နာပိုလီ ကွင်းလယ်လူ အလန်ကို ပေါင် ၂၁ သန်းနဲ့ အပြီးသတ်ခေါ်ယူလိုက်ပြီဖြစ်တဲ့ အဲဗာတန်အသင်း

အဲဗာတန်အသင်းဟာ နာပိုလီကွင်းလယ်လူ အလန်ကို ပေါင် ၂၁ သန်းနဲ့ အပြီးသတ်ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။ အသက် ၂၉ နှစ်အရွယ်ဘရာဇီးကစားသမား အန်စလော့တီ ရဲ့ အဲဗာတန်အသင်းနဲ့ (၃) နှစ်စာချုပ်ချုပ်ခဲ့တာဖြစ်ပြီး နောက်တစ်ပတ် ကစားမယ့် ပရီးမီးယားလိဂ်မတိုင်မီ ခေါ်ယူနိုင်ခဲ့တာပါ။ အသင်းသစ် နဲ့ စာချုပ်ချုပ်နိုင်ခဲ့တဲ့အပေါ် အလန်ဟာ အဲဗာတန်အသင်းနဲ့ အန်စလော့တီကို ချီးကျူးစကားပြောသွားခဲ့ပါတယ်။

“အဲဗာတန်အသင်းအတွက် လက်မှတ်ထိုးရတာ တစ်ကယ်ကို ကျေနပ်စရာပါ။ ဒီမှာရှိနေရတာ လုံးဝကို ပျော်ပါတယ်။ ကျွန်တော်ကစားသမား ဘ၀ တစ်လျှောက်လုံးဒီမှာပဲ ဆက်ရှိနေမယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော့်စွမ်းဆောင်ရည်တွေကို အသင်းဖော်တွေနဲ့အတူ နိုင်ပွဲတွေ နဲ့ ရည်မှန်းထားတာတွေရအောင် ယူနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ ဒီအသင်းဟာ ပရီးမီးယားလိဂ်မှာ သမိုင်းကောင်းတဲ့အသင်းဖြစ်ပါတယ်။

ဒါ့အပြင် ပရော်ဖက်ဆာ အန်စလော့တီလည်း ရှိနေပါတယ်။ သူဟာ ကျွန်တော့်ကို ဒီကို ခေါ်ဖို့ အရာအားလုံး လုပ်ခဲ့ပါတယ်။ ဒီအသင်းနဲ့ ဒီနည်းပြတွေကြောင့် ကျွန်တော်ဟာ အဲဗာတန်ကို လာဖို့ (၂) ခါမစဉ်းစားခဲ့ပါဘူး” လို့ အလန်က အသင်းရဲ့ ဝက်ဘ်ဆိုဒ်ကိုပြောသွားခဲ့တာဖြစ်ပါတယ်။

ကွင်းလယ်ကစားသမားဟာ အန်စလော့တီ နဲ့ ၂၀၁၈ ကနေ ၂၀၁၉ ခုနှစ်အထိ နာပိုလီအသင်းမှာ အတူတူ လက်တွဲခဲ့ပါသေးတယ်။

နာပိုလီ ကြင္းလယ္လူ အလန္ကို ေပါင္ ၂၁ သန္းနဲ႔ အျပီးသတ္ေခၚယူလိုက္ျပီျဖစ္တဲ့ အဲဗာတန္အသင္း

အဲဗာတန္အသင္းဟာ နာပိုလီကြင္းလယ္လူ အလန္ကို ေပါင္ ၂၁ သန္းနဲ႔ အျပီးသတ္ေခၚယူလိုက္ျပီျဖစ္ပါတယ္။ အသက္ ၂၉ ႏွစ္အရြယ္ဘရာဇီးကစားသမား အန္စေလာ့တီ ရဲ႕ အဲဗာတန္အသင္းနဲ႔ (၃) ႏွစ္စာခ်ဳပ္ခ်ဳပ္ခဲ့တာျဖစ္ျပီး ေနာက္တစ္ပတ္ ကစားမယ့္ ပရီးမီးယားလိဂ္မတိုင္မီ ေခၚယူႏိုင္ခဲ့တာပါ။ အသင္းသစ္ နဲ႔ စာခ်ဳပ္ခ်ဳပ္ႏိုင္ခဲ့တဲ့အေပၚ အလန္ဟာ အဲဗာတန္အသင္းနဲ႔ အန္စေလာ့တီကို ခ်ီးက်ဴးစကားေျပာသြားခဲ့ပါတယ္။

“အဲဗာတန္အသင္းအတြက္ လက္မွတ္ထိုးရတာ တစ္ကယ္ကို ေက်နပ္စရာပါ။ ဒီမွာရွိေနရတာ လံုး၀ကို ေပ်ာ္ပါတယ္။ ကၽြန္ေတာ္ကစားသမား ဘ၀ တစ္ေလွ်ာက္လံုးဒီမွာပဲ ဆက္ရွိေနမယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ကၽြန္ေတာ့္စြမ္းေဆာင္ရည္ေတြကို အသင္းေဖာ္ေတြနဲ႔အတူ ႏိုင္ပြဲေတြ နဲ႔ ရည္မွန္းထားတာေတြရေအာင္ ယူႏိုင္ဖို႔ ရည္ရြယ္ထားပါတယ္။ ဒီအသင္းဟာ ပရီးမီးယားလိဂ္မွာ သမိုင္းေကာင္းတဲ့အသင္းျဖစ္ပါတယ္။

ဒါ့အျပင္ ပေရာ္ဖက္ဆာ အန္စေလာ့တီလည္း ရွိေနပါတယ္။ သူဟာ ကၽြန္ေတာ့္ကို ဒီကို ေခၚဖို႔ အရာအားလံုး လုပ္ခဲ့ပါတယ္။ ဒီအသင္းနဲ႔ ဒီနည္းျပေတြေၾကာင့္ ကၽြန္ေတာ္ဟာ အဲဗာတန္ကို လာဖို႔ (၂) ခါမစဥ္းစားခဲ့ပါဘူး” လို႔ အလန္က အသင္းရဲ႕ ၀က္ဘ္ဆိုဒ္ကိုေျပာသြားခဲ့တာျဖစ္ပါတယ္။

ကြင္းလယ္ကစားသမားဟာ အန္စေလာ့တီ နဲ႔ ၂၀၁၈ ကေန ၂၀၁၉ ခုႏွစ္အထိ နာပိုလီအသင္းမွာ အတူတူ လက္တြဲခဲ့ပါေသးတယ္။