလိုက္တဲ့ လီဗာပူးလ္ ပစ္မွတ္ သီယာဂို

သီယာဂိုက ဘိုင္ယန္ျမဴးနစ္အသင္းက ဒီေႏြရာသီမွာ ထြက္ခြာႏိုင္တယ္ဆိုတဲ့ သတင္းေတြကို ပယ္ခ်လိုက္ျပီး ပရီးမီးယားလိဂ္ကလပ္ေတြကို စိတ္ပ်က္ေစမယ့္ စကားေျပာသြားခဲ့ပါတယ္။ ခ်န္ပီယံလိဂ္ဖလားရျပီးေနာက္ အသင္းက ထြက္ခြာမယ္လို႔ သတင္းေတြထြက္ေနတဲ့ စပိန္ကြင္းလယ္ကစားသမားကို လီဗာပူးလ္ နဲ႔ ယူႏိုက္တက္တို႔က ဆက္သြယ္မႈေတြ လုပ္ထားတာျဖစ္ပါတယ္။ သီယာဂိုဟာ လက္ရွိ စပိန္လက္ေရြးစင္အသင္းနဲ႔ ပူးေပါင္းေနျပီး သူဒီေႏြရာသီမွာ ဘိုင္ယန္ျမဴးနစ္အသင္းက ထြက္ခြာမယ္ဆိုတာကို ဘယ္သူ႔ကိုမွ မေျပာခဲ့ဘူးလို႔ ၀န္ခံသြားျပီး လက္ရွိ ေနရွင္းလိဂ္ ျပိဳင္ပြဲကိုပဲ အာရံုစိုက္ထားတယ္လို႔ ေျပာသြားခဲ့ပါတယ္။

အသက္ ၂၉ ႏွစ္အရြယ္ကစားသမားက “ကၽြန္ေတာ္ ဘိုင္ယန္ျမဴးနစ္က ထြက္ခြာမယ္လို႔ ဘယ္သူ႔ကိုမွ မေျပာခဲ့ပါဘူး။ ႏွစ္တိုင္းပဲ ခင္ဗ်ားတို႔က အျခားအသင္းေတြနဲ႔ သတင္းတပ္ေနၾကတာပါ။ ကၽြန္ေတာ့္အတြက္ေတာ့ တနဂၤေႏြေန႔ပြဲက ေလာေလာဆယ္ အေရးၾကီးပါတယ္။ တျခားအသင္းအေၾကာင္း ကၽြန္ေတာ္ နဲနဲေလးေတာင္စိတ္မ၀င္စားပါူဘး။ မနက္ျဖန္ပြဲကိုပဲ စိတ္၀င္စားပါတယ္” လို႔ စေနေန႔က သတင္းေထာက္မ်ားကို ေျပာသြားခဲ့တာျဖစ္ပါတယ္။

သီယာဂိုဟာ ၾကာသပေတးေန႔က ဂ်ာမနီ နဲ႔ စပိန္ (၁-၁) သေရက်ခဲ့တဲ့ပြဲမွာ ပြဲခ်ိန္ မိနစ္ (၉၀) လံုးကို ကစားခဲ့ပါတယ္။ ပြဲအျပီးမွာ ဂ်ာမနီ နဲ႔ ဘာစီလိုနာ ဂိုးသမား တာစတီဂန္ကလည္း သီယာဂိုကို ဘာစီလိုနာအသင္းက ျပန္ေခၚယူမယ္ဆိုရင္ ေကာင္းမယ္လို႔ ၀န္ခံေျပာသြားခဲ့ပါေသးတယ္။