ယူနိုက်တက်က ဂျာဒွန်ဆန်ချိုကို အခုမခေါ်ယူနိုင်ခဲ့ရင် နောက်နွေရာသီမှာ လီဗာပူးလ်အသင်း ခေါ်ယူနိုင်တယ်လို့ ဆိုလိုက်တဲ့ ကာရေဂါ

လီဗာပူးလ် ကစားသမားဟောင်း ကာရေဂါက ဒီနွေရာသီမှာ ယူနိုက်တက် ဂျာဒွန်ဆန်ချိုကို မခေါ်နိုင်ရင ်နောက်ရာသီမှာ လီဗာပူးလ်အသင်းဆီ ဆုံးရှုံးသွားမယ်လို့ ပြောသွားခဲ့ပါတယ်။ ယူနိုက်တက်အသင်းအနေနဲ့ လီဗာပူးလ် နဲ့ မန်စီးတီးအသင်းတို့ထက် ကွာဟမှု နည်းပါးချင်ရင် ဆန်ချိုကို ရဖို့ လိုအပ်တယ်လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။

“ယူနိုက်တက်က ဂျာဒွန်ဆန်ချိုကို လိုအပ်တယ်ဆိုရင် ငွေပေးမှာရမှာပါ။ ဘာကြောင့်လဲဆိုတော့ သူတို့အသင်းက ကိုဗစ်ကပ်ရောဂါဖြစ်ပြီးနောက် ပိုက်ဆံသုံးနိုင်တဲ့ ပရီးမီးယားလိဂ်အသင်း (၂) သင်းလောက်ထဲက တစ်သင်းပါ။ ယူနိုက်တက်က ဆန်ချိုကို အခုလက်လွှတ်ရလုနီးပါး ဖြစ်ပေမယ့် နောက်နှစ်ဒေါ့မွန်မှာ ရှိသေးရင် ပြောင်းလဲနိုင်ပါသေးတယ်။ နောက်နွေရာသီမှာ လီဗာပူးလ်က သူ့ကို ခေါ်ယူဖို့ မကြိုးစားဘူးဆိုရင်တော့ ကျွန်တော့်အံ့အားသင့်မှာပါ။

မန်စီးတီးအသင်းကိုတော့ သူက စဉ်းစားမှာ မဟုတ်လောက်ပါဘူး။ ချဲလ်ဆီးလည်း ဖြစ်နိုင်ပါတယ်။ ယူနိုက်တက်က ညာတောင်ပံမှာ တစ်ယောက်ယောက်လိုအပ်နေပါတယ်။ မေဆန်ဂရင်းဝုဒ်က ကောင်းလာပေမယ့် သူက အလယ်မှာ ကစားရမယ်လို့ ကျွန်တေ်ာထင်ပါတယ်။ နည်းပြက ရပ်ရှ်ဖိုဒ့်၊ ဒန်နီရယ်ဂျိမ်းစ် နဲ့ မာတာကို အဲ့ဒီနေရာမှာ ထားပြီးကစားစေခဲ့ပါတယ်။ အခုတော့ ဂရင်းဝုဒ်ကို သုံးနေတာဖြစ်ပါတယ်” လို့ ကာရေဂါက ပြောသွားခဲ့ပါတယ်။

ယူႏိုက္တက္က ဂ်ာဒြန္ဆန္ခ်ိဳကို အခုမေခၚယူႏိုင္ခဲ့ရင္ ေနာက္ေႏြရာသီမွာ လီဗာပူးလ္အသင္း ေခၚယူႏိုင္တယ္လို႔ ဆိုလိုက္တဲ့ ကာေရဂါ

လီဗာပူးလ္ ကစားသမားေဟာင္း ကာေရဂါက ဒီေႏြရာသီမွာ ယူႏိုက္တက္ ဂ်ာဒြန္ဆန္ခ်ိဳကို မေခၚႏိုင္ရင ္ေနာက္ရာသီမွာ လီဗာပူးလ္အသင္းဆီ ဆံုးရႈံးသြားမယ္လို႔ ေျပာသြားခဲ့ပါတယ္။ ယူႏိုက္တက္အသင္းအေနနဲ႔ လီဗာပူးလ္ နဲ႔ မန္စီးတီးအသင္းတို႔ထက္ ကြာဟမႈ နည္းပါးခ်င္ရင္ ဆန္ခ်ိဳကို ရဖို႔ လိုအပ္တယ္လို႔ ေျပာသြားခဲ့တာျဖစ္ပါတယ္။

“ယူႏိုက္တက္က ဂ်ာဒြန္ဆန္ခ်ိဳကို လိုအပ္တယ္ဆိုရင္ ေငြေပးမွာရမွာပါ။ ဘာေၾကာင့္လဲဆုိေတာ့ သူတို႔အသင္းက ကိုဗစ္ကပ္ေရာဂါျဖစ္ျပီးေနာက္ ပိုက္ဆံသံုးႏိုင္တဲ့ ပရီးမီးယားလိဂ္အသင္း (၂) သင္းေလာက္ထဲက တစ္သင္းပါ။ ယူႏိုက္တက္က ဆန္ခ်ိဳကို အခုလက္လႊတ္ရလုနီးပါး ျဖစ္ေပမယ့္ ေနာက္ႏွစ္ေဒါ့မြန္မွာ ရွိေသးရင္ ေျပာင္းလဲႏိုင္ပါေသးတယ္။ ေနာက္ေႏြရာသီမွာ လီဗာပူးလ္က သူ႔ကို ေခၚယူဖို႔ မၾကိဳးစားဘူးဆိုရင္ေတာ့ ကၽြန္ေတာ့္အံ့အားသင့္မွာပါ။

မန္စီးတီးအသင္းကိုေတာ့ သူက စဥ္းစားမွာ မဟုတ္ေလာက္ပါဘူး။ ခ်ဲလ္ဆီးလည္း ျဖစ္ႏိုင္ပါတယ္။ ယူႏိုက္တက္က ညာေတာင္ပံမွာ တစ္ေယာက္ေယာက္လိုအပ္ေနပါတယ္။ ေမဆန္ဂရင္း၀ုဒ္က ေကာင္းလာေပမယ့္ သူက အလယ္မွာ ကစားရမယ္လို႔ ကၽြန္ေတ္ာထင္ပါတယ္။ နည္းျပက ရပ္ရွ္ဖိုဒ့္၊ ဒန္နီရယ္ဂ်ိမ္းစ္ နဲ႔ မာတာကို အဲ့ဒီေနရာမွာ ထားျပီးကစားေစခဲ့ပါတယ္။ အခုေတာ့ ဂရင္း၀ုဒ္ကို သံုးေနတာျဖစ္ပါတယ္” လို႔ ကာေရဂါက ေျပာသြားခဲ့ပါတယ္။