ပေါင် ၁၄ သန်းတန် ဘာစီလိုနာကွင်းလယ်လူ ရာဖင်ဟာ ကို ခေါ်ယူရန် မျက်စိကျလာတဲ့ လိဒ်ယူနိုက်တက်အသင်း

နည်းပြဘီယယ်ဆာရဲ့ လိဒ်ယူနိုက်တက်အသင်းဟာ ဒီအပြောင်းအရွှေ့ရာသီမှာ စပိန်လာလီဂါကို ပြန်ပြီး နောက်တစ်ကြိမ်ကစားသမား ခေါ်ယူရန် အတွက် ဘာစီလိုနာ ကွင်းလယ်လူ ရာဖင်ဟာကို ခေါ်ယူရန် ပစ်မှတ်ထားနေတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ ပရီးမီးယားလိဂ်ကို တန်းတက်လာတဲ့ ချန်ပီယံရှစ် ချန်ပီယံအသင်းဟာ အသင်းကို အရည်အသွေးမြင့်ကစားသမားတွေ ထပ်မံ အင်အားဖြည့်တင်းချင်နေတာဖြစ်ပါတယ်။

လိဒ်ယူနိုက်တက်အသင်းဟာ အစောပိုင်းတုန်းကတည်းက ဗလင်စီယာတိုက်စစ်မှူး ရိုဒရီဂိုကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်းနဲ့ ခေါ်ယူထားတာဖြစ်ပြီး ယခုအခါ ဘာစီလိုနာအကယ်ဒမီထွက် ကစားသမား ရာဖင်ဟာကို လိုချင်နေတယ်လို့ Sport သတင်းဌာနက အဆိုအရ သိရပါတယ်။ဘာစီလိုနာအသင်းက ပေါင် ၁၄ သန်းသတ်မှတ်ထားတဲ့ အသက် ၂၇ နှစ်အရွယ်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီက ဆဲလ်တာဗီဂိုအသင်းမှာ အငှားနဲ့ သွားရောက်ကစားခဲ့ရသူ ဖြစ်ပါတယ်။

ဆဲလ်တာဗီဂိုအသင်းဘက်က ဘာစီလိုနာ သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးကို ပေးရန် လက်တွန့်နေလို့ လိဒ်ယူနိုက်တက်အသင်းက ခေါ်ယူရန် ပစ်မှတ်ထားလာတာဖြစ်ပါတယ်။ ရာဖင်ဟာဟာ ဘိုင်ယန်မြူးနစ်အသင်းက ကွင်းလယ်လူ သီယာဂို ရဲ့ ညီဖြစ်ပြီး သူ့အကိုဖြစ်သူကလည်း ပရီးမီးယားလိဂ်ကို လာရောက်ကစားချင်နေတယ်လို့ သိရပါတယ်။ လီဗာပူးလ် နဲ့ ယူနိုက်တက်အသင်းတို့ဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ချန်ပီယံလိဂ်ဖလား ရရှိခဲ့တဲ့ ပေါင် ၂၉ သန်းတန် ကွင်းလယ်ကစားသမားကို စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။

ေပါင္ ၁၄ သန္းတန္ ဘာစီလိုနာကြင္းလယ္လူ ရာဖင္ဟာ ကို ေခၚယူရန္ မ်က္စိက်လာတဲ့ လိဒ္ယူႏိုက္တက္အသင္း

နည္းျပဘီယယ္ဆာရဲ႕ လိဒ္ယူႏိုက္တက္အသင္းဟာ ဒီအေျပာင္းအေရႊ႕ရာသီမွာ စပိန္လာလီဂါကို ျပန္ျပီး ေနာက္တစ္ၾကိမ္ကစားသမား ေခၚယူရန္ အတြက္ ဘာစီလိုနာ ကြင္းလယ္လူ ရာဖင္ဟာကို ေခၚယူရန္ ပစ္မွတ္ထားေနတယ္လို႔ သတင္းထြက္ေပၚလာပါတယ္။ ပရီးမီးယားလိဂ္ကို တန္းတက္လာတဲ့ ခ်န္ပီယံရွစ္ ခ်န္ပီယံအသင္းဟာ အသင္းကို အရည္အေသြးျမင့္ကစားသမားေတြ ထပ္မံ အင္အားျဖည့္တင္းခ်င္ေနတာျဖစ္ပါတယ္။

လိဒ္ယူႏိုက္တက္အသင္းဟာ အေစာပိုင္းတုန္းကတည္းက ဗလင္စီယာတုိက္စစ္မွဴး ရိုဒရီဂိုကို ကလပ္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ေပါင္ ၃၅ သနး္နဲ႔ ေခၚယူထားတာျဖစ္ျပီး ယခုအခါ ဘာစီလိုနာအကယ္ဒမီထြက္ ကစားသမား ရာဖင္ဟာကို လိုခ်င္ေနတယ္လို႔ Sport သတင္းဌာနက အဆိုအရ သိရပါတယ္။ဘာစီလိုနာအသင္းက ေပါင္ ၁၄ သန္းသတ္မွတ္ထားတဲ့ အသက္ ၂၇ ႏွစ္အရြယ္ကစားသမားဟာ ျပီးခဲ့တဲ့ရာသီက ဆဲလ္တာဗီဂိုအသင္းမွာ အငွားနဲ႔ သြားေရာက္ကစားခဲ့ရသူ ျဖစ္ပါတယ္။

ဆဲလ္တာဗီဂိုအသင္းဘက္က ဘာစီလိုနာ သတ္မွတ္ထားတဲ့ ေျပာင္းေရႊ႕ေၾကးကို ေပးရန္ လက္တြန္႔ေနလို႔ လိဒ္ယူႏိုက္တက္အသင္းက ေခၚယူရန္ ပစ္မွတ္ထားလာတာျဖစ္ပါတယ္။ ရာဖင္ဟာဟာ ဘိုင္ယန္ျမဴးနစ္အသင္းက ကြင္းလယ္လူ သီယာဂို ရဲ႕ ညီျဖစ္ျပီး သူ႔အကိုျဖစ္သူကလည္း ပရီးမီးယားလိဂ္ကို လာေရာက္ကစားခ်င္ေနတယ္လို႔ သိရပါတယ္။ လီဗာပူးလ္ နဲ႔ ယူႏိုက္တက္အသင္းတို႔ဟာ ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔ ခ်န္ပီယံလိဂ္ဖလား ရရွိခဲ့တဲ့ ေပါင္ ၂၉ သန္းတန္ ကြင္းလယ္ကစားသမားကို စိတ္၀င္စားေနတာ ျဖစ္ပါတယ္။