နွေရာသီအပြောင်းအရွှေ့မှာ ကစားသမား ၆ ဦးအထိ ခေါ်ယူထားပေမယ့် နောက်ထပ် ၂ဦးထပ်ခေါ်ဦးမယ့် ချဲလ်ဆီး

ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးဟာ အပြောင်းအရွှေ့ဈေးကွက်မှာ ဦးစားပေးပစ်မှတ်ဖြစ်တဲ့ လေဗာကူဆင်က ကိုင်ဟာ ဗက်ဇ်ကို အပြီးသတ်ခေါ်ယူနိုင်ခဲ့ပြီးနောက် နွေရာသီအပြောင်းအရွှေ့အတွင်း ကစားသမား ၆ဦးအထိခေါ်ယူနိုင်ထားပြီ ဖြစ် ပေမယ့် နောက်ထပ်ကစားသမား ၂ ဦးလောက်ခေါ်ယူပြီးမှ အပြောင်းအရွှေ့စာရင်းကို ပိတ်သိမ်းမှာဖြစ်တယ်လို့ သတင်း တွေက ဖော်ပြခဲ့ပါတယ်။


နွေရာသီအပြောင်းအရွှေ့ဈေးကွက်အတွင်း ချဲလ်ဆီးဟာ တီမိုဝါနာ၊ဇီယက်၊ ဘင်ချီဝဲလ်၊ သီယာဂိုဆေးလ်ဗား၊ မာလန်ဆား နဲ့ ကိုင်ဟာဗက်ဇ် တို့ကိုခေါ်ယူထားခဲ့တာဖြစ်ပြီး ဈေးကွက်ဖွင့်နေချိန်အတွင်းမှာ ရန်းနက်စ်ဂိုးသမား မန်ဒီနဲ့ ဝက်စ်ဟမ်း ကွင်းလယ်လူ ဒီကလန်ရိုက်စ် တို့ကို ထပ်မံခေါ်ယူဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာ ကစားသမား ၆ ဦးအထိခေါ်ယူထားတဲ့ ချဲလ်ဆီးဟာ အပြောင်းအရွှေ့ဈေးကွက်မှာ ပေါင်သန်း ၂၀၀ ကျော်သုံးစွဲထားတာ ဖြစ်ပါတယ်။


အသက် ၂၁ နှစ်သာရှိသေးတဲ့ ဂျာမနီလက်ရွေးစင် ကိုင်ဟာဗက်ဇ်ကို ကလပ်ရဲ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့တဲ့ ချဲလ်ဆီးနည်းပြအနေနဲ့ ဂိုးသမားကီပါရဲ့နေရာအတွက် ဂိုးသမားတစ်ဦးကို ရှာဖွေနေတာဖြစ်ပြီး ရန်းနက်စ်ဂိုးသမား မန်ဒီကို ပေါင် ၁၅ သန်းခေါ်ယူဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ လမ်းပတ်ဟာ အေဂျက်ဂိုးသမား အိုနာနာကိုလည်း ခေါ်ယူဖို့ ကမ်း လှမ်းခဲ့ဖူးတယ်လို့ သိရပါတယ်။


အင်တာမီလန်အသင်းကိုပြောင်းရွှေ့ဖို့ သတင်းတွေထွက်နေတဲ့ ကွင်းလယ်လူ ကန်တီရဲ့နေရာအတွက်တော့ လမ်းပတ်ဟာ ဝက်စ်ဟမ်းကွင်းလယ်လူ ဒီကလန်ရိုက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာပဲ ဖြစ်ပါတယ်။ ချဲလ်ဆီးမှာ ကွင်းလယ်ကစား သမားတွေ အများကြီးရှိပေမယ့် ကွင်းလယ်အဖျက်နေရာမှာ ကစားနိုင်တဲ့သူမရှိတာကြောင့် ကွင်းလယ်အဖျက်ရော၊ဗဟို နောက်ခံလူအဖြစ်ပါ ကစားနိုင်တဲ့ ဒီကလန်ရိုက်ကို လမ်းပတ်က ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။

zawgyi version

ေႏြရာသီအေျပာင္းအေရႊ႕မွာ ကစားသမား ၆ ဦးအထိ ေခၚယူထားေပမယ့္ ေနာက္ထပ္ ၂ဦးထပ္ေခၚဦးမယ့္ ခ်ဲလ္ဆီး
ပရီးမီးယားလိဂ္ကလပ္ ခ်ဲလ္ဆီးဟာ အေျပာင္းအေရႊ႕ေစ်းကြက္မွာ ဦးစားေပးပစ္မွတ္ျဖစ္တဲ့ ေလဗာကူဆင္က ကိုင္ဟာ ဗက္ဇ္ကို အၿပီးသတ္ေခၚယူႏိုင္ခဲ့ၿပီးေနာက္ ေႏြရာသီအေျပာင္းအေရႊ႕အတြင္း ကစားသမား ၆ဦးအထိေခၚယူႏိုင္ထားၿပီ ျဖစ္ ေပမယ့္ ေနာက္ထပ္ကစားသမား ၂ ဦးေလာက္ေခၚယူၿပီးမွ အေျပာင္းအေရႊ႕စာရင္းကို ပိတ္သိမ္းမွာျဖစ္တယ္လို႔ သတင္း ေတြက ေဖာ္ျပခဲ့ပါတယ္။
ေႏြရာသီအေျပာင္းအေရႊ႕ေစ်းကြက္အတြင္း ခ်ဲလ္ဆီးဟာ တီမိုဝါနာ၊ဇီယက္၊ ဘင္ခ်ီဝဲလ္၊ သီယာဂိုေဆးလ္ဗား၊ မာလန္ဆား နဲ႔ ကိုင္ဟာဗက္ဇ္ တို႔ကိုေခၚယူထားခဲ့တာျဖစ္ၿပီး ေစ်းကြက္ဖြင့္ေနခ်ိန္အတြင္းမွာ ရန္းနက္စ္ဂိုးသမား မန္ဒီနဲ႔ ဝက္စ္ဟမ္း ကြင္းလယ္လူ ဒီကလန္႐ိုက္စ္ တို႔ကို ထပ္မံေခၚယူဖို႔ လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။ လက္ရွိအခ်ိန္မွာ ကစားသမား ၆ ဦးအထိေခၚယူထားတဲ့ ခ်ဲလ္ဆီးဟာ အေျပာင္းအေရႊ႕ေစ်းကြက္မွာ ေပါင္သန္း ၂၀၀ ေက်ာ္သံုးစြဲထားတာ ျဖစ္ပါတယ္။
အသက္ ၂၁ ႏွစ္သာရွိေသးတဲ့ ဂ်ာမနီလက္ေရြးစင္ ကိုင္ဟာဗက္ဇ္ကို ကလပ္ရဲ႕စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူႏိုင္ခဲ့တဲ့ ခ်ဲလ္ဆီးနည္းျပအေနနဲ႔ ဂိုးသမားကီပါရဲ႕ေနရာအတြက္ ဂိုးသမားတစ္ဦးကို ရွာေဖြေနတာျဖစ္ၿပီး ရန္းနက္စ္ဂိုးသမား မန္ဒီကို ေပါင္ ၁၅ သန္းေခၚယူဖို႔ စီစဥ္ေနတယ္လို႔ သိရပါတယ္။ လမ္းပတ္ဟာ ေအဂ်က္ဂိုးသမား အိုနာနာကိုလည္း ေခၚယူဖို႔ ကမ္း လွမ္းခဲ့ဖူးတယ္လို႔ သိရပါတယ္။
အင္တာမီလန္အသင္းကိုေျပာင္းေရႊ႕ဖို႔ သတင္းေတြထြက္ေနတဲ့ ကြင္းလယ္လူ ကန္တီရဲ႕ေနရာအတြက္ေတာ့ လမ္းပတ္ဟာ ဝက္စ္ဟမ္းကြင္းလယ္လူ ဒီကလန္႐ိုက္စ္ကို ေခၚယူဖို႔ စိတ္ဝင္စားေနတာပဲ ျဖစ္ပါတယ္။ ခ်ဲလ္ဆီးမွာ ကြင္းလယ္ကစား သမားေတြ အမ်ားႀကီးရွိေပမယ့္ ကြင္းလယ္အဖ်က္ေနရာမွာ ကစားႏိုင္တဲ့သူမရွိတာေၾကာင့္ ကြင္းလယ္အဖ်က္ေရာ၊ဗဟို ေနာက္ခံလူအျဖစ္ပါ ကစားႏိုင္တဲ့ ဒီကလန္႐ိုက္ကို လမ္းပတ္က ေခၚယူခ်င္ေနတာ ျဖစ္ပါတယ္။