စီဘယ်လိုစ့်ကို ရီးရဲလ်မက်ဒရစ်အသင်းဆီကနေ အငှားနဲ့ ထပ်မံခေါ်ယူလိုက်တဲ့ အာဆင်နယ်အသင်း

အာဆင်နယ်အသင်းဟာ ကွင်းလယ်လူ စီဘယ်လိုစ့်ကို ရီးရဲလ်မက်ဒရစ်အသင်းဆီကနေ နောက်ထပ် (၁) နှစ် အငှားနဲ့ ထပ်မံခေါ်ယူလိုက်ပြီဖြစ်ပါတယ်။ စပိန်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီ ဒုတိယ ရာသီဝက်မှာ နည်းပြ အာတီတာ နဲ့အတူ အာဆင်နယ်အသင်းကို အက်ဖ်အေဖလား ရရှိအောင် ကူညီစွမ်းဆောင်ပေးခဲ့သူပါ။ စီဘယ်လိုစ့်ဟာ ရီးရဲလ်ဘက်တစ်ကို ပြန်သွားမယ်ဆိုပြီး သတင်းထွက်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ အာဆင်နယ်အသင်းဆီ ပြန်လည်ရောက်ရှိလာပြီ ဖြစ်ပါတယ်။

အသက် ၂၄ နှစ်အရွယ်ကစားသမားဟာ အာဆင်နယ်အသင်းမှာ ကျောနံပါတ် (၈) ကိုပဲ ဝတ်ဆင်သွားမှာပါ။ စီဘယ်လိုစ့်ဟာ ပြီးခဲ့တဲ့ရာသီက ဘန်လေအသင်းနဲ့ ပထမဆုံးပွဲဦးထွက်(၂) ဂိုးဖန်တီးပေးခဲ့ပေမယ့် နောက်ပိုင်းမှာ ခက်ခဲတဲ့အချိန်ကာလကို ဖြတ်သန်းခဲ့ရပါတယ်။ သို့သော်လည်း အသင်းကို အာတီတာ ရောက်ရှိလာပြီးချိန်မှာ စီဘယ်လိုစ့်ရဲ့ အရည်အချင်းတွေ ထွက်ပေါ်လာပြီးနောက် အသင်းရဲ့ အဓိက ကစားသမား တစ်ယောက်ဖြစ်လာပါတယ်။

အာတီတာက “ဒန်နီက မနှစ်က ကျွန်တော်တို့ အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ယောက်ဖြစ်ခဲ့ပြီး ပုံစံကောင်းပြသခဲ့သူပါ။ ဒန်နီရဲ့ စိတ်ဓာတ်ကို ကျွန်တော် ကြိုက်ပါတယ်။ ပြီးတော့သူဟာ အရည်အချင်းရှိတဲ့ကစားသမားတစ်ယောက်ပါ။ သူပြန်လာတာကို ကျွန်တော်တို့ အားလုံးဝမ်းသာပါတယ်” လို့ အသင်းရဲ့ တရားဝင်ဝက်ဘ်ဆိုဒ်ကို ပြောသွားခဲ့ပါတယ်။

စီဘယ်လိုစ့်ဟာ ပြီးခဲ့တဲ့ရာသီက အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ (၃၇) ပွဲကစားခဲ့သူဖြစ်ပါတယ်။ သူဟာ နောက်နွေရာသီမှာ ကစားသမား ယူရို ၂၀၂၁ စပိန်လက်ရွေးစင်အသင်းအတွက် ပါဝင်ကစားခွင့်ရရန် ပုံမှန်ပွဲကစားခွင့် လိုအပ်နေပါတယ်။ ယခုလက်ရှိကစားနေတဲ့ စပိန်လက်ရွေးစင်အသင်းရဲ့ နေရှင်းလိဂ်ပြိုင်ပွဲမှာ သူဟာ ရွေးချယ်ခြင်း မခံခဲ့ရပါဘူး။ အာဆင်နယ်အသင်းဟာ ဝီလီယံ နဲ့ ဗဟိုနောက်ခံလူ ဂါဘရီရယ်လ်တို့ကိုလည်း ဒီနွေရာသီအပြောင်းအရွှေ့မှာ ခေါ်ယူနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

စီဘယ္လိုစ့္ကို ရီးရဲလ္မက္ဒရစ္အသင္းဆီကေန အငွားနဲ႔ ထပ္မံေခၚယူလိုက္တဲ့ အာဆင္နယ္အသင္း

အာဆင္နယ္အသင္းဟာ ကြင္းလယ္လူ စီဘယ္လိုစ့္ကို ရီးရဲလ္မက္ဒရစ္အသင္းဆီကေန ေနာက္ထပ္ (၁) ႏွစ္ အငွားနဲ႔ ထပ္မံေခၚယူလိုက္ျပီျဖစ္ပါတယ္။ စပိန္ကစားသမားဟာ ျပီးခဲ့တဲ့ရာသီ ဒုတိယ ရာသီ၀က္မွာ နည္းျပ အာတီတာ နဲ႔အတူ အာဆင္နယ္အသင္းကို အက္ဖ္ေအဖလား ရရွိေအာင္ ကူညီစြမ္းေဆာင္ေပးခဲ့သူပါ။ စီဘယ္လိုစ့္ဟာ ရီးရဲလ္ဘက္တစ္ကို ျပန္သြားမယ္ဆိုျပီး သတင္းထြက္ခဲ့ေပမယ့္ ေနာက္ဆံုးမွာေတာ့ အာဆင္နယ္အသင္းဆီ ျပန္လည္ေရာက္ရွိလာျပီ ျဖစ္ပါတယ္။

အသက္ ၂၄ ႏွစ္အရြယ္ကစားသမားဟာ အာဆင္နယ္အသင္းမွာ ေက်ာနံပါတ္ (၈) ကိုပဲ ၀တ္ဆင္သြားမွာပါ။ စီဘယ္လိုစ့္ဟာ ျပီးခဲ့တဲ့ရာသီက ဘန္ေလအသင္းနဲ႔ ပထမဆံုးပြဲဦးထြက္(၂) ဂိုးဖန္တီးေပးခဲ့ေပမယ့္ ေနာက္ပိုင္းမွာ ခက္ခဲတဲ့အခ်ိန္ကာလကို ျဖတ္သန္းခဲ့ရပါတယ္။ သို႔ေသာ္လည္း အသင္းကို အာတီတာ ေရာက္ရွိလာျပီးခ်ိန္မွာ စီဘယ္လိုစ့္ရဲ႕ အရည္အခ်င္းေတြ ထြက္ေပၚလာျပီးေနာက္ အသင္းရဲ႕ အဓိက ကစားသမား တစ္ေယာက္ျဖစ္လာပါတယ္။

အာတီတာက “ဒန္နီက မႏွစ္က ကၽြန္ေတာ္တို႔ အသင္းအတြက္ အေရးပါတဲ့ ကစားသမားတစ္ေယာက္ျဖစ္ခဲ့ျပီး ပံုစံေကာင္းျပသခဲ့သူပါ။ ဒန္နီရဲ႕ စိတ္ဓာတ္ကို ကၽြန္ေတာ္ ၾကိဳက္ပါတယ္။ ျပီးေတာ့သူဟာ အရည္အခ်င္းရွိတဲ့ကစားသမားတစ္ေယာက္ပါ။ သူျပန္လာတာကို ကၽြန္ေတာ္တို႔ အားလံုး၀မ္းသာပါတယ္” လို႔ အသင္းရဲ႕ တရား၀င္၀က္ဘ္ဆိုဒ္ကို ေျပာသြားခဲ့ပါတယ္။

စီဘယ္လိုစ့္ဟာ ျပီးခဲ့တဲ့ရာသီက အာဆင္နယ္အသင္းအတြက္ ျပိဳင္ပြဲစံု (၃၇) ပြဲကစားခဲ့သူျဖစ္ပါတယ္။ သူဟာ ေနာက္ေႏြရာသီမွာ ကစားသမား ယူရို ၂၀၂၁ စပိန္လက္ေရြးစင္အသင္းအတြက္ ပါ၀င္ကစားခြင့္ရရန္ ပံုမွန္ပြဲကစားခြင့္ လိုအပ္ေနပါတယ္။ ယခုလက္ရွိကစားေနတဲ့ စပိန္လက္ေရြးစင္အသင္းရဲ႕ ေနရွင္းလိဂ္ျပိဳင္ပြဲမွာ သူဟာ ေရြးခ်ယ္ျခင္း မခံခဲ့ရပါဘူး။ အာဆင္နယ္အသင္းဟာ ၀ီလီယံ နဲ႔ ဗဟိုေနာက္ခံလူ ဂါဘရီရယ္လ္တုိ႔ကိုလည္း ဒီေႏြရာသီအေျပာင္းအေရႊ႕မွာ ေခၚယူႏိုင္ခဲ့ျပီး ျဖစ္ပါတယ္။