ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်းနဲ့ ရော်နယ်ဒို လက်သစ် ဖေဘီယိုဆေးလ်ဗားကို ခေါ်ယူလိုက်တဲ့ ဝုလ်ဗ်အသင်း

ဝုလ်ဗ်အသင်းဟာ ပေါ်တူဂီ လူငယ်ကြယ်ပွင့် ဖေဘီယိုဆေးလ်ဗား ကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး နဲ့ အပြီးသတ်ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။ အသက် ၁၈ နှစ်အရွယ်ကစားသမားလေးကို ဝုလ်ဗ်အသင်းက ပေါင် ၃၅ သန်းနဲ့ ပေါ်တိုအသင်းကနေ ခေါ်ယူလိုက်နိုင်ခဲ့တာပါ။ ဝုလ်ဗ်အသင်းဟာ စနေနေ့က အသင်းရဲ့ တရားဝင်ဝက်ဘ်ဆိုဒ်မှာ ကြေညာသွားခဲ့တာဖြစ်ပါတယ်။

ဆေးလ်ဗားရဲ့ စာချုပ်ဖျက်သိမ်းကြေးကို ပေါ်တူဂီကလပ်အသင်းက ပေါင် ၁၁၂ သန်းသတ်မှတ်ထားပေမယ့် အသင်းဟာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ဘဏ္ဍာရေးထိခိုက်ဆုံးရှုံးမှုတွေရှိထားလို့ ယခုလို ဈေးနှုန်းလျှော့ချပြီး ရောင်းချရန် စဉ်းစားခဲ့တာပါ။ ဝုလ်ဗ်အသင်းဟာ ဆေးလ်ဗားကို ခေါ်ယူလိုက်နိုင်တာကို အသင်းရဲ့ ပရိသတ်တွေထံ ဗီဒီယိုတစ်ခုနဲ့ ကြေညာသွားခဲ့တာဖြစ်ပါတယ်။

ဆေးလ်ဗားဟာ ပေါ်တူဂီလိဂ်မှာ ပေါ်တိုအသင်းအတွက် (၁၈၂) မိနစ်ပဲ ကစားခဲ့ရပေမယ့် (၁၉) ပွဲကစားပြီး (၃) ဂိုးသွင်းယူပေးထားပါတယ်။ ဆေးလ်ဗားဟာ စီနီယာအသင်းကြီးမှာ အသက် ၁၇ နှစ်နဲ့ ၂၂ ရက်မှာပဲ ပွဲထွက်ကစားပြီး ပေါ်တိုအသင်းအတွက် အသက် အငယ်ဆုံးကစားသမားဖြစ်စေခဲ့ပါတယ်။ ဝုလ်ဗ်အသင်းဟာ အသက် ၁၈ နှစ်အရွယ် ဆေးလ်ဗားကို အချိန်အတိုင်းအတာတစ်ခုအထိ စောင့်ကြည့်ပြီးမှ ယခုလို ခေါ်ယူခဲ့တာဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။

“ကျွန်တော်တို့ရဲ့ လူခေါ်ယူမှု အဖွဲ့က ဖေဘီယိုကို ပေါ်တူဂီ အသက် ၁၆ နှစ်အောက်အသင်းမှာကတည်းက စောင့်ကြည့်ခဲ့တာပါ။ သူတို့က အဲ့ကောင်လေးဟာ သူ့အသက်အရွယ်နဲ့ ဥရောပမှာ အကောင်းဆုံး ကျောနံပါတ် (၉) ဖြစ်တယ်လို့ ခံစားခဲ့ရလို့ ခေါ်ယူခဲ့တာပါ” လို့ အသင်းပိုင်ရှင် ဂျက်ဖ်ရှီက ပြောသွားခဲ့တာ ဖြစ်ပါတယ်။

ကလပ္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ေပါင္ ၃၅ သန္းနဲ႔ ေရာ္နယ္ဒို လက္သစ္ ေဖဘီယိုေဆးလ္ဗားကို ေခၚယူလိုက္တဲ့ ၀ုလ္ဗ္အသင္း

၀ုလ္ဗ္အသင္းဟာ ေပၚတူဂီ လူငယ္ၾကယ္ပြင့္ ေဖဘီယိုေဆးလ္ဗား ကို ကလပ္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး နဲ႔ အျပီးသတ္ေခၚယူလိုက္ျပီ ျဖစ္ပါတယ္။ အသက္ ၁၈ ႏွစ္အရြယ္ကစားသမားေလးကို ၀ုလ္ဗ္အသင္းက ေပါင္ ၃၅ သန္းနဲ႔  ေပၚတိုအသင္းကေန ေခၚယူလိုက္ႏိုင္ခဲ့တာပါ။ ၀ုလ္ဗ္အသင္းဟာ စေနေန႔က အသင္းရဲ႕ တရား၀င္၀က္ဘ္ဆိုဒ္မွာ ေၾကညာသြားခဲ့တာျဖစ္ပါတယ္။

ေဆးလ္ဗားရဲ႕ စာခ်ဳပ္ဖ်က္သိမ္းေၾကးကို ေပၚတူဂီကလပ္အသင္းက ေပါင္ ၁၁၂ သန္းသတ္မွတ္ထားေပမယ့္ အသင္းဟာ ကိုရိုနာဗိုင္းရပ္စ္ကပ္ေရာဂါေၾကာင့္ ဘ႑ာေရးထိခိုက္ဆံုးရႈံးမႈေတြရွိထားလို႔ ယခုလို ေစ်းႏႈန္းေလွ်ာ့ခ်ျပီး ေရာင္းခ်ရန္ စဥ္းစားခဲ့တာပါ။ ၀ုလ္ဗ္အသင္းဟာ ေဆးလ္ဗားကို ေခၚယူလိုက္ႏိုင္တာကို အသင္းရဲ႕ ပရိသတ္ေတြထံ ဗီဒီယုိတစ္ခုနဲ႔ ေၾကညာသြားခဲ့တာျဖစ္ပါတယ္။

ေဆးလ္ဗားဟာ ေပၚတူဂီလိဂ္မွာ ေပၚတိုအသင္းအတြက္ (၁၈၂) မိနစ္ပဲ ကစားခဲ့ရေပမယ့္ (၁၉) ပြဲကစားျပီး (၃) ဂိုးသြင္းယူေပးထားပါတယ္။ ေဆးလ္ဗားဟာ စီနီယာအသင္းၾကီးမွာ အသက္ ၁၇ ႏွစ္နဲ႔ ၂၂ ရက္မွာပဲ ပြဲထြက္ကစားျပီး ေပၚတိုအသင္းအတြက္ အသက္ အငယ္ဆံုးကစားသမားျဖစ္ေစခဲ့ပါတယ္။ ၀ုလ္ဗ္အသင္းဟာ အသက္ ၁၈ ႏွစ္အရြယ္ ေဆးလ္ဗားကို အခ်ိန္အတိုင္းအတာတစ္ခုအထိ ေစာင့္ၾကည့္ျပီးမွ ယခုလို ေခၚယူခဲ့တာျဖစ္တယ္လို႔ ေျပာသြားခဲ့ပါတယ္။

“ကၽြန္ေတာ္တို႔ရဲ႕ လူေခၚယူမႈ အဖြဲ႔က ေဖဘီယိုကို ေပၚတူဂီ အသက္ ၁၆ ႏွစ္ေအာက္အသင္းမွာကတည္းက ေစာင့္ၾကည့္ခဲ့တာပါ။ သူတို႔က အဲ့ေကာင္ေလးဟာ သူ႔အသက္အရြယ္နဲ႔ ဥေရာပမွာ အေကာင္းဆံုး ေက်ာနံပါတ္ (၉) ျဖစ္တယ္လို႔ ခံစားခဲ့ရလို႔ ေခၚယူခဲ့တာပါ” လို႔ အသင္းပိုင္ရွင္ ဂ်က္ဖ္ရွီက ေျပာသြားခဲ့တာ ျဖစ္ပါတယ္။