ယူနိုက်တက် တိုက်စစ်မှူး ဂရင်းဝုဒ် နောက်ရာသီမှာ ကျောနံပါတ် (၁၁) ကို ပြောင်းလဲ ဝတ်ဆင်မည်

ယူနိုက်တက် လူငယ်တိုက်စစ်မှူး ဂရင်းဝုဒ်ဟာ ၂၀၂၀-၂၁ ဘောလုံးရာသီမှာ ကျောနံပါတ် (၁၁) ကို ဝတ်ဆင်သွားမှာ ဖြစ်ပါတယ်။ အသက် ၁၈ နှစ်အရွယ်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီက ကျောနံပါတ် (၂၆) ကို ဝတ်ဆင်ခဲ့ပြီး ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ (၁၇) ဂိုးအထိ သွင်းယူပေးပြီး ခြေစွမ်းပြကစားခဲ့ပါတယ်။ ဂရင်းဝုဒ်ရဲ့ စွမ်းဆောင်ရည်တွေကြောင့် အင်္ဂလန်နည်းပြ ဆောက်ဂိတ်က စက်တင်ဘာလမှာ ကစားမယ့် နိုင်ငံလက်ရွေးစင်လူစာရင်းမှာ ရွေးချယ်ခံခဲ့ရပါတယ်။

နောက်ရာသီမှာလည်း တောင်ပံကစားသမားဟာ ယူနိုက်တက်ရဲ့ အဓိက အခန်းကဏ္ဍကနေ ပါဝင်ကစားခွင့်ရမယ်လို့ မျှော်လင့်နေသူဖြစ်ပါတယ်။ကျောနံပါတ် (၁၁) ကို ယူနိုက်တက်ဂန္တဝင် ရိုင်ယန်ဂစ်က ၂၅ နှစ်နီးပါး ဝတ်ဆင်ကစားသွားခဲ့ပါတယ်။ ဝေးလ်တောင်ပံကစားသမားဟာ ယူနိုက်တက်အတွက် ၁၉၉၁ ခုနှစ် နဲ့ ၂၀၁၄ ခုနှစ်အတွင်း ပွဲပေါင်း (၉၆၃) ပွဲကစားခဲ့ပြီး (၁၆၈) ဂိုးအထိ သွင်းယူပေးခဲ့သူဖြစ်ပါတယ်။

ပြီးခဲ့တဲ့ (၆) နှစ်က ရိုင်ယန်ဂစ် အနားယူပြီးနောက် ယူနိုက်တက်ဟာ ကျောနံပါတ် (၁၁) ကို ဂျာနူဇက်ကို (၂) နှစ် ဝတ်ဆင်ကစားစေခဲ့ပါတယ်။ အဲ့ဒီနောက်မှာ မော်ရင်ဟိုလက်ထက်မှာ အီဘရာဟီမိုဗစ် ရောက်လာလို့ မာရှယ်လ် က ကျောနံပါတ် (၉) ကနေ (၁၁) ကို ပြောင်းပြီး ဝတ်ဆင်ခဲ့ရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီက လူကာကူ ထွက်ခွာသွားပြီးနောက် မာရှယ်ဟာ ကျောနံပါတ် (၉) ပြန်လည်ရရှိခဲ့ပြီး နောက် ၂၀၁၉-၂၀ ဘောလုံးရာသီမှာ ကျောနံပါတ် (၁၁) ဟာ ပြန်လည် လစ်ဟာခဲ့ရပါတယ်။ ဂရင်းဝုဒ်ကျောနံပါတ် ပြောင်းလဲမှုဟာ နောက်ရာသီ ယူနိုက်တက်တိုက်စစ်မှာ မာရှယ်၊ ရပ်ရှ်ဖိုဒ့် နဲ့ ဂရင်းဝုဒ်တို့ (၃) ယောက်ဟာ ကျောနံပါတ် (၉၊၁၀ နဲ့ ၁၁)ကို အသီးသီး ဝတ်ဆင်ကစားသွားရမှာ ဖြစ်ပါတယ်။

ယူႏိုက္တက္ တိုက္စစ္မွဴး ဂရင္း၀ုဒ္ ေနာက္ရာသီမွာ ေက်ာနံပါတ္ (၁၁) ကို ေျပာင္းလဲ ၀တ္ဆင္မည္

ယူႏိုက္တက္ လူငယ္တိုက္စစ္မွဴး ဂရင္း၀ုဒ္ဟာ ၂၀၂၀-၂၁ ေဘာလံုးရာသီမွာ ေက်ာနံပါတ္ (၁၁) ကို ၀တ္ဆင္သြားမွာ ျဖစ္ပါတယ္။ အသက္ ၁၈ ႏွစ္အရြယ္ကစားသမားဟာ ျပီးခဲ့တဲ့ရာသီက ေက်ာနံပါတ္ (၂၆) ကို ၀တ္ဆင္ခဲ့ျပီး ယူႏိုက္တက္အသင္းအတြက္ ျပိဳင္ပြဲစံု (၁၇) ဂိုးအထိ သြင္းယူေပးျပီး ေျခစြမ္းျပကစားခဲ့ပါတယ္။ ဂရင္း၀ုဒ္ရဲ႕ စြမ္းေဆာင္ရည္ေတြေၾကာင့္ အဂၤလန္နည္းျပ ေဆာက္ဂိတ္က စက္တင္ဘာလမွာ ကစားမယ့္ ႏိုင္ငံလက္ေရြးစင္လူစာရင္းမွာ ေရြးခ်ယ္ခံခဲ့ရပါတယ္။

ေနာက္ရာသီမွာလည္း ေတာင္ပံကစားသမားဟာ ယူႏိုက္တက္ရဲ႕ အဓိက အခန္းက႑ကေန ပါ၀င္ကစားခြင့္ရမယ္လို႔ ေမွ်ာ္လင့္ေနသူျဖစ္ပါတယ္။ေက်ာနံပါတ္ (၁၁) ကို ယူႏိုက္တက္ဂႏၱ၀င္ ရိုင္ယန္ဂစ္က ၂၅ ႏွစ္နီးပါး ၀တ္ဆင္ကစားသြားခဲ့ပါတယ္။ ေ၀းလ္ေတာင္ပံကစားသမားဟာ ယူႏိုက္တက္အတြက္ ၁၉၉၁ ခုႏွစ္ နဲ႔ ၂၀၁၄ ခုႏွစ္အတြင္း ပြဲေပါင္း (၉၆၃) ပြဲကစားခဲ့ျပီး (၁၆၈) ဂိုးအထိ သြင္းယူေပးခဲ့သူျဖစ္ပါတယ္။

ျပီးခဲ့တဲ့ (၆) ႏွစ္က ရိုင္ယန္ဂစ္ အနားယူျပီးေနာက္ ယူႏိုက္တက္ဟာ ေက်ာနံပါတ္ (၁၁) ကို ဂ်ာႏူဇက္ကို (၂) ႏွစ္ ၀တ္ဆင္ကစားေစခဲ့ပါတယ္။ အဲ့ဒီေနာက္မွာ ေမာ္ရင္ဟိုလက္ထက္မွာ အီဘရာဟီမိုဗစ္ ေရာက္လာလို႔ မာရွယ္လ္ က ေက်ာနံပါတ္ (၉) ကေန (၁၁) ကို ေျပာင္းျပီး ၀တ္ဆင္ခဲ့ရတာျဖစ္ပါတယ္။

ျပီးခဲ့တဲ့ ေႏြရာသီက လူကာကူ ထြက္ခြာသြားျပီးေနာက္ မာရွယ္ဟာ ေက်ာနံပါတ္ (၉) ျပန္လည္ရရွိခဲ့ျပီး ေနာက္ ၂၀၁၉-၂၀ ေဘာလံုးရာသီမွာ ေက်ာနံပါတ္ (၁၁) ဟာ ျပန္လည္ လစ္ဟာခဲ့ရပါတယ္။ ဂရင္း၀ုဒ္ေက်ာနံပါတ္ ေျပာင္းလဲမႈဟာ ေနာက္ရာသီ ယူႏိုက္တက္တိုက္စစ္မွာ မာရွယ္၊ ရပ္ရွ္ဖိုဒ့္ နဲ႔ ဂရင္း၀ုဒ္တို႔ (၃) ေယာက္ဟာ ေက်ာနံပါတ္ (၉၊၁၀ နဲ႔ ၁၁)ကို အသီးသီး ၀တ္ဆင္ကစားသြားရမွာ ျဖစ္ပါတယ္။