ယူနိုက်တက်ဂိုးသမား ရိုမဲရိုးကို ခေါ်ယူရန် စိတ်ဝင်စားလာတဲ့ ချဲလ်ဆီးအသင်း

ချဲလ်ဆီးအသင်းဟာ ယူနိုက်တက်ဂိုးသမား ရိုမဲရိုးကို ခေါ်ယူရန် စိတ်ဝင်စားလာတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ချဲလ်ဆီးအသင်းက လက်ရှိ နံပါတ် (၁) ဂိုးသမား ဖြစ်တဲ့ ကီပါဟာ လက်စွမ်းမပြနိုင်လို့ နည်းပြလမ်းပတ်ဟာ ဈေးကွက်ထဲမှာ ဂိုးသမား အသစ်တစ်ယောက်ရှာဖွေနေတာ ဖြစ်ပါတယ်။ ကီပါဟာ ပြီးခဲ့တဲ့ရာသီက ဘီလ်ဘာအိုအသင်းကနေ ဂိုးသမား တစ်ယောက်အတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ရောက်လာသူဖြစ်ပေမယ့် ပရီးမီးယားလိဂ်မှာ ဂိုးပေါက်ကာကွယ်မှု အနည်းပါးဆုံး ဂိုးအဖြစ်ရပ်တည်ခဲ့ရပါတယ်။

ချဲလ်ဆီးအသင်းဟာ ရန်းနက်စ်အသင်းက အက်ဒွပ်မန်ဒီကိုလည်း စိတ်ဝင်စားနေပြီး အစောပိုင်းတုန်းက အိုဘလက်ခ်တို့ကိုလည်း ဆက်သွယ်ခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း The Athletic သတင်းဌာနက အဆိုအရ ချဲလ်ဆီးအသင်းဟာ ရိုမဲရိုးကို ခေါ်ယူမယ့် စာရင်းထဲကို ထည့်သွင်းခဲ့ပြီး ယူနိုက်တက်ကလည်း အာဂျင်တီးနား ဂိုးသမားအတွက် ကမ်းလှမ်းမှုတွေကို နားစွင့်နေတယ်လို့ သိရပါတယ်။

ရိုမဲရိုးဟာ အိုးထရက်ဖိုဒ့်မှာ (၅) နှစ်တာ အချိန်ကာလကို ဒီဂီယာရဲ့ အရန်အဖြစ် ဖြတ်သန်းခဲ့ရပြီး ယခုအခါ ရှက်ဖီးယူနိုက်တက်မှာ အငှားသွားရောက်ကစားနေတဲ့ ဟန်ဒါဆန်လည်း ပြန်ရောက်လာလို့ ပိုပြီး ကစားခွင့် နည်းပါလာတော့မှာ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ မန်ဒီအတွက် အနည်းဆုံး ပေါင် ၁၈ သန်းလောက် ကုန်ကျရမှာဖြစ်လို့ အသက် ၃၃ နှစ်အရွယ် ဂိုးသမား ရိုမဲရိုးက သူတို့အတွက် ပိုပြီး ဈေးသက်သာဖွယ်ရှိနေပါတယ်။

ချဲလ်ဆီးအသင်းဟာ ဒီနွေရာသီမှာ ပရီးမီးယားလိဂ်၌ ကစားသမားခေါ်ယူမှု အများဆုံးဖြစ်ပြီး ပေါင်သန်း ၂၀၀ ကျော်အထိ အသုံးပြုထားပြီးပြီ ဖြစ်ပါတယ်။ ဒါ့အပြင် လေဗာကူဆင်အသင်းက ကိုင်ဟာဗက်ဇ်ကိုလည်း အသင်းစံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူရန် သဘောတူညီမှု ရရှိထားပြီလို့ သိရပါတယ်။ လိဒ်ယူနိုက်တက်၊ အဲဗာတန် နဲ့ အက်စတွန်ဗီလာအသင်းတို့ကလည်း ရိုမဲရိုးကို ခေါ်ယူရန် စိတ်ဝင်စားနေတဲ့အသင်းတွေ ဖြစ်ပါတယ်။

ယူႏိုက္တက္ဂိုးသမား ရိုမဲရိုးကို ေခၚယူရန္ စိတ္၀င္စားလာတဲ့ ခ်ဲလ္ဆီးအသင္း

ခ်ဲလ္ဆီးအသင္းဟာ ယူႏိုက္တက္ဂိုးသမား ရိုမဲရိုးကို ေခၚယူရန္ စိတ္၀င္စားလာတယ္လို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။ ခ်ဲလ္ဆီးအသင္းက လက္ရွိ နံပါတ္ (၁) ဂိုးသမား ျဖစ္တဲ့ ကီပါဟာ လက္စြမ္းမျပႏိုင္လို႔ နည္းျပလမ္းပတ္ဟာ ေစ်းကြက္ထဲမွာ ဂိုးသမား အသစ္တစ္ေယာက္ရွာေဖြေနတာ ျဖစ္ပါတယ္။ ကီပါဟာ ျပီးခဲ့တဲ့ရာသီက ဘီလ္ဘာအိုအသင္းကေန ဂိုးသမား တစ္ေယာက္အတြက္ ကမာၻ႕စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔ ေရာက္လာသူျဖစ္ေပမယ့္ ပရီးမီးယားလိဂ္မွာ ဂိုးေပါက္ကာကြယ္မႈ အနည္းပါးဆံုး ဂိုးအျဖစ္ရပ္တည္ခဲ့ရပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ ရန္းနက္စ္အသင္းက အက္ဒြပ္မန္ဒီကိုလည္း စိတ္၀င္စားေနျပီး အေစာပိုင္းတုန္းက အိုဘလက္ခ္တို႔ကိုလည္း ဆက္သြယ္ခဲ့တာျဖစ္ပါတယ္။ သို႔ေသာ္လည္း The Athletic သတင္းဌာနက အဆိုအရ ခ်ဲလ္ဆီးအသင္းဟာ ရိုမဲရိုးကို ေခၚယူမယ့္ စာရင္းထဲကို ထည့္သြင္းခဲ့ျပီး ယူႏိုက္တက္ကလည္း အာဂ်င္တီးနား ဂိုးသမားအတြက္ ကမး္လွမး္မႈေတြကို နားစြင့္ေနတယ္လို႔ သိရပါတယ္။

ရိုမဲရိုးဟာ အိုးထရက္ဖိုဒ့္မွာ (၅) ႏွစ္တာ အခ်ိန္ကာလကို ဒီဂီယာရဲ႕ အရန္အျဖစ္ ျဖတ္သန္းခဲ့ရျပီး ယခုအခါ ရွက္ဖီးယူႏိုက္တက္မွာ အငွားသြားေရာက္ကစားေနတဲ့ ဟန္ဒါဆန္လည္း ျပန္ေရာက္လာလို႔ ပိုျပီး ကစားခြင့္ နည္းပါလာေတာ့မွာ ျဖစ္ပါတယ္။ ခ်ဲလ္ဆီးအသင္းဟာ မန္ဒီအတြက္ အနည္းဆံုး ေပါင္ ၁၈ သန္းေလာက္ ကုန္က်ရမွာျဖစ္လို႔ အသက္ ၃၃ ႏွစ္အရြယ္ ဂိုးသမား ရိုမဲရိုးက သူတို႔အတြက္ ပိုျပီး ေစ်းသက္သာဖြယ္ရွိေနပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ ဒီေႏြရာသီမွာ ပရီးမီးယားလိဂ္၌ ကစားသမားေခၚယူမႈ အမ်ားဆံုးျဖစ္ျပီး ေပါင္သန္း ၂၀၀ ေက်ာ္အထိ အသံုးျပဳထားျပီးျပီ ျဖစ္ပါတယ္။ ဒါ့အျပင္ ေလဗာကူဆင္အသင္းက ကိုင္ဟာဗက္ဇ္ကိုလည္း အသင္းစံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူရန္ သေဘာတူညီမႈ ရရွိထားျပီလို႔ သိရပါတယ္။ လိဒ္ယူႏိုက္တက္၊ အဲဗာတန္ နဲ႔ အက္စတြန္ဗီလာအသင္းတို႔ကလည္း ရိုမဲရိုးကို ေခၚယူရန္ စိတ္၀င္စားေနတဲ့အသင္းေတြ ျဖစ္ပါတယ္။