ချဲလ်ဆီးအသင်းဆီ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၈၉ သန်း နဲ့ အပြီးသတ်ရောက်ရှိလာတဲ့ ကိုင်ဟာဗက်ဇ်

ချဲလ်ဆီးအသင်းဟာ ဂျာမနီလူငယ်ကြယ်ပွင့် ကိုင်ဟာဗက်ဇ်ကို လေဗာကူဆင်အသင်းဆီကနေ ပေါင် ၈၉ သန်းနဲ့ ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။ သူဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ချဲလ်ဆီးအသင်းရဲ့ (၆) ယောက်မြောက်ခေါ်ယူခဲ့တဲ့ ကစားသမားဖြစ်ပြီး စုစုပေါင်း ပေါင်သန်း ၂၃၀ အထိ အသုံးပြုထားပါတယ်။

အသက် ၂၁ နှစ်အရွယ်ကစားသမားဟာ ဗြိတိန်ရဲ့ ယူနိုက်တက်အသင်း ၂၀၁၆ခုနှစ်တုန်းက ပေါ့ဘာကို ပေးခဲ့ရတဲ့ တန်းကြေးနဲ့ တန်းတူသွားခဲ့တာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်က ရရှိခဲ့တဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးကတော့ လီဗာပူးလ်ကွင်းလယ်လူ ကော်တင်ဟို ဘာစီလိုနာကို ပေါင် ၁၄၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့တုန်း ရရှိခဲ့ပါတယ်။ ကိုင်ဟာဗက်ဇ်ဟာ ဂျာမနီကစားသမားသမိုင်းမှာ တန်ကြေးအမြင့်မားဆုံးကစားသမားဖြစ်သွားခဲ့ပါတယ်။

“ဒီမှာ ရှိနေခဲ့ရလို့ ကျွန်တော်အရမ်းပျော်ပြီး အရမ်းလည်း ဂုဏ်ယူမိပါတယ်။ ကျွန်တော့်အတွက်တော့ ချဲလ်ဆီးလို အသင်းကြီးမှာ ကစားရတာက အိပ်မက်တစ်ခုအမှန်ဖြစ်လာသလိုပါပဲ။ ကစားသမားတွေ နဲ့ နည်းပြတွေအားလုံးကို တွေ့ဖို့ မစောင့်နိုင်တော့ပါဘူး။ ဟုတ်ပါတယ်၊ ကျွန်တော် အရမ်းကို ပျော်နေပါတယ်” လို့ ကိုင်ဟာဗက်ဇ်က ပြောသွားခဲ့ပါတယ်။

ခ်ဲလ္ဆီးအသင္းဆီ ကလပ္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ေပါင္ ၈၉ သန္း နဲ႔ အျပီးသတ္ေရာက္ရွိလာတဲ့ ကိုင္ဟာဗက္ဇ္

ခ်ဲလ္ဆီးအသင္းဟာ ဂ်ာမနီလူငယ္ၾကယ္ပြင့္ ကိုင္ဟာဗက္ဇ္ကို ေလဗာကူဆင္အသင္းဆီကေန ေပါင္ ၈၉ သန္းနဲ႔ ေခၚယူလိုက္ျပီ ျဖစ္ပါတယ္။ သူဟာ ဒီေႏြရာသီ အေျပာင္းအေရႊ႕မွာ ခ်ဲလ္ဆီးအသင္းရဲ႕ (၆) ေယာက္ေျမာက္ေခၚယူခဲ့တဲ့ ကစားသမားျဖစ္ျပီး စုစုေပါင္း ေပါင္သန္း ၂၃၀ အထိ အသံုးျပဳထားပါတယ္။

အသက္ ၂၁ ႏွစ္အရြယ္ကစားသမားဟာ ျဗိတိန္ရဲဲ႕ ယူႏိုက္တက္အသင္း ၂၀၁၆ခုႏွစ္တုန္းက ေပါ့ဘာကို ေပးခဲ့ရတဲ့ တန္းေၾကးနဲ႔ တန္းတူသြားခဲ့တာျဖစ္ပါတယ္။ ပရီးမီးယားလိဂ္က ရရွိခဲ့တဲ့ စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးကေတာ့ လီဗာပူးလ္ကြင္းလယ္လူ ေကာ္တင္ဟို ဘာစီလိုနာကို ေပါင္ ၁၄၅ သန္းနဲ႔ ေျပာင္းေရႊ႕ခဲ့တုန္း ရရွိခဲ့ပါတယ္။ ကိုင္ဟာဗက္ဇ္ဟာ ဂ်ာမနီကစားသမားသမိုင္းမွာ တန္ေၾကးအျမင့္မားဆံုးကစားသမားျဖစ္သြားခဲ့ပါတယ္။

“ဒီမွာ ရွိေနခဲ့ရလို႔ ကၽြန္ေတာ္အရမ္းေပ်ာ္ျပီး အရမ္းလည္း ဂုဏ္ယူမိပါတယ္။ ကၽြန္ေတာ့္အတြက္ေတာ့ ခ်ဲလ္ဆီးလို အသင္းၾကီးမွာ ကစားရတာက အိပ္မက္တစ္ခုအမွန္ျဖစ္လာသလိုပါပဲ။ ကစားသမားေတြ နဲ႔ နည္းျပေတြအားလံုးကို ေတြ႕ဖို႔ မေစာင့္ႏိုင္ေတာ့ပါဘူး။ ဟုတ္ပါတယ္၊ ကၽြန္ေတာ္ အရမ္းကို ေပ်ာ္ေနပါတယ္” လို႔ ကိုင္ဟာဗက္ဇ္က ေျပာသြားခဲ့ပါတယ္။