အနာဂတ် မသေချာပေမယ့် အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်ကို ရောက်ရှိလာတဲ့ ယူနိုက်တက်က စမောလင်းနဲ့ ရိုဂျို

ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်ကနေ အခြားကလပ်အသင်းတွေကို အဌားနဲ့သွားရောက်ကစားခဲ့တဲ့ နောက်ခံလူတွေဖြစ်တဲ့ စမောလင်းနဲ့ ရိုဂျိုတို့ဟာ လာမယ့်ရာသီအတွက် အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်ကို လာရောက်ပူးပေါင်းခဲ့တယ်လို့ သိရ ပါတယ်။ စမောလင်းဟာ ပြီးခဲ့တဲ့ရာသီက ရိုးမားမှာအဌားနဲ့ကစားခဲ့ပြီး ခြေစွမ်းပြခဲ့တာကြောင့်အသင်းပြောင်းရွှေ့ဖို့သတင်း ထွက်ပေါ်နေတာဖြစ်ပြီး ရိုဂျိုကလည်း ပြီးခဲ့တဲ့နှစ်က အာဂျင်တီးနားကလပ် အက်တူဒီယန်တက်စ်မှာ အဌားနဲ့သွားကစားခဲ့ ရတာဖြစ်ပါတယ်။


အသက် ၃၀ နှစ်ရှိပြီဖြစ်တဲ့ ဒီကစားသမားနှစ်ယောက်အနေနဲ့ လာမယ့်ရာသီ ယူနိုက်တက်မှာ ဆက်ရှိဖို့အတွက် မသေချာ ပေမယ့် အသင်းရဲ့လေ့ကျင့်ရေးကွင်းဖြစ်တဲ့ ကာရင်တန်ကို ရောက်ရှိလာခဲ့ကြတာပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက အဌား လာကစားပြီး ခြေစွမ်းပြခဲ့တဲ့ စမောလင်းကို အပြီးသတ်ခေါ်ယူဖို့အတွက် ရိုးမားက စီစဉ်နေတာဖြစ်ပြီး ယူနိုက်တက် က လည်း ပေါင်သန်း ၂၀ အလိုရှိနေတယ်လို့ သိရပါတယ်။


နောက်ထပ်အသင်းပြောင်းရွှေ့ဖို့သတင်းတွေထွက်နေတဲ့ လင်ဂတ်လည်း လေ့ကျင့်ခန်းအစီအစဉ်ကို ရောက်ရှိလာတာဖြစ် ပြီး နေးရှင်းလိဂ်ပြိုင်ပွဲလူစာရင်းမှာ မပါတဲ့ကစားသမားတွေအားလုံးနီးပါး လာရောက်ခဲ့တယ်လို့ သိရပါတယ်။ ယူနိုက်တက် ဟာ နွေရာသီအပြောင်းအရွှေ့မှာ အေဂျက်က နယ်သာလန်လက်ရွေးစင်ကစားသမား ဗန်ဒီဘိတ်ခ်တစ်ယောက်တည်းကိုပဲ ခေါ်ယူရသေးတာဖြစ်ပြီး နောက်ခံလူတစ်ဦးခေါ်ယူဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။


ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်မှာ မထင်မှတ်ဘဲ ခြေစွမ်းပြနိုင်ခဲ့တာကြောင့် အသက် ၁၈ နှစ်သာရှိသေးပေမယ့် အင်္ဂလန် လက်ရွေးစင်အသင်းကြီးမှာ ရွေးချယ်ခံထားရတဲ့ ဂရင်းဝုဒ်အနေနဲ့လည်း အသင်းဖော် ရက်ရှ်ဖို့ဒ်နဲ့ အတူ ယူနိုက်တက်ရဲ့ ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်တွေကို လာရောက်ပူးပေါင်းနိုင်ခြင်း မရှိတာတွေ့ရပါတယ်။ နေးရှင်းလိဂ်ကြောင့် ယူနိုက် တက်ရဲ့ ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်ကို အရန်ကစားသမားအများစုသာ ရောက်ရှိခဲ့တယ်လို့လည်း သိရပါတယ်။

zawgyi version

အနာဂတ္ မေသခ်ာေပမယ့္ အသင္းရဲ႕ေလ့က်င့္ခန္းအစီအစဥ္ကို ေရာက္ရွိလာတဲ့ ယူႏိုက္တက္က စေမာလင္းနဲ႔ ႐ိုဂ်ိဳ
ၿပီးခဲ့တဲ့ရာသီက ယူႏိုက္တက္ကေန အျခားကလပ္အသင္းေတြကို အဌားနဲ႔သြားေရာက္ကစားခဲ့တဲ့ ေနာက္ခံလူေတြျဖစ္တဲ့ စေမာလင္းနဲ႔ ႐ိုဂ်ိဳတို႔ဟာ လာမယ့္ရာသီအတြက္ အသင္းရဲ႕ေလ့က်င့္ခန္းအစီအစဥ္ကို လာေရာက္ပူးေပါင္းခဲ့တယ္လို႔ သိရ ပါတယ္။ စေမာလင္းဟာ ၿပီးခဲ့တဲ့ရာသီက ႐ိုးမားမွာအဌားနဲ႔ကစားခဲ့ၿပီး ေျခစြမ္းျပခဲ့တာေၾကာင့္အသင္းေျပာင္းေရႊ႕ဖို႔သတင္း ထြက္ေပၚေနတာျဖစ္ၿပီး ႐ိုဂ်ိဳကလည္း ၿပီးခဲ့တဲ့ႏွစ္က အာဂ်င္တီးနားကလပ္ အက္တူဒီယန္တက္စ္မွာ အဌားနဲ႔သြားကစားခဲ့ ရတာျဖစ္ပါတယ္။
အသက္ ၃၀ ႏွစ္ရွိၿပီျဖစ္တဲ့ ဒီကစားသမားႏွစ္ေယာက္အေနနဲ႔ လာမယ့္ရာသီ ယူႏိုက္တက္မွာ ဆက္ရွိဖို႔အတြက္ မေသခ်ာ ေပမယ့္ အသင္းရဲ႕ေလ့က်င့္ေရးကြင္းျဖစ္တဲ့ ကာရင္တန္ကို ေရာက္ရွိလာခဲ့ၾကတာပဲ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ရာသီက အဌား လာကစားၿပီး ေျခစြမ္းျပခဲ့တဲ့ စေမာလင္းကို အၿပီးသတ္ေခၚယူဖို႔အတြက္ ႐ိုးမားက စီစဥ္ေနတာျဖစ္ၿပီး ယူႏိုက္တက္ က လည္း ေပါင္သန္း ၂၀ အလိုရွိေနတယ္လို႔ သိရပါတယ္။
ေနာက္ထပ္အသင္းေျပာင္းေရႊ႕ဖို႔သတင္းေတြထြက္ေနတဲ့ လင္ဂတ္လည္း ေလ့က်င့္ခန္းအစီအစဥ္ကို ေရာက္ရွိလာတာျဖစ္ ၿပီး ေနးရွင္းလိဂ္ၿပိဳင္ပြဲလူစာရင္းမွာ မပါတဲ့ကစားသမားေတြအားလံုးနီးပါး လာေရာက္ခဲ့တယ္လို႔ သိရပါတယ္။ ယူႏိုက္တက္ ဟာ ေႏြရာသီအေျပာင္းအေရႊ႕မွာ ေအဂ်က္က နယ္သာလန္လက္ေရြးစင္ကစားသမား ဗန္ဒီဘိတ္ခ္တစ္ေယာက္တည္းကိုပဲ ေခၚယူရေသးတာျဖစ္ၿပီး ေနာက္ခံလူတစ္ဦးေခၚယူဖို႔ ရွိေနတယ္လို႔လည္း သိရပါတယ္။
ၿပီးခဲ့တဲ့ရာသီက ယူႏိုက္တက္မွာ မထင္မွတ္ဘဲ ေျခစြမ္းျပႏိုင္ခဲ့တာေၾကာင့္ အသက္ ၁၈ ႏွစ္သာရွိေသးေပမယ့္ အဂၤလန္ လက္ေရြးစင္အသင္းႀကီးမွာ ေရြးခ်ယ္ခံထားရတဲ့ ဂရင္းဝုဒ္အေနနဲ႔လည္း အသင္းေဖာ္ ရက္ရွ္ဖို႔ဒ္နဲ႔ အတူ ယူႏိုက္တက္ရဲ႕ ရာသီႀကိဳေလ့က်င့္ခန္းအစီအစဥ္ေတြကို လာေရာက္ပူးေပါင္းႏိုင္ျခင္း မရွိတာေတြ႕ရပါတယ္။ ေနးရွင္းလိဂ္ေၾကာင့္ ယူႏိုက္ တက္ရဲ႕ ရာသီႀကိဳေလ့က်င့္ခန္းအစီအစဥ္ကို အရန္ကစားသမားအမ်ားစုသာ ေရာက္ရွိခဲ့တယ္လို႔လည္း သိရပါတယ္။