ဝိုင်နယ်လ်ဒမ်းအတွက် ဘာစီလိုနာဆီက ပေါင် ၁၅ သန်းလိုချင်နေတဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းဟာ ကွင်းလယ်လူ ဝိုင်နယ်လ်ဒမ်းအတွက် ပေါင် ၁၅ သန်းလိုချင်တယ်လို့ ဘာစီလိုနာအသင်းဆီကို အကြောင်းပြန်ခဲ့တယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ ဘာစီလိုနာနည်းပြသစ် ရော်နယ်ကိုးမန်းဟာ နယ်သာလန်လက်ရွေးစင်အသင်းမှာ အတူတူ လက်တွဲခဲ့ဖူးတဲ့ အသက် ၂၉ နှစ်အရွယ် ဝိုင်နယ်လ်ဒမ်းနဲ့ ထပ်ပြီး လက်တွဲချင်နေတာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ ဝိုင်နယ်လ်ဒမ်းကို ပေါင် ၁၀ သန်းလောက်နဲ့ ခေါ်ယူနိုင်ရန် မျှော်လင့်နေပေမယ့် လီဗာပူးလ်အသင်းက အဲ့ဒီဈေးနှုန်းကို လက်မခံဘူးလို့ The Mirror က ဖော်ပြချက်အရ သိရပါတယ်။ ဝိုင်နယ်လ်ဒမ်းဟာ လီဗာပူးလ်အသင်းနဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ထဲကို ရောက်နေပြီး ဘာစီလိုနာကို ပြောင်းရန် သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ ဂျူဗင်တပ်စ်က ကွင်းလယ်လူ ပီယာနစ်ကို ခေါ်ယူထားပြီးဖြစ်သော်လည်း နောက်ထပ် အင်အားဖြည့်တင်းချင်နေတာပါ။

လီဗာပူးလ်အသင်းက ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ သီယာဂိုကို ခေါ်ယူရန် စိတ်ဝင်စားနေပေမယ့် ဘွန်ဒက်စ်လီဂါ ကလပ်အသင်းက တောင်းဆိုထားတဲ့ ပေါင် ၂၉ သန်းကို ပေးရန် လက်တွန့်နေတာ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်က နယူးကာဆယ်ကနေ လီဗာပူးလ်ကို ပြောင်းလာတဲ့ ဝိုင်နယ်လ်ဒမ်းဟာ ကြိုးကြာနီတို့အတွက် ပွဲပေါင်း (၁၈၇) ပွဲကစားပေးထားပါတယ်။

ပြီးခဲ့တဲ့ရာသီက လီဗာပူးလ်အသင်း နှစ် (၃၀) ကြာ စောင့်ဆိုင်းခဲ့ရတဲ့ ပရီးမီးယားလိဂ်ဖလား အောင်မြင်မှုမှာ ဝိုင်နယ်လ်ဒမ်းဟာ အဓိက ကစားသမားတစ်ယောက်ဖြစ်ခဲ့ပါတယ်။ သို့သော်လည်း သူ့ကို လီဗာပူးလ်အသင်းက စာချုပ်သစ်အတွက် ကမ်းလှမ်းမှု မရှိသေးဘူးလို့ သိရပါတယ်။

၀ိုင္နယ္လ္ဒမ္းအတြက္ ဘာစီလိုနာဆီက ေပါင္ ၁၅ သန္းလိုခ်င္ေနတဲ့ လီဗာပူးလ္

လီဗာပူးလ္အသင္းဟာ ကြင္းလယ္လူ ၀ိုင္နယ္လ္ဒမ္းအတြက္ ေပါင္ ၁၅ သန္းလုိခ်င္တယ္လို႔ ဘာစီလိုနာအသင္းဆီကို အေၾကာင္းျပန္ခဲ့တယ္လို႔ သတင္းထြက္ေပၚလာပါတယ္။ ဘာစီလိုနာနည္းျပသစ္ ေရာ္နယ္ကိုးမန္းဟာ နယ္သာလန္လက္ေရြးစင္အသင္းမွာ အတူတူ လက္တြဲခဲ့ဖူးတဲ့ အသက္ ၂၉ ႏွစ္အရြယ္ ၀ိုင္နယ္လ္ဒမ္းနဲ႔ ထပ္ျပီး လက္တြဲခ်င္ေနတာ ျဖစ္ပါတယ္။

ဘာစီလိုနာအသင္းဟာ ၀ိုင္နယ္လ္ဒမ္းကို ေပါင္ ၁၀ သန္းေလာက္နဲ႔ ေခၚယူႏိုင္ရန္ ေမွ်ာ္လင့္ေနေပမယ့္ လီဗာပူးလ္အသင္းက အဲ့ဒီေစ်းႏႈန္းကို လက္မခံဘူးလို႔ The Mirror က ေဖာ္ျပခ်က္အရ သိရပါတယ္။ ၀ုိင္နယ္လ္ဒမ္းဟာ လီဗာပူးလ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္း ေနာက္ဆံုးႏွစ္ထဲကို ေရာက္ေနျပီး ဘာစီလိုနာကို ေျပာင္းရန္ သတင္းေတြ ထြက္ေပၚေနတာျဖစ္ပါတယ္။ ဘာစီလိုနာအသင္းဟာ ဂ်ဴဗင္တပ္စ္က ကြင္းလယ္လူ ပီယာနစ္ကို ေခၚယူထားျပီးျဖစ္ေသာ္လည္း ေနာက္ထပ္ အင္အားျဖည့္တင္းခ်င္ေနတာပါ။

လီဗာပူးလ္အသင္းက ဘိုင္ယန္ျမဴးနစ္ကြင္းလယ္လူ သီယာဂိုကို ေခၚယူရန္ စိတ္၀င္စားေနေပမယ့္ ဘြန္ဒက္စ္လီဂါ ကလပ္အသင္းက ေတာင္းဆိုထားတဲ့ ေပါင္ ၂၉ သန္းကို ေပးရန္ လက္တြန္႔ေနတာ ျဖစ္ပါတယ္။ ၂၀၁၆ ခုႏွစ္က နယူးကာဆယ္ကေန လီဗာပူးလ္ကို ေျပာင္းလာတဲ့ ၀ုိင္နယ္လ္ဒမ္းဟာ ၾကိဳးၾကာနီတို႔အတြက္ ပြဲေပါင္း (၁၈၇) ပြဲကစားေပးထားပါတယ္။

ျပီးခဲ့တဲ့ရာသီက လီဗာပူးလ္အသင္း ႏွစ္ (၃၀) ၾကာ ေစာင့္ဆိုင္းခဲ့ရတဲ့ ပရီးမီးယားလိဂ္ဖလား ေအာင္ျမင္မႈမွာ ၀ိုင္နယ္လ္ဒမ္းဟာ အဓိက ကစားသမားတစ္ေယာက္ျဖစ္ခဲ့ပါတယ္။ သို႔ေသာ္လည္း သူ႔ကို လီဗာပူးလ္အသင္းက စာခ်ဳပ္သစ္အတြက္ ကမ္းလွမ္းမႈ မရွိေသးဘူးလို႔ သိရပါတယ္။