မက်ဆီက ဘာစီလိုနာမှာပဲ ဆက်နေမှာဖြစ်လို့ နာပိုလီ နောက်ခံလူ ကူလီဘလီကို ခေါ်ယူရန် ပြန်လည်အာရုံစိုက်လာတဲ့ မန်စီးတီးအသင်း

မန်စီးတီးအသင်းဟာ နာပိုလီနောက်ခံလူ ကူလီဘလီကို ယူရိုသန်း ၇၀ နဲ့ ခေါ်ယူရန် နီးစပ်လာပြီဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ စကိုင်းစပေါ့ အီတလီက အဆိုအရ ဆွေးနွေးမှုဟာ အဓိက အခြေအနေကို ရောက်ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။ အစောပိုင်းတုန်းက မန်စီးတီးအသင်းဟာ ယူရို ၆၅ သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် နာပိုလီအသင်းက ပယ်ချခဲ့တာဖြစ်ပါတယ်။

ယခုအခါ နာပိုလီအသင်း ဥက္ကဌ ဒီလော်ရန်တစ်က ယူရိုသန်း ၈၀ အောက် ကို လျော့ချရန် ပြင်ဆင်နေပါတယ်။ဒါ့ကြောင့် မန်စီးတီးအသင်းဟာ နောက်ဆုံးကမ်းလှမ်းမှုအဖြစ် ယူရို ၆၈ သန်း နဲ့ သန်း ၇၀ ကြားကို ကမ်းလှမ်းပြီး အပိုဆုကြေးအနေနဲ့ ယူရို ၅ သန်း နဲ့ ၇ သန်းကြား ထပ်ပြီးပေးသွားရန် ပြင်ဆင်ထားတာဖြစ်ပါတယ်။

မက်ဆီက ဘာစီလိုနာမှာ နောက်ထပ် (၁) နှစ်ဆက်နေမယ်လို့ အတည်ပြုသွားခဲ့ပြီးနောက် မန်စီးတီးအသင်းဟာ ကူလီဘလီကိုပဲ ခေါ်ယူရန် လုံး၀ အာရုံပြန်စိုက်နေပါပြီ။ ဒီလော်ရန်တစ်ဟာ ကူလီဘလီ နေရာမှာ အစားထိုးရန်အတွက် အာဆင်နယ်နောက်ခံလူ ဆိုခရာ့တစ်ကို အစောကြီးကတည်းက ရည်ရွယ်ထားပြီးပြီ ဖြစ်ပါတယ်။

မက္ဆီက ဘာစီလိုနာမွာပဲ ဆက္ေနမွာျဖစ္လို႔ နာပိုလီ ေနာက္ခံလူ ကူလီဘလီကို ေခၚယူရန္ ျပန္လည္အာရံုစိုက္လာတဲ့ မန္စီးတီးအသင္း

မန္စီးတီးအသင္းဟာ နာပိုလီေနာက္ခံလူ ကူလီဘလီကို ယူရိုသန္း ၇၀ နဲ႔ ေခၚယူရန္ နီးစပ္လာျပီျဖစ္တယ္လို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။ စကိုင္းစေပါ့ အီတလီက အဆိုအရ ေဆြးေႏြးမႈဟာ အဓိက အေျခအေနကို ေရာက္ရွိေနျပီျဖစ္တယ္လို႔ သိရပါတယ္။ အေစာပိုင္းတုန္းက မန္စီးတီးအသင္းဟာ ယူရို ၆၅ သန္းနဲ႔ ကမ္းလွမ္းခဲ့ေပမယ့္ နာပိုလီအသင္းက ပယ္ခ်ခဲ့တာျဖစ္ပါတယ္။

ယခုအခါ နာပိုလီအသင္း ဥကၠဌ ဒီေလာ္ရန္တစ္က ယူရိုသန္း ၈၀ ေအာက္ ကို ေလ်ာ့ခ်ရန္ ျပင္ဆင္ေနပါတယ္။ဒါ့ေၾကာင့္ မန္စီးတီးအသင္းဟာ ေနာက္ဆံုးကမ္းလွမ္းမႈအျဖစ္ ယူရို ၆၈ သန္း နဲ႔ သန္း ၇၀ ၾကားကို ကမ္းလွမ္းျပီး အပိုဆုေၾကးအေနနဲ႔ ယူရို ၅ သန္း နဲ႔ ၇ သန္းၾကား ထပ္ျပီးေပးသြားရန္ ျပင္ဆင္ထားတာျဖစ္ပါတယ္။

မက္ဆီက ဘာစီလိုနာမွာ ေနာက္ထပ္ (၁) ႏွစ္ဆက္ေနမယ္လို႔ အတည္ျပဳသြားခဲ့ျပီးေနာက္ မန္စီးတီးအသင္းဟာ ကူလီဘလီကိုပဲ ေခၚယူရန္ လံုး၀ အာရံုျပန္စိုက္ေနပါျပီ။ ဒီေလာ္ရန္တစ္ဟာ ကူလီဘလီ ေနရာမွာ အစားထိုးရန္အတြက္ အာဆင္နယ္ေနာက္ခံလူ ဆိုခရာ႔တစ္ကို အေစာၾကီးကတည္းက ရည္ရြယ္ထားျပီးျပီ ျဖစ္ပါတယ္။