လမ်းပတ်ကြောင့် ချဲလ်ဆီးကိုပြောင်းရန် ဆုံးဖြတ်ချက် ချခဲ့တာလို့ ထုတ်ဖော်ပြောကြားလိုက်တဲ့ ကိုင်ဟာဗက်ဇ်

ချဲလ်ဆီးအသင်းက ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလိုက်တဲ့ ကိုင်ဟာဗက်ဇ်က နည်းပြလမ်းပတ်ကြောင်း စတန်းဖိုဒ့်ဘရစ်ချ်ကို ပြောင်းရန် ဆုံးဖြတ်ချက်ချခဲ့တာလို့ ပြောသွားခဲ့ပါတယ်။ အသက် ၂၁ နှစ်အရွယ်ကစားသမားဟာ သောကြာနေ့က လေဗာကူဆင်အသင်းကနေ ချဲလ်ဆီးကို ပေါင် ၈၉ သန်းနဲ့ အပြီးသတ်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ကိုင်ဟာဗက်ဇ်ဟာ ဒီအပြောင်းအရွှေ့ရာသီမှာ ချဲလ်ဆီးအသင်းရဲ့ (၆) ယောက်မြောက် လူခေါ်ယူမှုဖြစ်ပြီး နည်းပြသစ် လမ်းပတ်ကို ကစားသမား ဘဝတုန်းကရော ယခုနည်းပြအဖြစ်မှာပါ အထင်ကြီးခဲ့လို့ ပြောင်းခဲ့တာ ဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။

“ဟုတ်ပါတယ်၊ ကျွန်တော့်ဆုံးဖြတ်ချက်မှာ သူက အဓိက နေရာမှာ ပါဝင်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့ကို ကစားသမားဘဝတုန်းက ကျွန်တော်အရမ်းကို နှစ်သက်ပြီး မကြာခဏ ကြည့်ဖြစ်ပါတယ်။ အခု သူနည်းပြဖြစ်နေပြီဆိုတော့ သူ့ဆီကနေ ကျွန်တော် သင်ယူနိုင်မယ်လို့ ထင်ပါတယ်” လို့ ကိုင်ဟာဗက်ဇ်က အသင်းရဲ့ တရားဝင်ဝက်ဘ်ဆိုဒ်ကို ပြောသွားခဲ့တာဖြစ်ပါတယ်။

“သူဟာ အရမ်းကို နှစ်လိုဖွယ်ကောင်းပြီး တစ်ကယ့်လူကောင်းတစ်ယောက်လို့ ကျွန်တော်ထင်ပါတယ်။ သူ့နဲ့အတူ ကစားဖို့ နဲ့ သူ့ဆီက သင်ယူရန် မစောင့်နိုင်တော့ပါဘူး။ သူဟာ ကျွန်တော့်လို့ အရမ်းကို တိုက်စစ်အားသန်ပြီး ဂိုးတွေ သွင်းရတာကို နှစ်သက်သူပါ။ ဒ့ါကြောင့် ကျွန်တော့်ရဲ့ ကစားပုံမှာ သူက ကူညီမယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော့်မှာ အခြားတိုးတက်စရာတွေ အများကြီးလည်း ရှိနိုင်မှာဖြစ်ပြီး သူနဲ့အတူတူ လက်တွဲလုပ်ဖို့ မစောင့်နိုင်တော့ပါဘူး” လို့ ထပ်မံပြောသွားခဲ့ပါတယ်။

ကိုင်ဟာဗက်ဇ်ဟာ လက်ရှိမှာ ဂျာမနီလက်ရွေးစင်အသင်းလူစာရင်းမှာ ရှိနေပြီး သူဟာ ချဲလ်ဆီးကစားသမားတွေဖြစ်တဲ့ ရူဒီဂါ နဲ့ ကစားသမားတစ် တီမိုဝါနာ တို့နဲ့ အတူတူ ပူးပေါင်းမှာဖြစ်ပါတယ်။

 

လမ္းပတ္ေၾကာင့္ ခ်ဲလ္ဆီးကိုေျပာင္းရန္ ဆံုးျဖတ္ခ်က္ ခ်ခဲ့တာလို႔ ထုတ္ေဖာ္ေျပာၾကားလိုက္တဲ့ ကိုင္ဟာဗက္ဇ္

ခ်ဲလ္ဆီးအသင္းက ကလပ္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူလိုက္တဲ့ ကိုင္ဟာဗက္ဇ္က နည္းျပလမ္းပတ္ေၾကာင္း စတန္းဖိုဒ့္ဘရစ္ခ်္ကို ေျပာင္းရန္ ဆံုးျဖတ္ခ်က္ခ်ခဲ့တာလို႔ ေျပာသြားခဲ့ပါတယ္။ အသက္ ၂၁ ႏွစ္အရြယ္ကစားသမားဟာ ေသာၾကာေန႔က ေလဗာကူဆင္အသင္းကေန ခ်ဲလ္ဆီးကို ေပါင္ ၈၉ သန္းနဲ႔ အျပီးသတ္ေရာက္ရွိလာခဲ့တာျဖစ္ပါတယ္။

ကိုင္ဟာဗက္ဇ္ဟာ ဒီအေျပာင္းအေရႊ႕ရာသီမွာ ခ်ဲလ္ဆီးအသင္းရဲ႕ (၆) ေယာက္ေျမာက္ လူေခၚယူမႈျဖစ္ျပီး နည္းျပသစ္ လမ္းပတ္ကို ကစားသမား ဘ၀တုန္းကေရာ ယခုနည္းျပအျဖစ္မွာပါ အထင္ၾကီးခဲ့လို႔ ေျပာင္းခဲ့တာ ျဖစ္တယ္လို႔ ေျပာသြားခဲ့ပါတယ္။

“ဟုတ္ပါတယ္၊ ကၽြန္ေတာ့္ဆံုးျဖတ္ခ်က္မွာ သူက အဓိက ေနရာမွာ ပါ၀င္ခဲ့ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူ႔ကို ကစားသမားဘ၀တုန္းက ကၽြန္ေတာ္အရမ္းကို ႏွစ္သက္ျပီး မၾကာခဏ ၾကည့္ျဖစ္ပါတယ္။ အခု သူနည္းျပျဖစ္ေနျပီဆိုေတာ့ သူ႔ဆီကေန ကၽြန္ေတာ္ သင္ယူႏိုင္မယ္လို႔ ထင္ပါတယ္” လို႔ ကိုင္ဟာဗက္ဇ္က အသင္းရဲ႕ တရား၀င္၀က္ဘ္ဆိုဒ္ကို ေျပာသြားခဲ့တာျဖစ္ပါတယ္။

“သူဟာ အရမ္းကို ႏွစ္လိုဖြယ္ေကာင္းျပီး တစ္ကယ့္လူေကာင္းတစ္ေယာက္လို႔ ကၽြန္ေတာ္ထင္ပါတယ္။ သူ႔နဲ႔အတူ ကစားဖို႔ နဲ႔ သူ႔ဆီက သင္ယူရန္ မေစာင့္ႏိုင္ေတာ့ပါဘူး။ သူဟာ ကၽြန္ေတာ့္လို႔ အရမ္းကို တိုက္စစ္အားသန္ျပီး ဂိုးေတြ သြင္းရတာကို ႏွစ္သက္သူပါ။ ဒ့ါေၾကာင့္ ကၽြန္ေတာ့္ရဲ႕ ကစားပံုမွာ သူက ကူညီမယ္လို႔ ကၽြန္ေတာ္ထင္ပါတယ္။ ကၽြန္ေတာ့္မွာ အျခားတိုးတက္စရာေတြ အမ်ားၾကီးလည္း ရွိႏိုင္မွာျဖစ္ျပီး သူနဲ႔အတူတူ လက္တြဲလုပ္ဖို႔ မေစာင့္ႏိုင္ေတာ့ပါဘူး” လို႔ ထပ္မံေျပာသြားခဲ့ပါတယ္။

ကိုင္ဟာဗက္ဇ္ဟာ လက္ရွိမွာ ဂ်ာမနီလက္ေရြးစင္အသင္းလူစာရင္းမွာ ရွိေနျပီး သူဟာ ခ်ဲလ္ဆီးကစားသမားေတြျဖစ္တဲ့ ရူဒီဂါ နဲ႔ ကစားသမားတစ္ တီမို၀ါနာ တို႔နဲ႔ အတူတူ ပူးေပါင္းမွာျဖစ္ပါတယ္။