ကစားသမားသစ် ဗန်ဒီဘိတ်ခ်ကို မန်စီးတီးကွင်းလယ်လူ ဒီဘရူနီ နဲ့ နှိုင်းယှဉ်လိုက်တဲ့ ယူနိုက်တက်နောက်ခံလူဟောင်း ဖာဒီနန်

ယူနိုက်တက်အသင်းနောက်ခံလူဟောင်း ဖာဒီနန်က နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ ပထမဆုံးရောက်ရှိလာတဲ့ ကစားသမားသစ် ဗန်ဒီဘိတ်ခ်အနေနဲ့ အသင်းမှာ ဒီဘရူနီက မန်စီးတီးကွင်းလယ်မှာစွမ်းဆောင်နိုင်သလိုမျိုး စွမ်းဆောင် နိုင်မယ့်သူလို့ နှိုင်းယှဉ်ပြီးပြောဆိုခဲ့ပါတယ်။ ဗန်ဒီဘိတ်ဟာ ယူနိုက်တက်ကို ပြောင်းရွှေ့ကြေးပေါင် သန်း ၄၀နဲ့ ငါးနှစ်စာ ချုပ်ချုပ်ဆိုပြီး ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။


ပေါ့ဘာ၊ ဖာနန်ဒက်စ်တို့ ရှိနေတဲ့ ယူနိုက်တက်ကွင်းလယ်ဟာ ဗန်ဒီဘိတ်ခ်ရောက်လာတာကြောင့် ပိုပြီးတိုက်စစ်ကိုပံပိုးမှု ပြု လုပ်နိုင်မယ်လို့လည်း သတင်းတွေက ဖော်ပြနေတာကြတာပဲ ဖြစ်ပါတယ်။နောက်ခံလူဟောင်း ဖာဒီနန်က ယူနိုက်တက်ကို ရောက်လာတဲ့ ဗန်ဒီဘိတ်အနေနဲ့ ပြိုင်ဘက်မန်စီးတီးရဲ့ကွင်းလယ်မှာ ခြေစွမ်းပြနေတဲ့ ဒီဘရူနီလိုမျိုး ခြေစွမ်းပြနိုင်လိမ့်မယ် လို့ ယုံကြည်နေတာပဲ ဖြစ်ပါတယ်။


ဖာဒီနန်က “ လက်ရှိယူနိုက်တက်ရဲ့ကွင်းလယ်မှာ ကစားသမားကောင်းတွေရှိပေမယ့် ဗန်ဒီဘိတ်ကို ဘာကြောင့်ထပ်ခေါ်ခဲ့ သလဲဆိုရင် သူရဲ့စွမ်းဆောင်ရည်ကြောင့်ပါ။သူက ဂိုးလည်းသွင်းနိုင်သလို ဂိုးဖန်တီးမှုလည်းပြုလုပ်နိုင်ပါတယ်။ဒါအပြင် အေဂျက်မှာ သူကစားခဲ့တာကိုကြည့်ရင် သူရဲ့ဘောလုံးပါရမီကို တွေ့မြင်ရမှာပါ။ ယူနိုက်တက်အတွက် ဒီဘရူနီလိုမျိုးကစား သမားကို ရလိုက်သလိုက်ပါပဲ” လို့ ပြောခဲ့ပါတယ်။


ယူနိုက်တက်အသင်းဂိုးသမားဟောင်းတစ်ဦးဖြစ်ပြီး လက်ရှိမှာ အေဂျက်အသင်းရဲ့အမှုဆောင်ချုပ်လည်း ဖြစ်တဲ့ ဗန်ဒါဆား ကလည်း ဗန်ဒီဘိတ်ခ်ကို ခေါ်ယူခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောခဲ့တယ်လို့ သိရပါတယ်။ အသက် ၂၃ နှစ်ပဲ ရှိသေး တဲ့ ဗန်ဒီဘိတ်ခ်ဟာ အေဂျက်အတွက် ငါးရာသီအတွင်း ပြိုင်ပွဲစုံ ၁၇၅ ပွဲမှာ ၄၁ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၃၄ ကြိမ်အထိပြုလုပ် နိုင်ခဲ့တဲ့သူလည်း ဖြစ်ပါတယ်။

zawgyi version

ကစားသမားသစ္ ဗန္ဒီဘိတ္ခ္ကို မန္စီးတီးကြင္းလယ္လူ ဒီဘ႐ူနီ နဲ႔ ႏႈိင္းယွဥ္လိုက္တဲ့ ယူႏိုက္တက္ေနာက္ခံလူေဟာင္း ဖာဒီနန္
ယူႏိုက္တက္အသင္းေနာက္ခံလူေဟာင္း ဖာဒီနန္က ေႏြရာသီအေျပာင္းအေရႊ႕ေစ်းကြက္မွာ ပထမဆံုးေရာက္ရွိလာတဲ့ ကစားသမားသစ္ ဗန္ဒီဘိတ္ခ္အေနနဲ႔ အသင္းမွာ ဒီဘ႐ူနီက မန္စီးတီးကြင္းလယ္မွာစြမ္းေဆာင္ႏိုင္သလိုမ်ိဳး စြမ္းေဆာင္ ႏိုင္မယ့္သူလို႔ ႏႈိင္းယွဥ္ၿပီးေျပာဆိုခဲ့ပါတယ္။ ဗန္ဒီဘိတ္ဟာ ယူႏိုက္တက္ကို ေျပာင္းေရႊ႕ေၾကးေပါင္ သန္း ၄၀နဲ႔ ငါးႏွစ္စာ ခ်ဳပ္ခ်ဳပ္ဆိုၿပီး ေရာက္ရွိလာခဲ့တာ ျဖစ္ပါတယ္။
ေပါ့ဘာ၊ ဖာနန္ဒက္စ္တို႔ ရွိေနတဲ့ ယူႏိုက္တက္ကြင္းလယ္ဟာ ဗန္ဒီဘိတ္ခ္ေရာက္လာတာေၾကာင့္ ပိုၿပီးတိုက္စစ္ကိုပံပိုးမႈ ျပဳ လုပ္ႏိုင္မယ္လို႔လည္း သတင္းေတြက ေဖာ္ျပေနတာၾကတာပဲ ျဖစ္ပါတယ္။ေနာက္ခံလူေဟာင္း ဖာဒီနန္က ယူႏိုက္တက္ကို ေရာက္လာတဲ့ ဗန္ဒီဘိတ္အေနနဲ႔ ၿပိဳင္ဘက္မန္စီးတီးရဲ႕ကြင္းလယ္မွာ ေျခစြမ္းျပေနတဲ့ ဒီဘ႐ူနီလိုမ်ိဳး ေျခစြမ္းျပႏိုင္လိမ့္မယ္ လို႔ ယံုၾကည္ေနတာပဲ ျဖစ္ပါတယ္။
ဖာဒီနန္က “ လက္ရွိယူႏိုက္တက္ရဲ႕ကြင္းလယ္မွာ ကစားသမားေကာင္းေတြရွိေပမယ့္ ဗန္ဒီဘိတ္ကို ဘာေၾကာင့္ထပ္ေခၚခဲ့ သလဲဆိုရင္ သူရဲ႕စြမ္းေဆာင္ရည္ေၾကာင့္ပါ။သူက ဂိုးလည္းသြင္းႏိုင္သလို ဂိုးဖန္တီးမႈလည္းျပဳလုပ္ႏိုင္ပါတယ္။ဒါအျပင္ ေအဂ်က္မွာ သူကစားခဲ့တာကိုၾကည့္ရင္ သူရဲ႕ေဘာလံုးပါရမီကို ေတြ႕ျမင္ရမွာပါ။ ယူႏိုက္တက္အတြက္ ဒီဘ႐ူနီလိုမ်ိဳးကစား သမားကို ရလိုက္သလိုက္ပါပဲ” လို႔ ေျပာခဲ့ပါတယ္။
ယူႏိုက္တက္အသင္းဂိုးသမားေဟာင္းတစ္ဦးျဖစ္ၿပီး လက္ရွိမွာ ေအဂ်က္အသင္းရဲ႕အမႈေဆာင္ခ်ဳပ္လည္း ျဖစ္တဲ့ ဗန္ဒါဆား ကလည္း ဗန္ဒီဘိတ္ခ္ကို ေခၚယူခဲ့တဲ့အတြက္ ေက်းဇူးတင္ေၾကာင္း ေျပာခဲ့တယ္လို႔ သိရပါတယ္။ အသက္ ၂၃ ႏွစ္ပဲ ရွိေသး တဲ့ ဗန္ဒီဘိတ္ခ္ဟာ ေအဂ်က္အတြက္ ငါးရာသီအတြင္း ၿပိဳင္ပြဲစံု ၁၇၅ ပြဲမွာ ၄၁ ဂိုးသြင္းၿပီး ဂိုးဖန္တီးမႈ ၃၄ ႀကိမ္အထိျပဳလုပ္ ႏိုင္ခဲ့တဲ့သူလည္း ျဖစ္ပါတယ္။