အက်သလက်တီကိုမက်ဒရစ်ကွင်းလယ်လူ သောမတ်စ်ပါတေးကို ဂွမ်ဒူဇီ နဲ့ လာကာဇက် အလဲအထပ် လုပ်ရန် ဆွေးနွေးနေတဲ့ အာဆင်နယ်အသင်း

အာဆင်နယ်အသင်းဟာ အက်သလက်တီကိုမက်ဒရစ်ကွင်းလယ်လူ သောမတ်စ်ပါတေးကို ခေါ်ယူရန်အသင်းက ဂွမ်ဒူဇီ နဲ့ လာကာဇက် (၂) ယောက် အလဲအထပ်လုပ်ရန် ဆွေးနွေးနေတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ အသက် ၂၇ နှစ်အရွယ် ဂါနာလက်ရွေးစင် သောမတ်စ်ပါတေးဟာ အာဆင်နယ်နည်းပြ အာတီတာရဲ့ ဒီနွေရာသီအပြောင်းအရွှေ့ အဓိက ပစ်မှတ်ဖြစ်နေပြီး သူ့ရဲ့ လက်ရှိစာချုပ်ဖျက်သိမ်းကြေးက ပေါင် ၄၄ သန်းဖြစ်ပါတယ်။ ကစားသမားကိုယ်တိုင်က အသင်းပြောင်းချင်တယ်လို့ ဖွင့်ပြောခဲ့လို့ အာဆင်နယ်အသင်းအကြီးအကဲတွေနဲ့ အက်သလက်တီကိုမက်ဒရစ် အသင်းတို့ဟာ အလဲအထပ်လုပ်ရန်ဆွေးနွေးနေပြီး လာလီဂါကလပ်အသင်းဘက်ကတော့ လာကာဇက်ကို လတ်တလော မလိုချင်နေဘူးလို့ သိရပါတယ်။

နာမည်ကြီးသတင်းထောက် ရိုမန်နိုက “ဟုတ်ပါတယ် အာဆင်နယ်အသင်းက အက်သလက်တီကိုမက်ဒရစ် နဲ့ ဆွေးနွေးနေပါတယ်။ ဒါက သောမတ်စ်ပါတေးအတွက် ပထမဆုံး တွေ့ဆုံးမှုဖြစ်ပါတယ်။ သူတို့ဟာ ဂွမ်ဒူဇိ အကြောင်း နဲ့ လာကာဇက် အကြောင်းပြောဖြစ်ခဲ့ကြပါတယ်။ ဒါပေမယ့် အက်သလက်တီကိုမက်ဒရစ်အသင်းက လောလောဆယ် လာကာဇက်ကို ခေါ်မှာ မဟုတ်ပါဘူး”လို့ သူ့ရဲ့ Youtube ရုပ်သံအစီအစဉ်မှာ ပြောသွားခဲ့တာဖြစ်ပါတယ်။

သောမတ်စ်ပါတေးရဲ့ လက်ရှိ အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ စာချုပ်သက်တမ်းဟာ ၂၀၂၃ ခုနှစ်အထိဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် အသင်းဟာ ကစားသမားကို စာချုပ်သက်တမ်းမတိုးနိုင်ဘူးဖြစ်နေပါတယ်။ နည်းပြဆီမြွန်နီကတော့ ကစားသမားကို အသင်းမှာ ဆက်ရှိစေချင်ပေမယ့်လည်း သောမတ်စ်ပါတေး နဲ့ အက်သလက်တီကိုမက်ဒရစ်ကြားမှာတော့ အဆင်မပြေမှုတွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ် အဆင့် (၈) နေရာမှာ ရပ်တည်ခဲ့တဲ့ အာဆင်နယ်အသင်းကလည်း ဒီနွေရာသီမှာ အသင်းရဲ့ လူစာရင်းကို တောင့်တင်းအောင် လုပ်နေပြီး ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ စီဘယ်လိုစ့်ကို သောကြာနေ့က ထပ်ပြီး အငှားနဲ့ ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။

အက္သလက္တီကိုမက္ဒရစ္ကြင္းလယ္လူ ေသာမတ္စ္ပါေတးကို ဂြမ္ဒူဇီ နဲ႔ လာကာဇက္ အလဲအထပ္ လုပ္ရန္ ေဆြးေႏြးေနတဲ့ အာဆင္နယ္အသင္း

အာဆင္နယ္အသင္းဟာ အက္သလက္တီကိုမက္ဒရစ္ကြင္းလယ္လူ ေသာမတ္စ္ပါေတးကို ေခၚယူရန္အသင္းက ဂြမ္ဒူဇီ နဲ႔ လာကာဇက္ (၂) ေယာက္ အလဲအထပ္လုပ္ရန္ ေဆြးေႏြးေနတယ္လို႔ သတင္းထြက္ေပၚလာပါတယ္။ အသက္ ၂၇ ႏွစ္အရြယ္ ဂါနာလက္ေရြးစင္ ေသာမတ္စ္ပါေတးဟာ အာဆင္နယ္နည္းျပ အာတီတာရဲ႕ ဒီေႏြရာသီအေျပာင္းအေရႊ႕ အဓိက ပစ္မွတ္ျဖစ္ေနျပီး သူ႔ရဲ႕ လက္ရွိစာခ်ဳပ္ဖ်က္သိမ္းေၾကးက ေပါင္ ၄၄ သန္းျဖစ္ပါတယ္။ ကစားသမားကိုယ္တိုင္က အသင္းေျပာင္းခ်င္တယ္လို႔ ဖြင့္ေျပာခဲ့လို႔ အာဆင္နယ္အသင္းအၾကီးအကဲေတြနဲ႔ အက္သလက္တီကိုမက္ဒရစ္ အသင္းတို႔ဟာ အလဲအထပ္လုပ္ရန္ေဆြးေႏြးေနျပီး လာလီဂါကလပ္အသင္းဘက္ကေတာ့ လာကာဇက္ကို လတ္တေလာ မလုိခ်င္ေနဘူးလို႔ သိရပါတယ္။

နာမည္ၾကီးသတင္းေထာက္ ရိုမန္ႏိုက “ဟုတ္ပါတယ္ အာဆင္နယ္အသင္းက အက္သလက္တီကိုမက္ဒရစ္ နဲ႔ ေဆြးေႏြးေနပါတယ္။ ဒါက ေသာမတ္စ္ပါေတးအတြက္ ပထမဆံုး ေတြ႕ဆံုးမႈျဖစ္ပါတယ္။ သူတို႔ဟာ ဂြမ္ဒူဇိ အေၾကာင္း နဲ႔ လာကာဇက္ အေၾကာင္းေျပာျဖစ္ခဲ့ၾကပါတယ္။ ဒါေပမယ့္ အက္သလက္တီကိုမက္ဒရစ္အသင္းက ေလာေလာဆယ္ လာကာဇက္ကို ေခၚမွာ မဟုတ္ပါဘူး”လို႔ သူ႔ရဲ႕ Youtube ရုပ္သံအစီအစဥ္မွာ ေျပာသြားခဲ့တာျဖစ္ပါတယ္။

ေသာမတ္စ္ပါေတးရဲ႕ လက္ရွိ အက္သလက္တီကိုမက္ဒရစ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္းဟာ ၂၀၂၃ ခုႏွစ္အထိျဖစ္ျပီး ကိုရိုနာဗိုင္းရပ္စ္ကပ္ေရာဂါေၾကာင့္ အသင္းဟာ ကစားသမားကို စာခ်ဳပ္သက္တမ္းမတိုးႏိုင္ဘူးျဖစ္ေနပါတယ္။ နည္းျပဆီျမြန္နီကေတာ့ ကစားသမားကို အသင္းမွာ ဆက္ရွိေစခ်င္ေပမယ့္လည္း ေသာမတ္စ္ပါေတး နဲ႔ အက္သလက္တီကိုမက္ဒရစ္ၾကားမွာေတာ့ အဆင္မေျပမႈေတြ ရွိေနပါတယ္။

ျပီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ္ အဆင့္ (၈) ေနရာမွာ ရပ္တည္ခဲ့တဲ့ အာဆင္နယ္အသင္းကလည္း ဒီေႏြရာသီမွာ အသင္းရဲ႕ လူစာရင္းကို ေတာင့္တင္းေအာင္ လုပ္ေနျပီး ရီးရဲလ္မက္ဒရစ္ကြင္းလယ္လူ စီဘယ္လိုစ့္ကို ေသာၾကာေန႔က ထပ္ျပီး အငွားနဲ႔ ေခၚယူလိုက္ျပီျဖစ္ပါတယ္။