၂၀၂၀ ခုနှစ်အတွက် PFA ရဲ့ ပဏာမ ၆ ဦးစာရင်းထွက်လာရာမှာ လီဗာပူးက ၄ ဦးနဲ့ မန်စီးတီးက ၂ ဦး ဖြစ်နေ

ပရော်ဖက်နယ်ဘောလုံးအဖွဲ့ချုပ်က ချီးမြင့်တဲ့ အကောင်းဆုံးဘောလုံးသမားဆု (PFA Award) အတွက် ပဏာမ ၆ ဦး စာရင်းထွက်လာရာမှာတော့ ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်ခဲ့တဲ့ လီဗာပူးကစားသမား ၄ ဦးနဲ့ ဒုတိယရခဲ့တဲ့ မန်စီးတီးကစား သမား ၂ ဦးပါဝင်ခဲ့တယ်လို့ သိရပါတယ်။ လူငယ်အကောင်းဆုံး ကစားသမားဆုအတွက်က ယူနိုက်တက်အသင်းတိုက်စစ် မှူး ရက်ရှ်ဖို့ဒ်က ရေပန်းအစားဆုံးဖြစ်နေပါတယ်။


PFA ရဲ့ ပဏာမ ၆ ဦးစာရင်းမှာ ပါဝင်ကစားခဲ့တဲ့ လီဗာပူးကစားသမား ၄ ဦးက ပြီးခဲ့တဲ့နှစ်က အကောင်းဆုံးကစားသမား ဆုရခဲ့ ဗန်ဒိုက်၊ အသင်းခေါင်းဆောင် ဟန်ဒါဆန်၊ တိုက်စစ်မှူး မာနေးနဲ့ နောက်ခံလူ အာနိုးလ်တို့ပဲ ဖြစ်ပါတယ်။ မန်စီးတီး က နေပါဝင်ခဲ့တဲ့ ၂ဦးကတော့ ကွင်းလယ်လူတွေဖြစ်တဲ့ ဒီဘရူနီနဲ့ စတာလင်းတို့ပဲ ဖြစ်ပါတယ်။ဆန်ကာတင်စာရင်းမှာ ပါတဲ့ လီဗာပူးကစားသမား ၄ ဦးထဲက တစ်ဦးဦးရခဲ့မယ်ဆိုရင် PFA အကောင်းဆုံးကစားသမားဆုကို လီဗာပူးကစားသမားတွေ အနေနဲ့ နောက်ဆုံး ၃ နှစ်ဆက်ရယူနိုင်မှာ ဖြစ်ပါတယ်။


PFA ရဲ့တာဝန်ရှိသူတွေကတော သူတို့ရဲ့တရားဝင်ဝက်ဘ်ဆိုဒ်ကနေတဆင့် “ အင်္ဂလန်နောက်ခံလူ အာနိုးလ်နဲ့ ဗန်ဒိုက်တို့ က ပြီးခဲ့တဲ့ရာသီမှာ လိဂ်ပွဲစဉ်တွေအားလုံးပါဝင်ကစားခွင့်ရခဲ့ပါတယ်။ လီဗာပူးအသင်းခေါင်းဆောင်ဖြစ်တဲ့ ဟန်ဒါဆန်က လည်း အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ပြီး မာနေးကတော့ပြိုင်ပွဲစုံမှာ သွင်းဂိုး ၂၂ဂိုးအထိသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီဘရူနီ က သူရဲ့တစ်ဦးချင်းထူးချွန်မှုတွေကို ပြသနိုင်ခဲ့ပြီး စတာလင်းကတော့ ပြိုင်ပွဲစုံမှာ ၃၅ ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်” လို့ပြော ခဲ့ပါတယ်။


PFA ရဲ့အကောင်းဆုံးလူငယ်ကစားသမားဆုစာရင်းမှာလည်း လီဗာပူးနောက်ခံလူဖြစ်တဲ့ အာနိုးလ်က ပါဝင်နေပြီး ယူနိုက် တက်က ရှက်ရှ်ဖို့ဒ်နဲ့ ဂရင်းဝုဒ်၊ ချဲလ်ဆီးက အေဘရာဟမ်နဲ့ မာဆင့်မောင့်၊ အာဆင်နယ်က ဆာကာတို့က ပဏာမ ၆ ဦးအ ဖြစ်ရှိနေတာပဲ ဖြစ်ပါတယ်။ PFA ရဲ့ အကောင်းဆုံးဆုကိုတော့ လာမယ့်အင်္ဂါနေ့မှာ ချီးမြှင့်မှာဖြစ်တယ်လို့ သိရပါတယ်။

zawgyi version

၂၀၂၀ ခုႏွစ္အတြက္ PFA ရဲ႕ ပဏာမ ၆ ဦးစာရင္းထြက္လာရာမွာ လီဗာပူးက ၄ ဦးနဲ႔ မန္စီးတီးက ၂ ဦး ျဖစ္ေန
ပေရာ္ဖက္နယ္ေဘာလံုးအဖြဲ႕ခ်ဳပ္က ခ်ီးျမင့္တဲ့ အေကာင္းဆံုးေဘာလံုးသမားဆု (PFA Award) အတြက္ ပဏာမ ၆ ဦး စာရင္းထြက္လာရာမွာေတာ့ ပရီးမီးယားလိဂ္ခ်န္ပီယံ ျဖစ္ခဲ့တဲ့ လီဗာပူးကစားသမား ၄ ဦးနဲ႔ ဒုတိယရခဲ့တဲ့ မန္စီးတီးကစား သမား ၂ ဦးပါဝင္ခဲ့တယ္လို႔ သိရပါတယ္။ လူငယ္အေကာင္းဆံုး ကစားသမားဆုအတြက္က ယူႏိုက္တက္အသင္းတိုက္စစ္ မွဴး ရက္ရွ္ဖို႔ဒ္က ေရပန္းအစားဆံုးျဖစ္ေနပါတယ္။
PFA ရဲ႕ ပဏာမ ၆ ဦးစာရင္းမွာ ပါဝင္ကစားခဲ့တဲ့ လီဗာပူးကစားသမား ၄ ဦးက ၿပီးခဲ့တဲ့ႏွစ္က အေကာင္းဆံုးကစားသမား ဆုရခဲ့ ဗန္ဒိုက္၊ အသင္းေခါင္းေဆာင္ ဟန္ဒါဆန္၊ တိုက္စစ္မွဴး မာေနးနဲ႔ ေနာက္ခံလူ အာႏိုးလ္တို႔ပဲ ျဖစ္ပါတယ္။ မန္စီးတီး က ေနပါဝင္ခဲ့တဲ့ ၂ဦးကေတာ့ ကြင္းလယ္လူေတြျဖစ္တဲ့ ဒီဘ႐ူနီနဲ႔ စတာလင္းတို႔ပဲ ျဖစ္ပါတယ္။ဆန္ကာတင္စာရင္းမွာ ပါတဲ့ လီဗာပူးကစားသမား ၄ ဦးထဲက တစ္ဦးဦးရခဲ့မယ္ဆိုရင္ PFA အေကာင္းဆံုးကစားသမားဆုကို လီဗာပူးကစားသမားေတြ အေနနဲ႔ ေနာက္ဆံုး ၃ ႏွစ္ဆက္ရယူႏိုင္မွာ ျဖစ္ပါတယ္။
PFA ရဲ႕တာဝန္ရွိသူေတြကေတာ သူတို႔ရဲ႕တရားဝင္ဝက္ဘ္ဆိုဒ္ကေနတဆင့္ “ အဂၤလန္ေနာက္ခံလူ အာႏိုးလ္နဲ႔ ဗန္ဒိုက္တို႔ က ၿပီးခဲ့တဲ့ရာသီမွာ လိဂ္ပြဲစဥ္ေတြအားလံုးပါဝင္ကစားခြင့္ရခဲ့ပါတယ္။ လီဗာပူးအသင္းေခါင္းေဆာင္ျဖစ္တဲ့ ဟန္ဒါဆန္က လည္း အေကာင္းဆံုးေျခစြမ္းျပႏိုင္ခဲ့ၿပီး မာေနးကေတာ့ၿပိဳင္ပြဲစံုမွာ သြင္းဂိုး ၂၂ဂိုးအထိသြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒီဘ႐ူနီ က သူရဲ႕တစ္ဦးခ်င္းထူးခၽြန္မႈေတြကို ျပသႏိုင္ခဲ့ၿပီး စတာလင္းကေတာ့ ၿပိဳင္ပြဲစံုမွာ ၃၅ ဂိုးအထိသြင္းယူႏိုင္ခဲ့ပါတယ္” လို႔ေျပာ ခဲ့ပါတယ္။
PFA ရဲ႕အေကာင္းဆံုးလူငယ္ကစားသမားဆုစာရင္းမွာလည္း လီဗာပူးေနာက္ခံလူျဖစ္တဲ့ အာႏိုးလ္က ပါဝင္ေနၿပီး ယူႏိုက္ တက္က ရွက္ရွ္ဖို႔ဒ္နဲ႔ ဂရင္းဝုဒ္၊ ခ်ဲလ္ဆီးက ေအဘရာဟမ္နဲ႔ မာဆင့္ေမာင့္၊ အာဆင္နယ္က ဆာကာတို႔က ပဏာမ ၆ ဦးအ ျဖစ္ရွိေနတာပဲ ျဖစ္ပါတယ္။ PFA ရဲ႕ အေကာင္းဆံုးဆုကိုေတာ့ လာမယ့္အဂၤါေန႔မွာ ခ်ီးႁမွင့္မွာျဖစ္တယ္လို႔ သိရပါတယ္။