ကီပါနေရာမှာ အစားထိုးရန် ရင်းနက်စ်ဂိုးသမားကို ခေါ်ယူရန် ကြိုးစားမယ့် ချဲလ်ဆီးအသင်း

ချဲလ်ဆီးအသင်းဟာ ရင်းနက်စ်ဂိုးသမား မန်ဒီအပေါ်ကို စိတ်ဝင်စားနေတာတွေကို ဒီတစ်ပတ်မှာ အကောင်အထည်ဖော်တော့မယ်လို့ သိရပါတယ်။ ချဲလ်ဆီးအသင်းရဲ့ နည်းစနစ်ဒါရိုက်တာဖြစ်တဲ့ ပီတာချက်ဟာ စတန်းဖိုဒ့်ဘရစ်ချ်ကို ၂၀၀၄ ခုနှစ်တုန်းက မရောက်ခင် ရင်းနက်စ်အသင်းမှာ ကစားခဲ့သူဖြစ်လို့ မန်ဒီကို ခေါ်ယူရန် ကြိုးစားမှာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ အသင်းအတွက် ဂိုးသမား အသစ်တစ်ယောက်ရှာဖွေနေတာဖြစ်ပြီး အေဂျက်က အိုနာနာ၊ ဘန်လေက နစ်ပုတ် နဲ့ ဒေါ့မွန်က ဘာကီ တို့ကို အစောကြီးကတည်းက ပစ်မှတ်ထားခဲ့ပါတယ်။

သို့သော်လည်း The Mirror သတင်းဌာနက အဆိုအရ ပရီးမီးယားလိဂ်မစခင် ဂိုးသမားအသစ်တစ်ယောက်ရှာရမယ့် ချဲလ်ဆီးအသင်းရဲ့ အာရုံတွေက မန်ဒီဆီကို ဦးလှည့်သွားပြီလို့ သိရပါတယ်။ ချဲလ်ဆီးအသင်းဟာ လက်ရှိ အသင်းက နံပါတ် (၁) ဂိုးသမားဖြစ်တဲ့ ကီပါရဲ့ လက်စွမ်းအပေါ် သိပ်မယုံတော့လို့ ယခုလို ဂိုးသမားအသစ်တစ်ယောက် ရှာဖွေနေတာဖြစ်ပါတယ်။

စပိန်ဂိုးသမားဟာ ပြီးခဲ့တဲ့ရာသီက ချဲလ်ဆီးအသင်းကို ဂိုးသမားတစ်ယောက်အတွက် စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၇၂ သန်းနဲ့ ရောက်ရှိလာခဲ့သူဖြစ်ပြီး သူကတော့ အသင်းမှာ ပွဲကစားခွင့်အတွက် တိုက်ပွဲဝင်ပြီး ဆက်နေသွားမယ်လို့ ထုတ်ဖော်ပြောကြားထားပါတယ်။ မန်ဒီအတွက် ချဲလ်ဆီးအသင်းဟာ ပေါင် ၁၈ သန်းလောက် ကုန်ကျမှာဖြစ်ပြီး အသင်းပိုင်ရှင် အေဘရာမိုဗစ်ကလည်း အသင်းကို ပြန်လည်တည်ဆောက်နေတဲ့ လမ်းပတ်အတွက် ဆက်ပြီး ခေါ်ယူပေးသွားမှာ ဖြစ်ပါတယ်။

လန်ဒန်ကလပ်အသင်းဟာ အစောကြီးကတည်းက တီမိုဝါနာ၊ ဇီယက်၊ ဘင်ချီဝဲလ်၊ သီယာဂိုဆေးလ်ဗား နဲ့ ကိုင်ဟာဗက်ဇ်တို့ကို ခေါ်ယူထားပါတယ်။ ချဲလ်ဆီးအသင်းဟာ ပေါင်သန်း ၂၀၀ ကျော်အထိ အသုံးပြုထားတာဖြစ်ပြီး ၂၀၂၀-၂၁ ဘောလုံးရာသီအမီ လူစာရင်းအသစ် ပြန်လည်တည်ဆောက်နေတာနဲ့ တူနေတာဖြစ်ပါတယ်။

ကီပါေနရာမွာ အစားထိုးရန္ ရင္းနက္စ္ဂိုးသမားကို ေခၚယူရန္ ၾကိဳးစားမယ့္ ခ်ဲလ္ဆီးအသင္း

ခ်ဲလ္ဆီးအသင္းဟာ ရင္းနက္စ္ဂိုးသမား မန္ဒီအေပၚကို စိတ္၀င္စားေနတာေတြကို ဒီတစ္ပတ္မွာ အေကာင္အထည္ေဖာ္ေတာ့မယ္လို႔ သိရပါတယ္။ ခ်ဲလ္ဆီးအသင္းရဲ႕ နည္းစနစ္ဒါရိုက္တာျဖစ္တဲ့ ပီတာခ်က္ဟာ စတန္းဖိုဒ့္ဘရစ္ခ်္ကို ၂၀၀၄ ခုႏွစ္တုန္းက မေရာက္ခင္ ရင္းနက္စ္အသင္းမွာ ကစားခဲ့သူျဖစ္လို႔ မန္ဒီကို ေခၚယူရန္ ၾကိဳးစားမွာျဖစ္ပါတယ္။ ခ်ဲလ္ဆီးအသင္းဟာ အသင္းအတြက္ ဂိုးသမား အသစ္တစ္ေယာက္ရွာေဖြေနတာျဖစ္ျပီး ေအဂ်က္က အိုနာနာ၊ ဘန္ေလက နစ္ပုတ္ နဲ႔ ေဒါ့မြန္က ဘာကီ တို႔ကို အေစာၾကီးကတည္းက ပစ္မွတ္ထားခဲ့ပါတယ္။

သို႔ေသာ္လည္း The Mirror သတင္းဌာနက အဆုိအရ ပရီးမီးယားလိဂ္မစခင္ ဂိုးသမားအသစ္တစ္ေယာက္ရွာရမယ့္ ခ်ဲလ္ဆီးအသင္းရဲ႕ အာရံုေတြက မန္ဒီဆီကို ဦးလွည့္သြားျပီလို႔ သိရပါတယ္။ ခ်ဲလ္ဆီးအသင္းဟာ လက္ရွိ အသင္းက နံပါတ္ (၁) ဂိုးသမားျဖစ္တဲ့ ကီပါရဲ႕ လက္စြမ္းအေပၚ သိပ္မယံုေတာ့လို႔ ယခုလို ဂိုးသမားအသစ္တစ္ေယာက္ ရွာေဖြေနတာျဖစ္ပါတယ္။

စပိန္ဂုိးသမားဟာ ျပီးခဲ့တဲ့ရာသီက ခ်ဲလ္ဆီးအသင္းကို ဂိုးသမားတစ္ေယာက္အတြက္ စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ေပါင္ ၇၂ သန္းနဲ႔ ေရာက္ရွိလာခဲ့သူျဖစ္ျပီး သူကေတာ့ အသင္းမွာ ပြဲကစားခြင့္အတြက္ တိုက္ပြဲ၀င္ျပီး ဆက္ေနသြားမယ္လို႔ ထုတ္ေဖာ္ေျပာၾကားထားပါတယ္။ မန္ဒီအတြက္ ခ်ဲလ္ဆီးအသင္းဟာ ေပါင္ ၁၈ သန္းေလာက္ ကုန္က်မွာျဖစ္ျပီး အသင္းပိုင္ရွင္ ေအဘရာမိုဗစ္ကလည္း အသင္းကို ျပန္လည္တည္ေဆာက္ေနတဲ့ လမ္းပတ္အတြက္ ဆက္ျပီး ေခၚယူေပးသြားမွာ ျဖစ္ပါတယ္။

လန္ဒန္ကလပ္အသင္းဟာ အေစာၾကီးကတည္းက တီမို၀ါနာ၊ ဇီယက္၊ ဘင္ခ်ီ၀ဲလ္၊ သီယာဂိုေဆးလ္ဗား နဲ႔ ကိုင္ဟာဗက္ဇ္တို႔ကို ေခၚယူထားပါတယ္။ ခ်ဲလ္ဆီးအသင္းဟာ ေပါင္သန္း ၂၀၀ ေက်ာ္အထိ အသံုးျပဳထားတာျဖစ္ျပီး ၂၀၂၀-၂၁ ေဘာလံုးရာသီအမီ လူစာရင္းအသစ္ ျပန္လည္တည္ေဆာက္ေနတာနဲ႔ တူေနတာျဖစ္ပါတယ္။